Architecture

D5 Render နဲ့ ကျနော်

D5 Render Logo view form D5 render web page.
တလေားက D5 Render ကို ဇွတ်တွေကြေငြာနေတာတွေ့ပြီး စမ်းကြည့်မယ်ဆိုပြီးရှာတော့ Site က Traffics များလို့ ကျသွားပြီး ဘာမှလုပ်မရတော့ဘူး အဲ့ဒါနဲ့ မေ့မေ့ပြောက်ပြောက်နေနေတာ ဒီနေ့မှသတိရလို့ပြန်ရှာလိုက်တော့ Beta Download ဆွဲလို့ရနေတာတွေ့တာနဲ့ Download လုပ် .. စမ်းမဟဲ့ဆိုပြီး အားခဲပြီး Install လုပ် ပြီတော့ဖွင့်လည်းဖွင့်လိုက်ရော Software အလုပ်လုပ်နိုင်ဖို့က NVIDIA GTX 1060 6GB ရှိမှပဲရမယ်ဆိုပြီ ဘာမှဘာလို့မရတော့ဘူး 😅 (Lower Hardware Req; တွေမှာအဆင်ပြေဖို့လဲလုပ်မယ်ပြောပေမယ် ထင်တော့မထင်လှပါဘူး) ကိုယ့်မှာ Lumion ကို Hardware Requirement များလှပြီထင်နေတာ သူ့မမီဘူး Requirement မီလို့စမ်းချင်ရင်တော့ https://www.d5techs.com/ မှာသွားပြီး Beta Download လုပ်လို့ရပါတယ် လောလောဆယ်မှာတော့ ဈေးဘယ်လောက်ရှိမယ်လို့လဲ မကြေငြာသေးပါဘူး Community Version ကို Free ပေးသုံးဖို့အစီအစဉ်ရှိတယ်လို့တော့ရေးထားတာတွေ့ပါတယ် လောလောဆယ်မှာ Windows 10 v 1809 နဲ့အထက် Graphic NVIDIA GTX 1060 6GB နဲ့အထက်ရှိမှပဲ စမ်းကြည့်လို့ရပါမယ် ဒါတောင် RTX ကိုပိုပြီ Recommend ပေးတယ်ဆိုပဲ စက်ကောင်းကောင်းရှိကြသူများစမ်းကြပါကုန် 😂

No comments:

Post a Comment

Blender

Blender မှတ်စုတိုများ - ၄

Blender Logo
Blender ထဲကို Sketchup နဲ့ဆွဲထားတဲ့ Model file import လုပ်မယ်ဆိုရင် COLLADA File (*.dae) ကိုပြောင်းပြီးမှ Import လုပ်တာပိုကောင်းပါတယ် ကျန်တာတွေနဲ့က သိပ်အဆင်မပြေဖြစ်တတ်တယ် လောလောဆယ်တွေ့မိသလောက်ကတော့ COLLADA File (*.dae) ကအဆင်အပြေဆုံးပါပဲ Dotted line တွေတော့ပါနေတယ် Render လုပ်တဲ့အချိန်မှာတော့မမြင်ရဘူး (.obj) နဲ့ Import လုပ်ရင် Dotted line တွေတော့မပါတော့ဘူး ဒါပေမယ် မြင်ကွင်းမှာ Model ကြီးတစ်ခုလုံးကိုမမြင်ရပဲနဲ့ Zoom အဝင်အထွက်လုပ်လိုက်တာနဲ့ တစ်ခုခုနဲ့ကွယ်သလိုဖြစ်နေတယ် ဘယ်နားသွားဖြောက်ရမယ့်ဆိုတာရှာမတွေ့သေးဘူး Sketchup မှာ Component or Group တွေအများကြီး ထပ်နေအောင်လုပ်ခဲ့ရင်လဲအဆင်မပြေဘူး (အများကြီးထပ်နေတယ်ဆိုတာက ပြတင်းပေါက်မှာပါတဲ့ Glass Materials ကပ်ထားတဲ့ Group က သူအပေါ်မှာ Group အများကြီး ထပ်ကာထပ်ကာလုပ်ထားတာမျိုး)
အပိုင်း -၃ မှာရေးထားတဲ့ Camera Setting နဲ့ပတ်သက်လို့က Exposure တော့တွေ့ပြီ V Ray မှာလို ISO and Shutter Speed တော့တွေ့သေးဘူး Exposure ကိုဝင်ပြင်လို့ရတော့တယ် Render Setting ထဲက Film ရယ် Color Management ရယ်အောက်မှာပါတယ် ဒါပေမယ့် Exposure အမှန်အတိုင်းထားပေးထားလို့ ဝင်ပြောင်းဖို့ လိုတော့မလိုပါဘူး ဒီအပိုင်းကတော့ ဒီလောက်ပါပဲ

