Androids

Oppo ဖုန်းနှင့် Realme ဖုန်းများ စာအမှန်ဖြစ်တဲ့ဖောင့်

oppo mobile phone logo
https://www.mmunifonts.com/2019/10/oppo-ufont.html
Myanmar oppo, Myanmar Sans oppo, Myanmar Yein oppo, မြန်မာ ဖွန့် ကိုအသုံးပြုပါ
Oppo ဖုန်းနှင့် Realme ဖုန်းများ ColorOS 2.1 ကနေ ColorOS 6.1 အထက်အသုံးပြုနိုင်ပါသည်။
Phone, Facebook, messenger, မြန်မာစာအမှန်မပေါ်တဲ့ဖုန်းများ အောက်ပါအတိုင်း
“ေနေကာႜးလား, ေကာငႜးတယႜ။” မှားနေတာကို အမှန်ဖြစ်လာအောင်ဖြေရှင်းပေးပါသည်။
How To Apply in oppo & Realme
1. Setting / Languages and regions / Regions, Click Myanmar.
2. Display & Brightness / Support Dai Characters, Click ON.
-----------------
For oppo Old!
Attention!
1. Install Font App
2. After Installed Click done!
3. Click Change Font/ Font/and Choose your Font!
How To Apply in oppo & Realme
http://bit.ly/2IQHOpW

No comments:

Post a Comment

Androids

Vivo ဖုန်းတွေမှာ English Setting နဲ့ ယူနီကုဒ်သုံးမယ်

လောလောဆယ် Vivo (6.0, 8.1) နှစ်လုံးစမ်းပြီး အဆင်ပြေပါတယ်။
(လိုက်စမ်းတဲ့သူတွေပြောတာ Y51,Y53, Y85, V5Plus, V3, V1 တွေပါရတယ်တဲ့ဗျ )
Computer လိုပါတယ်။
1.ဖုန်းမှာ morelocale2 ကို install လုပ်ထားပါ
2. Settings > Developer option မှာ usb debugging on ထားပြီး ကွန်ပျူတာနဲ့ Connect လုပ်ထားပါ။ developer option မတွေ့သူများ about phone ထဲက build number (software version) ကို ၇ချက်လောက် ဆက်တိုက်နှိပ်ပါ
3. Computer မှာ KaungMyat.zip ကို Right click နှိပ်ပြီး Extract Here လုပ်ပါ။ run.bat ကို run ပါ။ ဖုန်းမှာ adb access တောင်းပါမယ် allow လုပ်ပါ။ သေချာချင်ရင် run.bat ပိတ်သွားရင် ထပ် run ပါ။
4. Morelocale2 ကိုဖွင့်ပါ။ Custom locale ကိုနှိပ်ပါ။ Language မှာ en ထားပါ။ Country မှာ MM ထားပြီး Set နှိပ်ပါ။ ဖုန်း Settings ထဲက Language မှာ English (Myanmar(Burma)) လို့ပေါ်နေပါလိမ့်မယ်။
5. zFont ကနေ ကြိုက်နှစ်သက်ရာ ဖောင့်ရွေးပြီး Set လုပ် unicode ကို English settings နဲ့ သုံးလို့ရပါပြီ
Gboard နဲ့တစ်ချို့ဖုန်းတွေမှာ မေမေ ရေးချင်ရင် ‌ေ ကိုနောက်မှရိုက်ရပါလိမ့်မယ်။ Bagan keyboard သုံးရင် အဆင်ပြေသွားပါလိမ့်မယ်။

zfont Download Here
morelocale2 Download Here
KaungMyat.zip Download Here

No comments:

Post a Comment

Androids

Vivo သမားတွေ Unicode ပြောင်းသုံးတဲ့အခါ စာရေးတာမမှန်ဖြစ်နေရင်

Unicode ပြောင်းသုံးတဲ့အခါမှာ Vivo သမားတွေ Messenger မှာစာရိုက်တဲ့အခါ သဝေထိုး ( ​ေ ) နဲ့ ရရစ် ( ြ ) အခက်အခဲရှိပါတယ်။
ဥပမာ- Messenger မေမေ လို့ ရိုက်လိုက်ရင် ( မ​ေ မ​ေ ) လို့ ပြောင်းပြန်ပေါ်ပါတယ် ကကြီးရရစ် ကြ လို့ရေးလိုက်ရင် ( ြက ) ရရစ်အရင်ကကြီးကနောက်ကပေါ်ပါတယ် Group တွေမှာ အဲ့ပြဿနာကိုပိုစ့်တင်မေးလိုက်တဲ့အခါမှာ အဖြေရခဲ့ပါပြီ Vivo သမားများအဆင်ပြေကြပါစေ။ Vivo ဖုန်းမှာ Theme ကို freshness လို့ရိုက်ရှာပြီး Down လိုက်တာ Messenger မှာ သဝေထိုး ရော ရရစ်ပါ သင်ပုန်းကြီးအတိုင်းရေးလို့ရသွားပါပြီ Vivo သမားများ Theme ရဲ့ search မှာ freshness လို့ရိုက်ပြီး down ကြပါလို့အကြံပြုပါရစေ။

No comments:

Post a Comment

Androids

MUA Font Changer for Huawei android 4.2 to 6.0

Huawei အနိမ့်တွေမှာ ယူနီကုဒ်သွင်းရတာခက်နေတဲ့သူတွေအတွက်ပါ  အောက်မှာရေးထားတဲ့ ဖုန်းတွေမှတော့ သေချာပေါက်ရတယ်ပြောပါတယ် အဓိကကတော့ Android 4.2 နဲ့ Android 6.0 ကြားက Huawei ဖုန်းတွေအတွက်ပါ (Samsung တွေလဲရတယ်လို့တော့ပြောတယ် မသေချာ) root လိုပါတယ်။
အခန့်မသင့်ရင် boot မှာတင်ရပ်နေတာတွေဖြစ်နိုင်ပါတယ် ကျွမ်းကျင်မှု့မရှိပဲ မစမ်းစေချင်ပါဘူး 
Huawei Y511, G610-C00, G610-U00, G700, G730-C00, G730-U00, G620-L75, G630, H30-U00, H30-U10, H30-U30, H30-C00, Hol-U10, Y600, Y600D-C00, Y535D-C00, Y535, C8816, C8816D

G730 U00 နဲ့ Honor အတွက်အောက်ဆုံးမှာသပ်သပ်ပါပါတယ် အဲ့ဒါနဲ့ပဲထည့်ပါ အဆင်မပြေဖြစ်နိုင်တဲ့အတွက် backup ကြိုလုပ်ထားဖို့အကြံပြုလိုပါတယ်။

Download Here (Google Drive)

Download Here (Onedrive)

No comments:

Post a Comment

Androids

Honor 4X Ram 2GB သမားတွေအတွက် Theme ဖောင့်၊ မြန်မာ local နဲ့ Gboard သုံးလို့ရအောင်လုပ်နည်း

