Blender Logo
Glass Materials ကသူ့မှာပါတဲ့ကောင်က သိပ်အဆင်မပြေသလိုပဲ sketchup ကနေသွင်းထားတဲ့ Model မှာသွားကပ်ရင် အဆင်မပြေဘူး မှန်အစစ်လိုမမြင်ရဘူး Material သပ်သပ်အနေနဲ့လုပ်မှအဆင်ပြေတယ် (နောက်ဆုံးတော့လဲ အသင့်ပါတာက ဂျင်းလိုဖြစ်နေတာပဲ :P ကိုယ်ပဲမလုပ်တတ်သေးလို့လားမသိ) Glass ဖြစ်အောင်လုပ်တာကလဲ သိပ်တော့မခက်ဖူး Principled BSDF ထဲက Metallic ကို 0.99 လောက်ထား Transmission ကို 1.0 ထား ကျန်တာအကုန်က default ပဲ အဲ့ဒါဆိုရင် မှန် ဖြစ်သွားပါပြီ ရေ ကတော့ နည်းနည်းစပြီး ရှုပ်တယ် Shader ၄ ခု Principled BSDF, Mix Shader, Add Shader and Glass BSDF တို့ကိုပေါင်းပြီးလုပ်ရတယ် Principled BSDF ကနေ Output အနေနဲ့ Mix Shader, Add Shader and Output သုံးခုကိုထွက်ပြီး Glass BSDF က Output အနေနဲ့ Add Shader ကိုသွားပေးထားရမယ် ရေးထားတာနည်းနည်းရှုပ်နေမယ်ထင်တယ် ပုံကိုသာကြည့်လိုက်ပါ
Blender Material Visual program window

Principled BSDF ရဲ့ Setting တွေကတော့ 
  • Surface -- 1.0
  • Metallic -- 0.661
  • Roughness -- 0.028
  • Clearcoat Roughness -- 0.03
  • Transmission -- 1.0
  • Transmission Roughness -- 1.0
Glass BSDF ရဲ့ Setting တွေကတော့ 
  • Roughness -- 0.2
  • IOR -- 1.45
ကျန်တာတွေကတော့ Default အတိုင်းပါပဲ ဒီမှာနမူနာပြထားတာတွေက နမူနာသက်သက်ပါပဲ ကိုယ်အဆင်ပြေမယ်ထင်သလို ချိန်ယူ ပြောင်းယူလို့ရပါတယ် ကျနော်လဲအခုမှလေ့လာစဆိုတော့ အမှားတွေလဲပါကောင်းပါနိုင်ပါတယ်