No comments:

Post a Comment

Blender

Blender မှတ်စုတိုများ - ၃

Blender Logo
Camera ချိန်ရတာနည်းနည်းခက်တယ်လို့ခံစားရတယ် v ray မှာ ကင်မရာချိန်စရာမလိုတာကြောင့်လဲပါမယ်ထင်တယ် Camera Setting တွေကိုစိတ်ကြိုက်ထားလို့တော့မရဘူး (အခုလောလောဆယ်မသိသေးတာလားတော့လဲမသိ) သူ့ဖာသာ Auto ချိန်တယ် အလင်းများတယ်ထင်ရင် နေရောင်ကိုလျှော့တာမျိုး လင်းထွက်တဲ့ကောင်တစ်ခုခုရဲ့ အလင်းပြင်းအားကိုသွားလျှော့ပေးနေရတယ် Camera ကိုချိန်တဲ့အချိန်မှာ အပြင်ကတကယ် Camera ရဲ့ Lens တွေနဲ့ သူ့တို့ရဲ့ အလုပ်လုပ်ပုံကိုသိရင်ပိုအဆင်ပြေတယ် မကောင်းတာက iso တို့ဘာတို့ကိုစိတ်ကြိုက်ချိန်လို့မရဘူး  Light Source ထည့်တဲ့နေရာမှာလဲ v ray နဲ့မတူဘူး point light, ies light တို့ သပ်သပ်မရှိပဲနဲ့ Light ပဲရှိတယ် အဲ့ထဲကမှကိုယ်စိတ်ကြိုက်ပြန်ရွေးပေး point light ပေးထားပြီးမှ ies light ပြောင်းလို့ရသလို Sun Light လဲထားလို့ရတယ် All in one ပုံစံပဲ 😅 လွယ်တော့လွယ်တယ် ဒီနေ့တော့ဒီလောက်ပဲ

No comments:

Post a Comment

Architecture

AutoCAD မှာကိုယ်ပိုင် Plot Style လုပ်နည်း

Autodesk AutoCAD Logo
AutoCAD မှာပုံဆွဲပြီး Print ထုတ်တဲ့အချိန်မှာ Line Wight လေးတွေကွဲပြီး Graphic Presentation လေးလှတပတလေးနဲ့ Print Drawing လေးရချင်ရင်တော့ Plot Style လုပ်ထားမှဖြစ်မှာပါ ကိုယ်ပိုင် Plot Style လုပ်ဖို့အတွက်အချိန်ပေးဖို့လဲလိုပါတယ် အရင်ဆုံး ကိုယ်အသုံးပြုမယ့် Layer တွေ အကုန်ကိုဖန်တီးထားဖို့လိုပါတယ် (ဥပမာ - A-Wall, A-Concrete, A-Windows, ...) အဲ့လိုလုပ်ပြီးသွားပြီဆိုရင် ကိုယ့် Layer တွေရဲ့အရောင်ရယ် ထူစေချင်တဲ့ ပမာဏရယ်ကိုမူတည်ပြီးတော့ Plot Style Table Editor ( *.ctb) မှာဝင်ပြင်ရမှာပါ (ပြင်ပြီးရင်တော့ ကိုယ်ကြိုက်တဲ့နာမည်နဲ့သိမ်းလိုက်လို့ရပါတယ်) Plot Style Table Editor ကို Print Layout Windows ကနေ အသစ်ခေါ်လိုရသလို C:\Program Files\Autodesk\AutoCAD 2012 - English\UserDataCache\Plotters\Plot Styles အောက်က အဆင်ပြေတဲ့ *.ctb တစ်ခုခုကိုပြင်လိုက်ပြီး Save As လုပ်လို့လဲရပါတယ် ကိုယ်လုပ်ပြီးတဲ့ .ctb ကိုလဲ C:\Program Files\Autodesk\AutoCAD 2012 - English\UserDataCache\Plotters\Plot Styles အောက်မှာထားပေးမှ Print ထုတ်တဲ့အချိန်မှာ Plot Style ရွေးစရာနေရာမှာပေါ်မှာပါ
ဘယ်အရောင်ဘယ်လောက်ထားဆိုတာထက် ကိုယ်တိုင်စမ်းကြည့်ကြပါ အရမ်းကြီးရှုပ်လှတယ်မဟုတ်ပါဘူး ကျနော်လုပ်ထားဖူးတဲ့ နမူနာ File ကပုံလေးတွေတင်ပေးထားပါမယ် ဘာမှမလုပ်ထားသေးတဲ့ ကိုယ့်စက်ထဲက Default *.ctb file တွေနဲ့ယှဉ်ကြည့်ကြည့်ပါ အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်

AutoCAD CTB window


AutCAD CTB window




No comments:

Post a Comment

Browser

Microsoft Edge Chromium အကြောင်းတစ်စေ့တစ်စောင်း

Microsoft Edge Chromium Logo
Microsoft Edge Chromium သုံးလို့ရနေတာတွေ့တာနဲ့ စမ်းသုံးကြည့်တာမဆိုးဘူးပဲ အတော်လေးသုံးလို့ကောင်းသွားတယ် အရင် Edge တို့ IE တို့နဲ့ဘာမှမဆိုင်ဘူးဖြစ်သွားတယ် UI လေးလဲမဆိုးဘူး Windows 10 Update တစ်ခုခုမှာ Built in အနေနဲ့ပါလာရင်မဆိုးဘူး အခုအတိုင်းလဲဆိုးတော့မဆိုးပါဘူး Edge Chromium ကိုသွင်းလိုက်တာနဲ့ Edge နေရာမှာ အစားထိုးပေးသွားတယ် Data တွေကို Sync လုပ်ပေးလိုက်တယ်ဆိုတော့ အဆင်ပြေပါတယ် Task bar က Icon မှာ Sing in လုပ်ထားတဲ့ Browser Profile account ပုံလေးကိုပါပြထားတာလဲ လောလောဆယ်တော့အမြင်ဆန်းနေတာပဲ 😅
Extension တွေအနေနဲ့လဲ အရင် Edge အတွက်ရှိနေတဲ့ Extension တွေအကုန်အလုပ်လုပ်နေပြီးတော့ Chrome Extension တွေပါသွင်းလို့ရတာကလဲ အတော်လေးမိုက်ပါတယ်
သူ့မှာပါတဲ့ Install as App ဆိုတဲ့ Function ကလဲ အတော်လေးမိုက်ပါတယ် Web Page တစ်ခုကို App တစ်ခုလိုပြောင်းပြီး Shortcut တင်ပေးထားတယ် ဖွင့်လိုက်ရင် လုံဝ Software တစ်ခုကိုဖွင့်နေရသလိုပဲ Web View ဖြစ်နေတယ်လို့မခံစားရတော့ဘူး Chrome မှာဆိုရင်ဖွင့်လိုက်တဲ့အချိန်မှာ Chrome ကနေပဲ Tab တစ်ခုအနေနဲ့ပွင့်လာတာဖြစ်ပြီး လေးတယ် Edge မှာတော့ အတော်လေးပေါ့ပေါ့ပါးပါးကိုရှိပါတယ်    Chrome က သူ့ Web App တွေဖျက်တော့မယ်ဆိုချိန်မှာ Edge မှာရနေသေးတာကလဲ Edge ကိုပိုသုံးလာကြမလားစိတ်ဝင်စားစရာပါပဲ
YouTube မှာအမြန်နှုန်းယှဉ်ပြထားတာတွေမှာတော့ Chrome ကနည်းနည်းလေးပိုသာပေမယ် သာမာန်သုံး
တာမှာတော့ သိပ်သိသာတယ်မထင်ဘူး ဘာပဲဖြစ်ဖြစ် အရင်လို Built in ပါလာတဲ့ Browser ကြီးက Chrome နဲ့ Firefox ကိုဒေါင်းဖို့ပဲသုံးနေတာကနေ ဒီအတိုင်း Edge ကိုပဲသုံးမယ့်သူတွေလဲ ရှိနိုင်သွားတာပေါ့လေ ကောင်းပါတယ် နောက်ထပ်ကောင်းတာကတော့ အပြိုင်တစ်ခုထပ်တိုးလာတာဆိုတော့ ပြိုင်ကြရင်းနဲ့ အကုန်လုံး ပိုကောင်းပိုမြန်ပိုပေါ့သွားအောင် လုပ်ကြရင်တော့ အကောင်းဆုံးပါပဲ 😅😅😅