အရင်ဆုံး Updater ကနေ ဗားရှင်းမြှင့်ရပါမယ်။ 6.0 Marshmallow ရောက်ရင် theme store ကနေ ကိုယ်ကြိုက်တဲ့ theme တစ်ခုခု ဒေါင်းပါ။ Internal memory ထဲက HWThemes ဆိုတဲ့ဖိုဒါထဲမှာ .hwt နဲ့ဆုံးတဲ့ theme file လေးကိုတွေ့ပါလိမ့်မယ်။ အဲဒါကို cut လုပ်ပြီး memory card ထဲ ရွှေ့ပါ။ ဟုတ်ပြီ။ အဲဒါကို rename လုပ်ပြီးတော့ .hwt ကို .zip ပြောင်းပြီး ဖြည်ထုတ်လိုက်ပါ။ နာမည်တူဖိုဒါ အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ ဟို .zip နဲ့ဟာကို delete လုပ်ပစ်လိုက်တော့။ အထဲကိုဝင်လိုက်ပြီးတော့ fonts ဆိုပြီး ဖိုင်တစ်ခုဆောက်လိုက်ပါ။ ပြီးရင် ကိုယ်အသုံးပြုလိုတဲ့ စံစနစ်သုံးဖောင့်တစ်ခုခုကို အဲဒီဖိုဒါထဲ ကူးထည့်လိုက်ပါ။ ပြီးရင် DroidSansChinese.ttf ဆိုပြီးတော့ နာမည်ပြောင်းပေးလိုက်ပါ။ ပြီးရင် back key တစ်ချက်နှိပ်ပြီးတော့ ပြန်ထွက်လိုက်ပါ။ အဲဒီဖိုဒါအောက်က
ဟာအားလုံးကို select မှတ်ပြီး compress လုပ်လိုက်ပါ။ zip ဖိုင်တစ်ခုထွက်လာပါလိမ့်မယ်။ အဲဒီ .zip ကို .hwt ပြန်ပြောင်းလိုက်။ ပြီးရင် internal memory ထဲက HWThemes ဖိုဒါထဲကိုပဲဖြစ်ဖြစ်၊ အပြင်ဖက်မှတ်ဉာဏ်ကဒ်ထဲမှာ HWThemes ဆိုပြီးတော့ နာမည်တူဖိုဒါဆောက်ထားတာထဲကိုပဲဖြစ်ဖြစ် ပြောင်းထည့်လိုက်ပါ။ ပြီးရင် setting ထဲက display>>font style ထဲမှာ စံစနစ်သုံးဖောင့်စတိုင်ကို ရွေးပေးလိုက်ရင်ရပါပြီ။ မလုပ်တတ်တဲ့သူတွေအတွက် နမူနာအနေနဲ့ Windows စနစ်သုံးမြန်မာဖောင့်မြှုပ်ထားတဲ့ theme ကို upload တင်ထားပေးပါတယ်။
ပြီးရင် မြန်မာ local မရတာကို MoreLangs ထည့်ပြီးမြန်မာစာပေါ်အောင်လုပ်ပါမယ်။ USB debug on ထားပါ။ ADB ရှိတဲ့ဆရာသမားတွေကတော့ apk လေး install လုပ်ပြီးရင် ဒီ command လေး run ပေးလိုက်ပါ။
adb devices
adb shell pm grant sightidea.com.setlocale android.permission.CHANGE_CONFIGURATION
Permission တောင်းရင် ခွင့်ပြုပေးလိုက်ပါ။ ပြီးရင် language search ထဲမှာ မြန်မာကို ရွေးပေးလိုက်ရုံပါပဲ။ ဇော်ဂျီရော၊ စံစနစ်ရော နှစ်ခုစလုံးပါပါတယ်။ ဒီအဆင့်အထိပြီးသွားရင် ဘာသာစကားမှာ စံစနစ်သုံးမြန်မာစာကို ရွေးပေးလိုက်ရုံနဲ့ Gboard မှာ မြန်မာလက်ကွက်ကိုအသုံးပြုနိုင်ပါပြီ။ ADB မရှိတဲ့သူတွေကတော့ အောက်ကိုဆက်သွားပါမယ်။
All in One Tools Download
အပေါ်ကလင့်က all in one tool ပါ။ ဘယ်ဗားရှင်းမဆို သုံးလို့ရပါတယ်။ Model no. Che2UL00 ဖြစ်ဖို့ပဲလိုပါတယ်။ လိုအပ်တာတွေအကုန်လုံး စုပြီးထည့်ပေးထားပါတယ်။ ပြီးရင်တော့ bat file လေးကို ဖွင့်ပြီး ကိုယ်လိုအပ်တာတွေ လုပ်ရုံပါပဲ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့ -
  • Bootloader Unlock
  • Recovery installer for all version
  • Downgrade from 6.5 to 5.11
  • Myanmar Language enabler
  • Clash of clan zawgyi font installing
ကိုယ်သုံးမယ့်နံပါတ်လေးကို ရွေးပေးလိုက်ရုံပါပဲ။ ဗားရှင်းအလိုက်တော့ မှန်ပါစေ။
ကဲ နောက်တစ်နည်းကတော့ MoreLangs apk မလိုဘဲ flashable zip ကို recovery ကနေ လှမ်းထည့်တာပါ။ အပေါ်က all in one tool kit ကို ဒေါင်းလုဒ်ဆွဲထားပါ။ Bootloader unlock လုပ်ပြီး TWRP တင်ထားပါ။ Tool kit ထဲမှာ အကုန်ပါပါတယ်။ ပြီးရင် ဒီ zip file လေးကို ထပ်ဒေါင်းလိုက်ပါ။
TWRP ကနေပြီးတော့ လှမ်း flash လိုက်ရင် စံစနစ်ရော၊ စံစနစ်မဟုတ်တာပါ ဖုန်းမှာမြန်မာဘာသာနဲ့ သုံးနိုင်ပါပြီ။ ဒါပေမယ့် မူရင်း browser က Google Search မှာ မြန်မာစာ အောက်ကလိအာတွေ ဖြစ်နေပါလိမ့်မယ်။ ဒါအတွက်ဖြေရှင်းနည်းကတော့ TWRP ကနေပြီးတော့ /system/fonts ထဲက SmartZawgyi ကို စံစနစ်သုံးဖောင့်တစ်ခုခုနဲ့ နာမည်တူပေးပြီး အစားထိုးလိုက်တာပါပဲ။ ပြီးရင်တော့ Google Search နဲ့ Google Map တို့ကို မြန်မာစာအဆင်ပြေပြေနဲ့ သုံးနိုင်ပါလိမ့်မယ်။ zip file နဲ့ flash လုပ်ပြီးထည့်ထားတဲ့သူတွေအတွက်တော့ ဇော်ဂျီပြန်ပြောင်းရင် စာမမှန်ဖြစ်သွားလိမ့်မယ်။ တစ်ခုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရပါလိမ့်မယ်။ အားလုံးအဆင်ပြေပါစေ။

[Credit to Bro Kyaw Ko Ko from Huawei Error Solution Helper (Helper) for Tool and Flashable zip.]



