Architecture

AutoCAD မှာကိုယ်ပိုင် Plot Style လုပ်နည်း

Autodesk AutoCAD Logo
AutoCAD မှာပုံဆွဲပြီး Print ထုတ်တဲ့အချိန်မှာ Line Wight လေးတွေကွဲပြီး Graphic Presentation လေးလှတပတလေးနဲ့ Print Drawing လေးရချင်ရင်တော့ Plot Style လုပ်ထားမှဖြစ်မှာပါ ကိုယ်ပိုင် Plot Style လုပ်ဖို့အတွက်အချိန်ပေးဖို့လဲလိုပါတယ် အရင်ဆုံး ကိုယ်အသုံးပြုမယ့် Layer တွေ အကုန်ကိုဖန်တီးထားဖို့လိုပါတယ် (ဥပမာ - A-Wall, A-Concrete, A-Windows, ...) အဲ့လိုလုပ်ပြီးသွားပြီဆိုရင် ကိုယ့် Layer တွေရဲ့အရောင်ရယ် ထူစေချင်တဲ့ ပမာဏရယ်ကိုမူတည်ပြီးတော့ Plot Style Table Editor ( *.ctb) မှာဝင်ပြင်ရမှာပါ (ပြင်ပြီးရင်တော့ ကိုယ်ကြိုက်တဲ့နာမည်နဲ့သိမ်းလိုက်လို့ရပါတယ်) Plot Style Table Editor ကို Print Layout Windows ကနေ အသစ်ခေါ်လိုရသလို C:\Program Files\Autodesk\AutoCAD 2012 - English\UserDataCache\Plotters\Plot Styles အောက်က အဆင်ပြေတဲ့ *.ctb တစ်ခုခုကိုပြင်လိုက်ပြီး Save As လုပ်လို့လဲရပါတယ် ကိုယ်လုပ်ပြီးတဲ့ .ctb ကိုလဲ C:\Program Files\Autodesk\AutoCAD 2012 - English\UserDataCache\Plotters\Plot Styles အောက်မှာထားပေးမှ Print ထုတ်တဲ့အချိန်မှာ Plot Style ရွေးစရာနေရာမှာပေါ်မှာပါ
ဘယ်အရောင်ဘယ်လောက်ထားဆိုတာထက် ကိုယ်တိုင်စမ်းကြည့်ကြပါ အရမ်းကြီးရှုပ်လှတယ်မဟုတ်ပါဘူး ကျနော်လုပ်ထားဖူးတဲ့ နမူနာ File ကပုံလေးတွေတင်ပေးထားပါမယ် ဘာမှမလုပ်ထားသေးတဲ့ ကိုယ့်စက်ထဲက Default *.ctb file တွေနဲ့ယှဉ်ကြည့်ကြည့်ပါ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်

AutoCAD CTB window


AutCAD CTB window




No comments:

Post a Comment