**Update**
Windows Update အသစ်နဲ့အတူတူ Edge Browser မှာလဲ Collection ဆိုတဲ့ Feature လေးပါလာပါပြီ အတော်လေးအဆင်ပြေတဲ့ Feature လေးပါပဲ သူအလုပ်လုပ်တဲ့ပုံကတော်လေးရှင်းပြီး အဆင်ပြေပါတယ် Amazon လို Web Page မှာ ဈေးဝယ်မယ်ဆိုရင်တစ်ခါတစ်လေမှာ Chart ထဲထည့်မထားချင်သေးဘူး ခနမှတ်ထားချင်တယ် တစ်ခြားဟာတွေထပ်ရှာနေချင်သေးရင် Collection ဆိုတဲ့ Feature ကိုသုံးပြီးတော့ Drag and Drop လုပ်ပြီး မှတ်ခိုင်းထားလို့ရပါတယ် နောက်ပြန်ရှာချင်ရင် ပုံပေါ်ကိုနှိပ်လိုက်တာနဲ့ Link တန်းပွင့်သွားမှာပါ ကိုယ်က ပုံတွေ Link တွေရှုပ်နေအောင်မှတ်ထားစရာမလိုတော့ဘူးပေါ့

No comments:

Post a Comment

Adobe

Indesign 2020 နဲ့ မြန်မာယူနီကုဒ်ဖောင့်

Indesign 2020 start window
Indesign 2020 မှာမြန်မာယူနီကုဒ်ဖောင့်တွေကုန် အလုပ်လုပ်သွားပြီဆိုတာ သိပြီးကြပြီလို့ထင်ပါတယ် မသိသေးရင်လဲ ဒီမှာသွားဖတ်ကြည့်ပါ အဲ့လိုယူနီကုဒ်ဖောင့်တွေ အလုပ်လုပ်ပေမယ် အရင်ကရေးထားတဲ့ file တွေကို font style ပြောင်းလိုက်ရင် အဆင်မပြေပဲနဲ့ စာတွေက render အလုပ်မလုပ်သလို ကမောက်ကမတွေဖြစ်နေတဲ့ ပြဿနာတော့ရှိပါတယ် (ဥပမာ အရင်က ယူနီကုဒ်ဖောင့်တွေ အလုပ်ကောင်းကောင်းမလုပ်ခင်က Pyidaungsu Book လိုဖောင့်နဲ့ရေးခဲ့တဲ့စာတွေ) အဲ့လိုမဖြစ်ဖို့အတွက် Paragraph Properties Tab (Ctrl + Alt + t) ကိုခေါ်ပြီး Option ထဲက Composer မှာ Adobe World-Ready Paragraph Composer ကိုရွေးပေးလိုက်ရင်ရပါပြီ