1 comment:

Post a Comment

Apple

Mac OS Catalina မှာ မြန်မာယူနီကုဒ် ပြန်ဖွင့်နည်း

MacOS Catalina
Mac OS Catalina မှာ မြန်မာယူနီကုဒ်ပါပေမယ့် သူတို့ဖက်ကမှားတာလား တမင်လုပ်လိုက်တာလားတော့မသိဘူး ဇော်ဂျီက default ဖြစ်နေပါလိမ့်မယ် အဲ့လိုဖြစ်နေလို့ ယူနီကုဒ်ကိုပြောင်းချင်ရင်တော့ system preference ကနေ language and region ကိုဝင်ပြီး Burmese မှာ Standard (Recommended) လို့ ဝင်ပြင်ပေးလိုက်ရင်ရပါပြီ နမူနာပုံလဲပြပေးထားပါတယ် ကြည့်ကြည့်ပါ
MacOS Catalina Language and Region Control windows
ပုံ ၁

MacOS Catalina Language and region
ပုံ ၂
ဒါအပြင်မြန်မာကီးဘုတ်လက်ကွက်လဲပါလာပါပြီ ပုံစံကတော့ မြန်မာ၃ လက်ကွက်နဲ့အတူတူပါပဲ ရိုက်နည်းကတော့ windows မှာလိုပဲ သဝေထိုးကနောက်မှရိုက်ရပါတယ် 
MacOS Catalina Myanmar Keyboard
ပုံ ၃


No comments:

Post a Comment

Androids

Meizu Myanmar Unicode Font Changer

အခု App ကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root Access လိုပါမယ်။ Root ရှိရင် Unicode ပြောင်းတာ၊ Zawgyi ပြန်ပြောင်းတာကို One Click နဲ့လုပ်လို့ရပါမယ်။ အခု App ကိုသုံးလို့ Logo လည်မှာတွေမပူရဘူး။ စိတ်ချလက်ချ ကြိုက်သလောက်သုံးလို့ရပါတယ်။
အဓိကကတော့ Meizu ဖုန်းတွေအတွက် ထုတ်တာပါ။ သို့ပေမယ့် အခြားဖုန်းတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။
မနေ့က post အဟောင်းကို Share ပေးကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

Download Here

Download Here (One Drive)

Credit နေရှိန်းဦး (မိုးကုတ်)


No comments:

Post a Comment

Androids

OPPO ဖုန်းများ Unicode အသုံးပြုခြင်း

OPPO ဖုန်းများ Unicode အသုံးပြုလိုပါက Color OS Version ပေါ်မူတည်၍ Setting ချိန်ညှိပုံများ အောက်ပါအတိုင်း ကွဲပြားသွားမည်ဖြစ်ပါသည်။ လက်ရှိ Color OS 6 ရရှိနေသော model များမှာ F11,F11pro,A1k နှင့် Reno Series ဖြစ်ပါသည်။
 လက်ရှိတွင် Color OS 6 မရသေးသော်လည်း F9,R17pro,FindX,F7 နှင့် F7youth model များအား မကြာခင်အချိန်တွင် Color OS Version 6 update OTA များ ထုတ်လွှင့်မည်ဖြစ်ပါတယ်။ System Update ပြုလုပ်ပြီးသောအခါ အောက်ပါ အတိုင်း Settings ထားပါ။
Color OS 6 ရရှိနေသော model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ
  1. Settings – Language & Region – Region – Myanmar
  2. Settings – Language & Region – Language – English
  3. Settings – Language & Region – Character Encoding – Unicode

ကျန် Model များအားလုံးတွင် Unicode အသုံးပြုလိုပါက 
Settings – Language & Region – Language - ဗမာ(Unicode)
ကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။ (အချို့ Model များတွင် Language - ဗမာ(Unicode) ရွေးချယ်ပါက အချို့နေရာများတွင်မှားနေခြင်း၊ webview တွင်မှားနေခြင်း များရှိပါသည်။ ပြန်လည်ပြုပြင်ရန် စစ်ဆေးနေပါသည်။)
OPPO Care မှ စာစုအား ကူးယူထားခြင်ဖြစ်ပါသည်။

No comments:

Post a Comment

Androids

Meizu M6 ကို Unicode သွင်းနည်း

Meizu Mobile Phone
Meizu M6 ကို Unicode သွင်းတာ တော်တော်လည်သွားတယ်ဗျာ ဒေါင်းလိုက်ရတဲ့ Root APK တွေ သူများဖုန်းတော့ မပြောတတ်ဘူး ကျနော့်ဖုန်းတော့ kingroot, kingoroot တခြားဟာတွေနဲ့ တခုမှအဆင်မပြေခဲ့ပါဘူး Bro Yan Aung Moe လည်း ကျနော်ကို လုပ်ပုံလုပ်နည်း ပြောရင်းနဲ့ သူလည်း အချိန်တော်တော်ကုန်ခဲ့ပါတယ် အခုရသွားတာက ဒီမှာ တင်ထားတဲ့နည်းနဲ့အဆင်ပြေသွားတာပါ မူရင်း post ပျက်သွားမှာစိုးလို့အောက်မှာကူးယူပေးထားပါတယ်
(Flyme 7,Flyme 6 global version တင်ထားသော M6 note,Pro7,Pro7+,Pro6+,Mx6,M6s M5note (flyme 7) root permission မရသော ဖုန်းများတွင် root permission ရအောင်ပြုလုပ်နည်း
At your own risk.
  1. အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ flyme acc ဝင်ထားပါ
  2. Quick shortcutmaker apk ဒေါင်းပါ  Download Here
  3. Setting,display and brightness,Easy mode ကို enable လုပ်ပါ
  4. Quick shortcutmaker apk ကိုဖွင့်ပါ
  5. Flyme ကိုရှာပါ တွေ့ရင်နှိပ်လိုက်ပါ
  6. com.meizu.root.openSystemRightactivity ကိုရှာပါ တွေ့ရင်တချက်နှိပ်ပါ Create လုပ်ပေးလိုက်ပါ
  7. Home screen ပေါ်မှာ flyme ဆိုပြီးပေါ်လာပါမယ်
  8. internet ဖွင့်ပြီး flyme ထဲဝင်လိုက်ပါ အောက်ဆုံးမှာ accept ကိုအမှန်ခြစ် ok နှိပ် မိမိ flyme acc ထည့်ပေးလိုက်ပါ reboot ကျပြီးပြန်တက်လာရင် root permission ရပါပြီ ( easy mode ပြန်ထွက်လိုက်ပါ)
အဲ့ဒါဆို root access ရသွားပါပြီ root ရသွားရင် အောက်ကအတိုင်း ယူနီကုဒ်ဖောင့်ကိုသွင်းပါဗျ
Meizu ကို unicode ပြောင်းမယ်
  1. ကြိုက်တဲ့ unicode font ကိုဒေါင်းပါ [ မြန်မာယူနီကုဒ်ဖောင့်အလှများရယူရန် ]
  2. ZawgyiOne.ttf လို့ file name ပြောင်းပါ(file name ချိန်းပီးသား unicode font Download Here
  3. ES file explorer ကိုဒေါင်းပါ Download Here
  4. ES file explorer apk ကိုဖွင့်ပါ
  5. root permission တောင်းရင် allow ပေးလိုက်ပါ still allow နှိပ်ပါ
  6. ES file explorer ထဲက root explorer ကို on ပါ
  7. ES file explorer ထဲကနေ အပေါ်က file name ချိန်းခဲ့တဲ့ ZawgyiOne.ttf file ကိုရှာပါ (ကျွန်တော့ဖုန်းမှာက internal storage >> download ထဲမှာပါ)
  8. ZawgyiOne.ttf file ကို copy ယူပါ
  9. ES file explorer >> device>> System >> Fonts >> ထဲသွားပီး paste နှိပ်ပါ
  10. Overwrite နှိပ်ပါ
  11. China version(A version) သမားတွေက theme apk >> fonts ထဲသွားပီး system default ကိုရွေးပီး ဖုန်းကို restart ချပါ (Global version G သမားတွေက restart ချရင်ရပါပီ theme ထဲသွားစရာမလိုပါ)
  12. ဖုန်းပြန်တက်လာရင် unicode ဖြစ်ပါပီ
Font style ချိန်းချင်ရင်တော့ ခုထက်ပိုပီး အဆင့်များပါလိမ့်မယ်
meizu flyme 7.0 os အတွက်ပါ

