Indesign 2020 start window
Indesign 2020 မှာမြန်မာယူနီကုဒ်ဖောင့်တွေကုန် အလုပ်လုပ်သွားပြီဆိုတာ သိပြီးကြပြီလို့ထင်ပါတယ် မသိသေးရင်လဲ ဒီမှာသွားဖတ်ကြည့်ပါ အဲ့လိုယူနီကုဒ်ဖောင့်တွေ အလုပ်လုပ်ပေမယ် အရင်ကရေးထားတဲ့ file တွေကို font style ပြောင်းလိုက်ရင် အဆင်မပြေပဲနဲ့ စာတွေက render အလုပ်မလုပ်သလို ကမောက်ကမတွေဖြစ်နေတဲ့ ပြဿနာတော့ရှိပါတယ် (ဥပမာ အရင်က ယူနီကုဒ်ဖောင့်တွေ အလုပ်ကောင်းကောင်းမလုပ်ခင်က Pyidaungsu Book လိုဖောင့်နဲ့ရေးခဲ့တဲ့စာတွေ) အဲ့လိုမဖြစ်ဖို့အတွက် Paragraph Properties Tab (Ctrl + Alt + t) ကိုခေါ်ပြီး Option ထဲက Composer မှာ Adobe World-Ready Paragraph Composer ကိုရွေးပေးလိုက်ရင်ရပါပြီ

Indesign 2020 Paragraph properties window
Paragraph Properties Tab

Indesign 2020 Paragraph option
Option Tab