Indesign 2020 Paragraph properties window
Paragraph Properties Tab

Indesign 2020 Paragraph option
Option Tab


No comments:

Post a Comment

Keyboards

Karen Logical Unicode Keyboards

Karen Logical Keyboard တွေပါ Windows XP ကနေ Windows 10 အထိသုံးလို့ရပါတယ် (Logical Keyboard ဖြစ်တဲ့အတွက် ဗျည်း၊ ဗျည်းတွဲးပြီးမှ သရရိုက်ရမှာပါ)
စကောကရင် ကီးဘုတ်  Download 
စကောကရင် ကီးဘုတ်  Download (ဒီကီးဘုတ်မှာက စကောကရင်လက်ကွက်ထဲမှာပဲ မျက်တောင်ဖွင့်၊ ပိတ် နဲ့ comma, full stop and slash တို့ကိုထည့်ပေးထားပါတယ်)

Sgaw Karen Keyboard Layout

ပိုးကရင်ကီးဘုတ် Download
ပိုးကရင်ကီးဘုတ် Download (ဒီကီးဘုတ်မှာက ပိုးကရင်လက်ကွက်ထဲမှာပဲ မျက်တောင်ဖွင့်၊ ပိတ် နဲ့ comma, full stop and slash တို့ကိုထည့်ပေးထားပါတယ်)

Pow Karen Keyboard Layout

အဆင်ပြေကြမယ်လို့ထင်ပါတယ် အဆင်မပြေတာရှိရင်လဲပြန်ပြောပေးကြပါဗျ ကျနော်အနေနဲ့က ကရင်စာမတတ်တော့ အဆင်ပြေမပြေမသိလို့ပါ။

4 comments:

Post a Comment

Travel

ခရီးသွားအတွေ့အကြုံများ - ၂

Yangon Buyintnaung Road
ဒီတစ်ခါရေးချင်တာကတော့ ရန်ကုန်ကို ပထမဆုံး လူကြီးတွေမပါပဲ သွားတဲ့အကြောင်းပေါ့ 😅 အခုမှသာရန်ကုန်မှာသွားရတာလွယ်တယ်ဖြစ်သွားတာ ပထမဆုံးစရောက်ဖူးတုန်းက အတော်တိုင်ပတ်တာ  ၂၀၁၀ လောက်က mini thesis လုပ်မယ်ဟေ့ဆိုတော့ တစ်တန်းလုံးနီးပါး data ကောက်မယ်ဆိုပြီး ရန်ကုန်ကိုဇွတ်သွားကြတာ ဘာရယ်တော့မဟုတ်ဖူး ကျေင်းသားဘဝ ရောက်ဖူးချင်လို့သွားယွကြတာပဲ ပထမစီစဉ်ထားတာကတော့ သူငယ်ချင်းတွေစုပြီး အိမ်ခန်းငှားနေကြမယ်ပေါ့ ဒါပေမယ့် ငှားပေးတဲ့ကောင်က တစ်ယောက်ကို ၆ သောင်းလားမသိဘူးတောင်းတာနဲ့ မပေးနိုင်လို့ ဗဟန်းက အမျိုးဘုန်းကြီးကျောင်းမှာပဲ ကျနော်ရယ်နောက်တစ်ယောက်ရယ် တည်းကြတယ် အဲ့ကောင်ကလဲ ကိုယ်အားကိုးပြီးလိုက်လာတဲ့ကောင်ဆိုတော့ ဘာမှကိုတိုင်ပင်လို့မရတာ 😂😂 ရွှေတိဂုံနဲ့ နီးတယ် စားစရာလဲပေါးတယ်ပေါ့ အဲ့လိုထင်ထားတာ တကယ်ကအဲ့နားမျာ စားသောက်ရတာက သိပ်အဆင်မပြေဘူး ကံကောင်းတာက ဘုန်းကြီးကျောင်းတွေနားမှာ ရှမ်းထမင်းဆိုင်လိုလိုဘာလိုလိုလေးရှိတော့ ညနေစာဆိုရင် အဲ့ဆိုင်က ထမင်းကြော်ပဲစား နေ့လယ်ကတော့ အပြင်အဆင်ပြေတဲ့နေရာကစားပေါ့ ရန်ကုန်ကို ၂ ကောင်သား မြေပုံကိုင်ပြီးသွားတာ မျက်စိတွေလည်ပြီး သောက်တလွဲတွေသွားမိတာလဲ ခဏခဏပဲ 😅😅 ပန်းဆိုးတန်းဖက်ကနေ ရွှေတိဂုံဘုရားလမ်းအထိလမ်းလျှောက် ဘုရားမြင်တော့ မထူးပါဘူးဆိုပြီး ဘုန်ကြီးကျောင်းအထိလမ်းလျှောက်ကြတာမျိုး (မြေပုံမှာကြတော့ နီးနီးလေးရယ် 😅 လမ်းကြုံလို့ စစ်သမိုင်းပြတိုက်တောင် ဝင်ကြည့်ဖြစ်ကြသေးတယ်) စော်ဘွားကြီးကုန်းဖက်သွားတာမှာလဲ ကားအကြာကြီးစီးရလို့ စိတ်ထဲလန့်တာတို့ဘာတို့ဖြစ်သေးတာ ဘာလားဟပေါ့ ကားကိုအဲ့လောက်အကြာကြီးစီးနေရတာ ဟုတ်ရောဟုတ်လို့လား ငါတို့ဆင်းရမယ့်မှတ်တိုင်ကို ကျော်များကျော်ခဲ့ပြီလားနဲ့ ဖြစ်နေတာ စပါယ်ယာလေးက မရောက်သေးဘူးပြောလဲ စိတ်တော့ပူတာပဲ အဲ့လောက်ဝေးသလားပေါ့ 😂😂 အဲ့တစ်ခေါက်ကရောက်တာအများဆုံးကတော့ ရွှေတိဂုံပေါ့ လှည်းတန်းသွားတာတောင် မျက်စိလည်မှာစိုးလို့  အတော်သတိထားခဲ့ရတာ မှတ်မှတ်ရရ အင်တာနက်ဆိုင်မှာ stick တစ်ချောင်းမေ့ကျန်ပြီးတိုင်ပတ်သေးတယ် ရှာထားတဲ့စာတွေအကုန်ပါသွားတာပဲ အတော်ကြေကွဲပြီး စာတွေပြန်ရှာရတယ် စာတွေပါသွားလို့ ဝမ်းနည်းရတာတစ်မျိုး stick ပါသွားလို့ ဝမ်းနည်းရတာတစ်မျိုးနဲ့ (မှတ်မှတ်ရရ 8Gb လေး ဝယ်ထားတာ ဘယ်လောက်မှတောင်မကြာသေးဘူး) လှည်းတန်းကလဲ D Mate မှမသွားရင် လူရာမဝင်သလိုလိုဖြစ်နေတဲ့အချိန်ဆိုတော့ သွားခဲ့ရတာပဲ စာအုပ်ဝယ်မလားကြည့်လိုက်တိုင်း မတတ်နိုင်တာနဲ့ ကြည့်ပြီးပြန်လာရတာလေးတစ်ခုပဲ 😅😅  ဘာရယ်သာမဟုတ်တာအဲ့တုန်းက ပျော်စရာလဲကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတယ် လိုက်ပို့ပေးမယ်သူရှိလို့ သာကေတဖက်က ကစားကွင်းတစ်ခုတောင်ရောက်ခဲ့သေးတယ် အခုတော့ပိတ်သွားတာကြာပြီထင်တာပဲ ...
အဲ့တုန်းက ရန်ကုန်မှာ ၁ လလောက်ကြာတာ လမ်းတော့ အတော်လျှောက်ခဲ့ရတာ နေရာကသေချာမသိတော့ စမ်းတဝါးဝါးနဲ့သွား တစ်ရက်တစ်ရက် လမ်းအများကြီးလျှောက်လျှောက်ပြီးပြန်ပြန်လာရတာပဲ ပျော်လဲပျော်စရာကောင်းတယ်ဆိုပေမယ် စိတ်လဲညစ်ရတယ် ဒီအပိုင်းတော့ဒီလောက်နဲ့တင်တော်လိုက်တော့မယ် :P