No comments:

Post a Comment

Computer

ယူနီကုဒ်မှာ စာလုံးဆင့် စာရိုက်ခြင်း

GBoard Logo
စာရိုက်ရတာ အခက်အခဲရှိတယ်ဆိုရင် စာရိုက်ခြင်း၊ စာလုံးဆင့်၊ ပါဌ်ဆင့်များကို လွယ်ကူစွာ ရိုက်နိုင်ဖို့အတွက် နောက်ဆက်တွဲအဖြစ် ထပ်ပြီးတော့ ဆွေးနွေးချင်ပါသေးတယ်။
ရိုးရှင်းလွယ်ကူမှု ရှိဖို့ရော ဘယ်နေရာ ဘယ်လိုအနေအထားမှာ ဖြစ်ဖြစ် လွယ်ကူစွာ စာလုံးဆင့် ရိုက်နိုင်ဖို့အတွက် ကြိုးစားပြီး ရှင်းပြပေးပါ့မယ်။
ပထဆုံးအနေနဲ့ Auto ရတာတွေ၊ စာလုံးဆင့် စကားလုံးတွေကို အဆင်သင့် ယူသုံးလို့ရတာတွေကို ခဏလောက်မေ့ထားလိုက်ပါ။ ဒီတခုပဲ သုံးတတ်ပြီး နောက်ဟာ ပြောင်းသွားရင် မသုံးတတ်တော့ဘူး မရိုက်တတ်တော့ဘူး မဖြစ်ရအောင် ဘယ်လိုအနေအထားမှာ ဖြစ်ဖြစ် အခြေခံသဘောတရားကို သိရင်ရပါပြီ။
Unicode မှာ သင်ပုန်းကြီးစနစ်နဲ့ မြန်မာစာကို ရေးပါတယ်။ မြန်မာစကားလုံးတွေရဲ့ ဖွဲ့စည်းမှုအတိုင်း ရေးသွားရုံပါပဲ။
စာလုံးဆင့်တဲ့အခါမှာတော့ အောက်ချမယ့် စကားလုံးကို (ဝိရာမ)လို့ညွှန်းခေါ်တဲ့ ကီးလေးကို ခံပြီး အောက်ဆင့်မယ့် စာလုံးကို ရိုက်ပါတယ်။
ကျွန်တော်တို့မြန်မာစာမှာ စာလုံးဆင့်တွေရဲ့ သဘောသည် ရှေ့ဗျည်းရဲ့ အသတ်ကို နောက်ဗျည်းပေါ်တင်ပြီး စကားလုံးကို ချုံ့ထားတာပါ။ (ခတ်တာ)လို့ မရေးဘဲ (ခတ္တာ)လို့ ရေးပါတယ်။ (သစ်စာ)လို့ မရေးဘဲ (သစ္စာ) လို့ ရေးပါတယ် (ပါဠိစကားကနေ ယူသုံးတဲ့ မွေးစားစကားလုံးတွေမှာ စာလုံးဆင့်တွေကို ပိုပြီးတွေ့ရလေ့ရှိပါတယ်)
စကားလုံးချုံ့တဲ့အခါ နောက်က ဗျည်းအက္ခရာကို ရှေ့ဗျည်းရဲ့ အသတ်အောက်ကို ပို့လိုက်တယ်။
  • ဥပမာ- အတ္တ (အတ်တ)လို့ မရေးပါ နောက်ဗျည်း (တ)ကို ရှေ့ (တ်) အောက်မှာ ထားပါတယ်။
  • ဥပမာ- ဝတ္ထု (ဝတ်ထု)လို့ အသံထွက်သော်လည်း ရေးသောအခါ နောက် ဗျည်းနဲ့ သရ (ထု)ကို ရှေ့ (တ်) အောက်ကို ပို့လိုက်တာပါပဲ။
  • ဥပမာ- ဥမ္မာ (ဥမ်မာ) ဟု အသံထွက်သော်လည်း ရေးတဲ့အခါမှာတတော့ မာ ကို ရှေ့က (မ်) အောက်မှာ သွားထားလိုက်တာပါ။
ယောက်ျား- (က)ကြီးအက္ခရာတွေသည် ရရစ်(ြ) ယပင့်တွေနဲ့ တွဲတဲ့အခါ သူ့ရှေ့မှာ ဗျည်းရှိရင် (နှစ်လုံးဆင့်)အဖြစ်ထွက်ပါတယ်။ (ယောက်ျား၊ စကြဝဠာ)
  • ယောက်ကျားကို ယောက်ျား အဖြစ် ရေးပါတယ်။ (ဝိရာမ မလို)
  • စက်ကြဝဠာကို စကြဝဠာ အဖြစ်ရေးပါတယ်။ (ဝိရာမ မလို)
ဒီလို အောက်ဗျည်းသရကို ရှေ့က အသတ်အောက်မှာ သွားထားတဲ့ အခါမှာ အပေါ်က အသတ်တွေမှာ (င်) ငသတ်က လွဲရင် ကျန်တဲ့ အသတ်တွေ (မ်)(ပ်)(တ်)(စ်)(န်) စတာတွေ အသတ်တင်စရာမလိုပဲ (မ)(ပ)(တ)(စ)(န) အဖြစ်သာ ရေးပါတယ်။ ခု စာစီစာရိုက်စနစ်မှာလည်း ဒီသဘောတိုင်းပါပဲ။
တနင်္ဂနွေ ဆိုတဲ့ စာလုံးဖွဲ့စည်းမှုမှာ (န)ရဲ့ (င်)သတ်ကို နောက်အက္ခရာ (ဂ)ပေါ်မှာ ဆင့်လိုက်တာပါ။
  • အဲဒီတော့ စာရိုက်တဲ့အခါမှာ - တနင်(ဝိရာမ)ဂနွေ ဒီလိုရေးပါတယ်။
စကားလုံးဘယ်လောက်ရှည်ရှည် ရှေ့စကားလုံးရဲ့ အသတ် (်) နောက် စကားလုံးပေါ် ဆင့်ပြီး အစဉ်တိုင်းသွားပါတယ်။
ဥပမာ - အတ္ထုပ္ပတ္တိ (အတ် ထုပ် ပတ် တိ) ရှေ့ အသတ်ရဲ့ အောက်မှာ နောက်ဗျည်း အက္ခရာကို သွားထားလိုက်တော့ အတ္ထုပ္ပတ္တိ ဖြစ်သွားတာပါပဲ။
ရေးတဲ့အခါမှာ - အောက်ချမယ့် ဗျည်းအက္ခရာတွေရှေ့မှာ (ဝိရာမ)ခံပြီး ရိုက်သွားရုံပါပဲ။
အတ+(ဝိရာမ)+ထု+ပ+(ဝိရာမ)+ပ+တ+(ဝိရာမ)+တိ
ဖြစ်ပါတယ်။ (အောက်ချမယ့် စာလုံးရှေ့မှာ (ဝိရာမ) ခံပြီး ရိုက်သွားရုံသာ ဖြစ်ပါတယ်။)


အိန္ဒြေ - ဒီစကားလုံးကတော့ (အိန်)နှင့် (ဒြေ) ကို ချုံ့ထားခြင်း ဖြစ်ပါတယ်။
(ဒြေ) ဆိုတဲ့ စကားလုံးကို (န)သတ်အောက်မှာ ထပ်ထားခြင်း ဖြစ်ပါတယ်။
ရေးတဲ့အခါမှာ - အိ+န+(ဝိရာမ)+ဒြေ ဆို (အိန္ဒြေ)လို့ ထွက်ပါတယ်။


ဥက္ကဋ္ဌ
  • ဥက်ကဋ်ဌ ဆိုတဲ့ စကားလုံးကို ချုံ့ထားခြင်း ထပ်ထားခြင်းဖြစ်ပါတယ်။ မြန်မာစာမှာ (ဋ္ဌ) သည် စာလုံးဆင့်ဖြစ်ပါတယ်။ (ဋ်)နှင့်(ဌ) ကိုထပ်ထားသည့် ပါဌ်ဆင့် စကားလုံးဖြစ်ပါတယ်။
  • ဥက္ကဋ္ဌ ကို ရေးတဲ့အခါမှာ - ဥ+က+(ဝိရာမ)+က+ဋ+(ဝိရာမ)+ဌ ဆိုရင် (ဥက္ကဋ္ဌ)ဆိုပြီး ထွက်ပါတယ်။
အခြားမည်သည့် အဆင့် စကားလုံးပဲ ဖြစ်ဖြစ် ဒီသဘောတရားတိုင်းသာ သွားပါတယ်။ ရှေ့ဗျည်းရဲ့ အသတ်အောက်မှာ နောက်ဗျည်းကို သွားဆင့်ပါတယ်။ ဆင့်တဲ့အခါမှာ (ဝိရာမ)ကို ကြားခံအဖြစ်သုံးပါတယ်။
စာလုံးဆင့်တွေ ဘယ်လိုရိုက်ရပါတယ်ဆိုပြီး ခက်ခက်ခဲခဲ မှတ်စရာမလိုပါ။ အဓိကအနေဖြင့် သတ်ပုံသိဖို့နဲ့ အသတ်နဲ့ဗျည်းဆင့်တဲ့ သဘောကို သိရင် ရပါပြီ။ ဆင့်တဲ့အခါမှာ (ဝိရာမ)ကို ကြားခံသုံးပါ။
(ဝိရာမ)ကို မရင်းနှီးသေးတဲ့သူတွေအတွက် ပုံတွေနဲ့ ထပ်မံဖော်ပြပေးလိုက်ပါတယ်။ Keyboard တွေရဲ့ (F) နေရာမှာ ရှိတဲ့ ကီးပါ (Shift)နဲ့တွဲပါတယ်။

Cradit - Ko Thu Reinကျေးဇူးတင်ပါတယ်ခင်ဗျာ
မိခင်ဘာသာစကား မြန်မာစာကို စနစ်တကျ အသုံးပြုနိုင်ပါစေ
နမူနာပုံများ
Simple Text Photo for Myanmar Typing

GBoard Keyboard Layout
အနီဝိုင်းပြထားတဲ့ကီးက ဝိရာမ ပါ (ဇော်ဒီကုဒ်လို ၂ မျိုးမြင်ဖောင့်တွေသုံးနေတဲ့သူကတော့ အသတ်အနေနဲ့ပဲမြင်နေရမှာပါ)

Myanmar Keyboard Myansan Layout
အနီဝိုင်းပြထားတဲ့ကီးက ဝိရာမ ပါ (ကွန်ပျူတာမှာဆိုရင် shift f နေရာမှာရှိပါတယ်)

No comments:

Post a Comment

Travel

ခရီးသွားအတွေ့အကြုံများ- ၁

Mountain
သူများတွေလို့ အတည်ကြီးရေးမှာမဟုတ်ပါဘူး ရောက်ဖူးသွားဖူးခဲ့တဲ့ နေရာလေးတွေရဲ့ အတွေ့အကြုံနဲ့ တစ်လွဲးဖြစ်ဖူးတာလေးတွေကိုအမှတ်တရ မှတ်တမ်းလိုရေးထားချင်စိတ်ပေါက်လာလို့ 😅😅
ပထမဆုံးရေးချင်တာကတော့ ရွာငံနားတစ်ဝိုက်နဲ့ ကလောဖက်မှာ Trekking ဘာညာလုပ်နေတဲ့ Dream Clover Adventure Travel ရဲ့ ရွာငံနား Trekking နဲ့ camping ပေါ့လေ သူငယ်ချင်းတစ်ယောက်နဲ့ ၂ ယောက်သွားကြတာ FOC ရလို့ 😂 အာ့နဲ့တစ်နှစ်ပြည့်မှ review ရေးတာပဲ ဟိုတစ်နေကပဲ တစ်နှစ်ပြည့်သွားတာ မကြာသေးဘူးလိုလိုနဲ့ မန္တလေးကနေသွားတာဆိုတော့ ရွာငံကိုလိုင်းကားရောက်တာနဲ့ ၂ ယောက်သားလိုင်းကားနဲ့သွားကြတာ သိပ်တော့အဆင်မပြေလှဘူး မနက် ၇ နာရီလောက်ကထွက်တာ နေ့လယ် ၁၁ လောက်မှာ ရွာငံရောက်သွားပြီ သိပ်တော့မကြာဘူး ရွာငံရောက်တာနဲ့ Dream Clover Adventure Travel ရဲ့ရုံးခန်းမှာ အထုတ်တွေသွားထား သူတို့ဆီကဆိုင်ကယ်ငှားပြီး အပြင်နေ့လယ်စာစားရင်းနဲ့ ပတ်ကြည့်ကြမယ်ဆိုပြီးထွက်လိုက်တာမှာ မြို့ကအတော်သေးတော့ လမ်းပေါ်မှာလူမရှိသလောက်ပဲ အိမ်ဆိုင်တွေဘာတွေဆို ရောင်းတဲ့သူတောင်မမြင်ရဘူး 😅😅 Dream Clover Adventure Travel ရုံးပြန်ရောက်မှမေးကြည့်တော့ သူတို့ဆီကအဲ့လိုပဲတဲ့ အပြင်သိပ်မထွက်ဖူးတဲ့ အထူသဖြင့်မိန်းခလေးတွေဆိုမမြင်ရသလောက်ပဲတဲ့ 😅 ညနေပိုင်း ၂ နာရီခွဲလောက်ကစပြီး ရွာငံကနေ Camping လုပ်မယ့်နေရာကိုထွက်ခဲ့တာ နေရာကတော့ သူတို့အခေါ် Paradise valley တဲ့လှတာတော့ အတော်လှတယ် လမ်းမှာရှိတဲ့ ရှမ်းဘုန်းကြီးကျောင်ဘေးက တောင်ပေါ်မှာလဲ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ခေါင်းလောင်းကြီးလဲရှိတယ် ကြုံရင်ဝင်ကြည့်ကြ ရွာငံရဲ့အနောက်ဖက်မှာပဲ သိပ်မဝေးဘူး
သွားရတာ ရွာငံအနောက်ဖက် ၄ မိုင်လောက်ပဲဝေးတာ trekking အစစ်လောက်တော့မသွားရဘူး ဒါကို အတော်လေးသွားယူရတယ် 😅 ရွာနဲ့နီးတော့ နည်းနည်းကြောင်တယ်လို့တော့ခံစားရတယ် တောထဲမှာ (ကွင်းပြင်ထဲမှာ) တဲထိုးအိပ်ရတာဆိုတော့ အသစ်အဆန်းတော့ဖြစ်တယ် ကျနော်တို့သွားတုန်းကတော့ ညနေပိုင်းမိုးရွာတာနဲ့သိပ်အဆင်မပြေဘူး မီးဖိုလိုက် မိုးရွာလို့ တဲထဲပြန်ဝင်လိုက် ခဏနေမိုးတိပ်လို့ ပြန်ထွက်ပြီး မီးဖိုလိုက်နဲ့ ၄ ခါလောက်လုပ်ယူလိုက်ရတယ် မနက်နေထွက်လာချိန်တော့အတော်လေးလှတယ် ညနေနေဝင်ချိန်လဲလှမယ်ထင်တာပဲ မိုးကြောင့်မသိခဲ့ရတာ သွားရတဲ့ခရီးအရဆိုရင်တန်တယ်လို့ပြောလို့ရပေမယ့် ရွာငံကနယ်မြို့လေးဖြစ်နေလို့ လည်စရာနည်းပြီး ရှိတဲ့လည်စရာတွေက တစ်ခုနဲ့တစ်ခု အတော်ဝေးတယ် ကော်ဖီခြံတွေသွားလို့ရပေမယ့် နောက်မနက်ပြန်ရမယ့်အချိန်နဲ့ သိပ်မကိုက်တာနဲ့ မသွားခဲ့ရဘူး ကိုယ်ပိုင်သွားစရာ စီးတော်ယဉ် တစ်ခုခုပါလာရင် ပိုအဆင်ပြေမယ် ရွာငံမှာ ဈေးနေ့ရှိ့ပေမယ့် ကလောဈေးနေ့လိုမျိုးတော့ မစည်ဘူး သာမာန်ပါပဲ ဆောင်ရန်ရှောင်ရန်တော့သိပ်မရှိဘူး

No comments:

Post a Comment

Androids

Oppo A7 Os Vresion 5.2 [Android 8.1.0] မှာယူနီကုဒ်သွင်းနည်း

Oppo A7 Os Vresion 5.2 / Android 8.1.0 ကိုယူနီကုဒ်ဖောင့်ပဲ မှန်အောင်လုပ်ဆောင်နိုင်သောနည်း။
အရင်ဆုံး zFont ဗားရှင်းအသစ်ကိုဒေါင်းပါ။
Download Here
ဖုန်‌ဆော့ဝဲထဲရောက်ရင် အရင်ဆုံး Myanmar ဆိုတာကိုရှာပါ။
Myanmar ရှာတွေ့ရင် နံပါတ် 64 ဖြစ်တဲ့ဖောင့်ကိုဒေါင်းပါ။
ဖောင့်ကို ကိုနှိပ်ပြီးရင် Download & Set နိပ်ပါ
ကျန်တာတော့အောက်ကပုံအတိုင်တဆင့်ခြင်းလုပ်ဆောင်ပေးလိုက်ပါ။
zFont NewVresion











၁၀

၁၁

၁၂



No comments:

Post a Comment

Notes

Free, Paid or Crack ဘယ်ဟာသုံးသင့်လဲ ဘာတွေကွာလဲ

ကွန်ပျူတာ၊ ဖုန်းတစ်ခုခုကိုယ့်လက်ထဲမှာ ရှိနေပြီဆိုတာနဲ့ app တွေ software တွေသွင်းကြ သုံးကြပါတယ် ဒီနေရာမှာ အခကြေးငွေပေးဝယ်ရတဲ့ app တွေရှိသလို အခမဲ့ပေးသုံးတာတွေလဲရှိပါတယ် တစ်ချို့က အခမဲ့ကိုပဲသုံးတယ် တစ်ချို့က ဝယ်သုံးကြသလို တစ်ချို့က အခပေးတွေကို crack ပြီခိုးသုံးကြပါတယ် ဘယ်ဟာကိုသုံးသင့်လဲ ဘာတွေကွာလဲဆိုတာ ကျနော်နားလည်သလောက် ရှင်းပြထားပါတယ်
အခမဲ့
အခမဲ့ကတော့ရှင်းပါတယ် အခကြေးငွေပေးစရာမလိုပဲ ပေးသုံးတာပါ အခမဲ့ပေးသုံးတဲ့အတွက် တစ်ချို့အရာတွေမှာအဆင်ပြေချင်မှပြေပါမယ် ကြော်ငြာတွေလဲပါလာနိုင်ပါတယ် တစ်ချို့ကတော့ အခမဲ့ပေးသုံးတယ် ဒါပေမယ် ကြော်ငြာမထည့်ပဲ အလှူခံတာမျိုးရှိပါတယ် တတ်နိုင်လို့လှူချင်ရင်လှူ မလှူနိုင်လဲ အခမဲ့ပေးသုံးပါတယ် ( ဥပမာ- LibreOffice, Ubuntu OS ) တစ်ချို့က အခမဲ့နဲ့ အခပေး ၂ မျိုးထုတ်တတ်ကြပါတယ် အခပေးမှာပိုစုံတယ် ပိုကောင်းတယ် အခမဲ့မှာတော့ ကန့်သတ်ချက်တစ်ချို့ပါပြီး တစ်ချို့တွေကကြော်ငြာတွေထည့်ပါတယ် ( ဥပမာ- free google services နဲ့ google suite အတော်လေးကွာပါတယ် )
အခပေး
အခပေးကလဲရှင်းပါတယ် ရောင်းတာပါပဲ Software or app ကိုရောင်းစားတာပါ ကောင်းအောင်လုပ်တယ်ပြုပြင်ပေးထားတယ် အဲ့အတွက်ရောင်းတယ် ဘာကြော်ငြာမှမထည့်ထားဘူး ( ဥပမာ- Microsoft Office, Windows OS, Adobe Products, )

Crack
Crack ကတော့ အခပေးနဲ့သုံးရတဲ့ Software or app တွေကို အခကြေးငွေမပေးပဲသုံးလို့ရေအောင်လုပ်ပြီး သုံးကြတာပါပဲ မြန်မာပြည်ကလူတွေဆိုရင် ကွန်ပျူတာသုံးဖူးတဲ့သူတိုင်း Crack သုံးဖူးပါတယ် Windows OS, MS Office, Adobe Products တွေ ပြီးရင်တစ်ခြားအခပေးတွေ အကုန် Crack ပြီးပဲသုံးနေကြတာပါ ပိုက်ဆံပေးစရာမလို့ဘူး ခွေဝယ်ရင်တော့ ခွေဖိုးလောက်တော့ကုန်မှာပေါ့လေ 😂😂

ဒီသုံးခုထဲက ဘာကိုသုံးသင့်လဲဆိုရင်တော့ အကောင်းဆုံးကတော့ ဝယ်သုံးလိုဖြေရမှာပါပဲ ဝယ်မသုံးနိုင်ရင်တော့ အခမဲ့မှာရှိရင် အခမဲ့ကိုသုံးပါ ဥပမာ- MS Office ဆိုရင် ကျနော်တို့သုံးနေတာ စာစီစာရိုက်တာပဲသုံးနေတာပါ သူမှာပါတဲ့တစ်ခြားဖန်ရှင်တွေကိုဘယ်သူမှမသုံးကြပါဘူး စာစီစာရိုက်ဖို့ပဲဆိုရင် LibreOffice လဲအဆင်ပြေပါတယ် အခမဲ့လဲရတယ် မြန်မာစာကိုထောက်ပံ့မှူကလဲ MS Office ထက်ပိုမြန်ပါတယ် ပုံစံပိုင်းမှာလဲ ဘာမှထူးပြီး ကွာမသွားပါဘူး MS Office ရဲ့ file format တွေကိုလဲထောက်ပံ့တဲ့အတွက် အရင်ရိုက်ဖူးတာတွေကိုဖွင့်လို့ဖတ်လို့ရပါတယ် crack ကတော့မဖြစ်မနေသုံးဖို့လိုမှသုံးသင့်ပါတယ် crack software အများစုမှာ ကွန်ပျူတာ (သို့) ဖုန်းရဲ့ စနစ်ကိုတိုက်ခိုက်နိုင်တဲ့ Code တွေပါနိုင်ပါတယ် အခန့်မသင့်ရင် ကွန်ပျူတာမှာ virus ဝင်တာမျိုး ဖုန်းမှာဆိုရင် ကြော်ငြာတွေအလိုလိုတက်နေတာမျိုးတွေဖြစ်လာနိုင်ပါတယ် crack software or app ကိုသုံးခဲ့လိုပြဿနာတစ်ခုခုဖြစ်ခဲ့ရင်တော့ As your own risk ပါပဲလို့ပြောပါရစေ (ကျနော်လဲဝယ်မသုံးပဲ crack သုံးနေတာတွေရှိတာပါပဲ crack သုံးရတဲ့ အသိသာဆုံးမကောင်းတဲ့အချက်က သုံးရင်အဆင်မပြေဖြစ်ရင် ဘာအကူအညီမှတောင်မရတာ နည်းပညာအထောက်အပံတိုက်ရိုက်မရတာတွေပါပဲ ) အခုနောက်ပိုင်း နည်းပညာကုမ္ပဏီတွေကလဲ Cloud Base လုပ်ဖို့ကြိုးစားနေကြတယ် တစ်ချို့ဆိုရင်ရောက်နေပြီဖြစ်တဲ့အတွက်နောင်တစ်ချိန်မှာ crack လုပ်ပြီးသုံးလို့ရဖို့ကတော့ ဖြစ်နိုင်ခြေအတော်နည်းသွားပြီလို့ထင်ပါတယ်



No comments:

Post a Comment

Browser

Web Browser တွေမှာ ဇော်ဂျီရော ယူနီကုဒ်ရောဖတ်ဖို့

MUA Logo
Web Browser ‌တွေမှာ ယူနီကုဒ်ရော ‌ဇော်ဂျီရော ဖတ်ချင်ရင်တော့ ‌MUA addon သွင်းပေရပါမယ် MUA addon က လူသုံးများတဲ့ Browser တွေအတွက်ရှိပါတယ် အောက်မှာ ကိုယ်သုံးတဲ့ Browser အတွက် Link ကိုနှိပ်ပြီးသွင်းလိုက်ပါဗျ။ ဒီ MUA addon ကိုသုံးဖို့အတွက် ကွန်ပျူတာကယူနီကုဒ်စနစ်ပဲရှိဖို့လိုအပ်ပါတယ် ဇော်ဂျီပဲရှိနေရင် အဆင်မပြေတာတွေဖြစ်နိုင်ပါတယ်။


Microsoft Edge အတွက်
Microsoft Edge Extension store မှာ download လုပ်ပြီး အသုံးပြုလို့ရပါပြီ။
Click Here To Install

Contributors
ဝင်းလွင်မိုး

Firefox အတွက်
Firefox Add-Ons မှာ download လုပ်ပြီး အသုံးပြုလို့ရပါပြီ။ Mobile Web app မှာလဲရပါတယ်
Click Here To Install

Contributor
ဆန်းလင်းနိုင်

Chrome အတွက်
Chrome Web store မှာ download လုပ်ပြီး အသုံးပြုလို့ရပါပြီ။ Brave Browser အတွက်လဲ ဒီဟာကိုပဲသုံးလို့ရပါတယ်။
Click Here To Install