No comments:

Post a Comment

Blender

Blender မှတ်စုတိုများ - ၂

Blender Logo
Glass Materials ကသူ့မှာပါတဲ့ကောင်က သိပ်အဆင်မပြေသလိုပဲ sketchup ကနေသွင်းထားတဲ့ Model မှာသွားကပ်ရင် အဆင်မပြေဘူး မှန်အစစ်လိုမမြင်ရဘူး Material သပ်သပ်အနေနဲ့လုပ်မှအဆင်ပြေတယ် (နောက်ဆုံးတော့လဲ အသင့်ပါတာက ဂျင်းလိုဖြစ်နေတာပဲ :P ကိုယ်ပဲမလုပ်တတ်သေးလို့လားမသိ) Glass ဖြစ်အောင်လုပ်တာကလဲ သိပ်တော့မခက်ဖူး Principled BSDF ထဲက Metallic ကို 0.99 လောက်ထား Transmission ကို 1.0 ထား ကျန်တာအကုန်က default ပဲ အဲ့ဒါဆိုရင် မှန် ဖြစ်သွားပါပြီ ရေ ကတော့ နည်းနည်းစပြီး ရှုပ်တယ် Shader ၄ ခု Principled BSDF, Mix Shader, Add Shader and Glass BSDF တို့ကိုပေါင်းပြီးလုပ်ရတယ် Principled BSDF ကနေ Output အနေနဲ့ Mix Shader, Add Shader and Output သုံးခုကိုထွက်ပြီး Glass BSDF က Output အနေနဲ့ Add Shader ကိုသွားပေးထားရမယ် ရေးထားတာနည်းနည်းရှုပ်နေမယ်ထင်တယ် ပုံကိုသာကြည့်လိုက်ပါ
Blender Material Visual program window

Principled BSDF ရဲ့ Setting တွေကတော့ 
  • Surface -- 1.0
  • Metallic -- 0.661
  • Roughness -- 0.028
  • Clearcoat Roughness -- 0.03
  • Transmission -- 1.0
  • Transmission Roughness -- 1.0
Glass BSDF ရဲ့ Setting တွေကတော့ 
  • Roughness -- 0.2
  • IOR -- 1.45
ကျန်တာတွေကတော့ Default အတိုင်းပါပဲ ဒီမှာနမူနာပြထားတာတွေက နမူနာသက်သက်ပါပဲ ကိုယ်အဆင်ပြေမယ်ထင်သလို ချိန်ယူ ပြောင်းယူလို့ရပါတယ် ကျနော်လဲအခုမှလေ့လာစဆိုတော့ အမှားတွေလဲပါကောင်းပါနိုင်ပါတယ်

No comments:

Post a Comment

Blender

Blender မှတ်စုတိုများ - ၁

Blender Logo
Blender ကိုစလေ့လာမယ်ဆိုပြီး စကလိကြည့်လိုက်တာမှာ modeling က 3d max လိုပဲလက်ပေါက်ကပ်တယ် modeling ကိုသပ်သပ်ပြန်လုပ်ရမယ့်သဘောဖြစ်နေတယ် အဲ့ဒါနဲ့ ခနရပ်ထားပြီး render ဖက်ကိုလှည့်လိုက်တယ် 😆
Rendering မှာတော့ render engine ၃ ခုပါတယ် ဒါပေမယ့် cycle render ကပဲအသေးစိတ်လုပ်လို့အဆင်ပြေတယ် ကျန်တဲ့ ၂ ခုက သိပ်မလှဘူး မလုပ်တတ်သေးလို့လားမသိဘူး ဒါပေမယ့် အဲ့ ၂ ခုက အဆင်သာမပြေဘူးထင်ရတာ မြန်လွန်းတယ် အခုမှစတာဆိုပေမယ့် ဆက်လဲလုပ်ဖြစ်အောင် blog မှာ post လဲတင်ဖြစ်အောင် ၁ ပတ် ၁ ခါလောက် Notes လေးတွေတင်မယ်လို့တွေးထားတယ် Tutorial လို့ပြောရအောင်လဲ ကိုယ်တောင်ဘာမှမတတ်သေးဘူး 😅 ရောက်တတ်ရာရာ Notes တွေလိုတော့ဖြစ်နေမယ်ထင်တာပဲ
ပထမဆုံး Note ကို Materials လုပ်တာနဲ့ပဲစလိုက်တာပေါ့
သူမှာ Material ဖန်တီးရတာက v ray နဲ့မတူဘူး အခုနောက်ပိုင်းမှာ ပိုသုံးလာတဲ့ visual programming နဲ့ဖန်တီးယူရတယ် အဲ့တော့ အစမှာခက်သယောင်ရှိတယ် ဘာ material ကိုပဲဖန်တီးဖန်တီး Output တစ်ခုထားထားမှပဲရမယ် မဟုတ်ရင် ဘာမှပေါ်မှာမဟုတ်ဖူး Input အနေနဲ့ကတော့ ကိုယ်စိတ်ကြိုက်ဖန်တီးလို့ရတယ် သူ့မှာပါပြီးသားတွေလဲရှိတယ် ဥပမာ - Glass, Emission, Glossy လိုဟာတွေပေါ့
နမူနာအနေနဲ့ Emission လုပ်ပြပေးထားပါတယ်
Blender Shading Tab window


Shading Tab ထဲကိုဝင်လိုက်ရင် Material တွေ Create or Edit လုပ်လို့ရပါပြီ Add ကနေကိုယ်ထည့်ချင်တာကိုထည့်ပြီး output မှာချိတ်ပေးလိုယုံပါပဲ

Color မှာ ကိုယ်စိတ်ကြိုက်အရောင်ချိန်လို့ရပြီးတော့ အလင်းပြင်းအားကို Strength မှာချိန်လို့ရပါတယ်
တစ်ခြား Materials တွေလဲဒီသဘောပါပဲ တစ်ချို့ဟာတွေတော့ကျနော်လဲ လောလောဆယ် မသိသေးဘူး 😅 ဥပမာ - သစ်သားကို Polish တင်တာမှာ render လုပ်ရင်မမြင်ရပဲနဲ့ ရိုးရိုး jpg ကပ်ထားသလိုပဲ ဖြစ်နေတာမျိုး 😂

No comments:

Post a Comment

Notes

၂၀၂၀ တွင်လုပ်မည်ဟုတွေးထားသောအရာတစ်ချို့

ဒီ ၂၀၂၀ မှာ
(၁) အနေနဲ့ blender 3D render ကိုရအောင်လုပ်မယ် အဆင်ပြေရင် vfx အထိလေ့လာမယ်လို့တွေးထားတယ် 😅 ဖြစ်လာမလားတော့မသိဘူး
(၂) အနေနဲ့ ဓာတ်ပုံများများရိုက်မယ်လို့ တွေးထားတယ် photo editing များများလုပ်ဖြစ်အောင်လို့
(၃) အနေနဲ့ video editing လေးကို တူတူတန်တန်လေး လုပ်တတ်အောင်တော့လေ့လာမယ်တွေးထားတယ်
(၄) စာပြန်ဖတ်ရမယ်
အခုလောလောဆယ်တော့ အဲ့ ၄ ချက်ပဲတွေးလို့ရသေးတယ် လုပ်ဖြစ်မလား ဝေ့နေတာနဲ့တင်ပဲ ၂၀၂၁ ကိုပဲရောက်သွားမလားမသိဘူး ဝေ့နေခဲ့ရင်လဲ သိသာအောင်လို့ blog မှာတင်လိုက်တာ ဘာမှမတင်တာလဲကြာနေပြီမို့လို့  😝😝

No comments:

Post a Comment