Contributor
ဆန်းလင်းနိုင်

Opera အတွက်
Opera Extension store မှာ download လုပ်ပြီး အသုံးပြုလို့ရပါပြီ။
Click Here To Install

Contributors
သန့်သက်ခင်ဇော်
အောင်မျိုးကျော်
စိုးသူရ
ဆန်းလင်းနိုင်

No comments:

Post a Comment

Androids

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် Setting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်)

No comments:

Post a Comment

Androids

Android မှာ ယူနီကုဒ်ပြောင်းသုံးပြီလုပ်သင့်တွေ

android logo
Android ဖုန်းတွေမှာ ယူနီကုဒ်ပြောင်းသုံးလိုက်တာနဲ့ သေချာတကတော့ ဇော်ဂျီနဲ့ရေးထားတဲ့စာတွေ sms တွေ အကုန်ဖတ်လို့ရတော့မှာမဟုတ်ပါဘူး ဒါပေမယ့် အဆင်ပြေအောင်လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ် အောက်က app လေးတွေသွင်းထားလိုက်ရင် အကုန်မဟုတ်တောင် အတော်များများအဆင်ပြေသွားမှာပါ
လက်ရှိမှာ sms တွေဖတ်မရမှာစိုးတဲ့သူတွေအတွက် ဒီ app လေးသွင်းထားလိုက်ပါ
Connect MUX app >>> http://bit.ly/2zsUtdm

Connect MUX app က SMS တွေကိုဘာနဲ့ပို့ပို့ ယူနီကုဒ်နဲ့ဖတ်လို့ရအောင်လုပ်ပေးပါတယ် Contacts တွေကိုလဲ ယူနီကုဒ်ကိုပြောင်းပေးနိုင်ပါတယ်
Contacts တွေ သီချင်းနာမည်တွေကို ယူနီကုဒ်ပြောင်းချင်တဲ့သူတွေအတွက်
mmUniToolKit app >>> http://bit.ly/2ZvWIak

mmUniToolKit app ကတော့ Contact name တွေ သီချင်းနာမည်တွေ ဖိုင်လ်နာမည်တွေကို ယူနီကုဒ်ကိုပြောင်းပေးနိုင်ပါတယ် အခုလောလောဆယ်မှာ sd card ထဲကနာမည်တွေတော့ မပြောင်းနိုင်ပါဘူး internal storage ထဲမှရှိတာတွေပဲပြောင်းပေးနိုင်ပါတယ်
**သတိထားဖို့ကတော့ တစ်ခါပဲပြောင်းဖို့ပါပဲ (ပြောင်းတဲ့ခလုပ်ကို နှိပ်ပြီးခဏစောင့်ပါ ပြောင်းစရာများရင်နည်းနည်းကြာတတ်ပါတယ် စိတ်ရှည်ပါ) တစ်ခါထက်ပိုပြီးပြောင်းမိရင် ကိုယ့်ဖာသာပြန်ရိုက်မှမှန်တော့မှာပါ**

စာတွေ ၂ မျိုးတင်ချင်သူတွေအတွက်

( <unicode> ............. <zawgyi> .............. အဲ့လို ၂မျိုးတင်လို့ရ )

pk Converter http://bit.ly/2U80TbB
Rabbit Converter http://bit.ly/2Zmfar0


စာရေးဖို့ Myanmar Unicode Keyboard တွေထဲကမှတချို့ 

(ကျန်တာတွေလဲရှိပါသေးတယ် အသုံးများတာပဲပြပေးထားတာပါ)

Gboard (Google Keyboard) http://bit.ly/2zpiAKf
K Keyboard (Z to U converter ပါ) http://bit.ly/2PicLsz
ttKeyboard (Z to U converter ပါ) http://bit.ly/2Pj4Uey
Bagan Keyboard (Z to U converter ပါ) http://bit.ly/2ZsyzWp
MUA Keyboard http://bit.ly/2Zp3WBW
frozen Keyboard (Z to U converter ပါ) http://bit.ly/2KZMgUD
Manic Keyboard (play store ကမဟုတ်) http://bit.ly/2KYu8dP

No comments:

Post a Comment

Apple

iOS မှာ ယူနီကုဒ်ပြောင်းသုံးပြီး ဇော်ဂျီနဲ့မှတ်ထားတာတွေ ဖတ်မရတော့ရင်

IOS Logo
iOS မှာ ယူနီကုဒ်ပြောင်းသုံးပြီး ဇော်ဂျီနဲ့မှတ်ထားတာတွေ ဖတ်မရတော့လို့ ဘယ်လိုလုပ်ရမယ် မသိတဲ့သူတွေအတွက်ပါ ttKeyboard မှာ Zawgyi to Unicode, Unicode to Zawgyi Converter ပါလာပါပြီ (နည်းနည်းတောင်ကြာပြီ) ttKeyboard Setting ttkeybiard setting ထဲက extension ထဲမှာရှိတဲ ဟာတွေကိုဖွင့်ပေးပါ ပြီးရင်တော့ ကီးဘုတ်အပေါ်က >> လေးကိုနှိပ်လိုက်ရင် ကွန်ဗာတာလေးပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကိုနှိပ်ပြီးပြောင်းရုံပါပဲ
Apple Notes app




No comments:

Post a Comment

Apple

iOS13 မှာ ယူနီကုဒ်ဖတ်မရခဲ့ရင် ပြန်သွင်းနည်း

iOS13 မှာ ယူနီကုဒ်ဖတ်မရခဲ့ရင် ပြန်သွင်းနည်း (တကယ်ကသွင်းစရာမလိုပါဘူး iOS13 တင်လိုက်တာနဲ့ မြန်မာယူနီကုဒ်ကအလုပ်လုပ်မှာပါ ကီးဘုတ်ပဲသွင်းပေးရမှာပါ)
Setting – General – Language & Region – Preferred Language Order အောက်ဘက်က မြန်မာစာ (Burmese) ထဲဝင်ပါ Standard ( Recommended ) ကို ရွေးပေးလိုက်ပါ။ Reboot ကျပီး ပြန်တက်လာရင် နောက်တစ်ခေါက် Restart ချပေးလိုက်ပါ Unicode ပြောင်းသွားပါပီ။
iOS 13 User များအတွက် Apple မှ Unicode Keyboard Built in ထည့်သွင်းပေးထားပါတယ်။
Setting – General – Keyboard – Keyboards – Add New Keyboards မှာ Burmese ကိုရွေးပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ TTkeyboards သုံးနေသူအတွက် Built in Keyboard က စာလုံးနေရာအထားအသိုမတူ ဒါကြောင့် အဆင်မပြေမှုတွေတော့ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိအဆင်ပြေရာ သုံးနိုင်ပါတယ်။

No comments:

Post a Comment

Apple

iOS13 နဲ့ အသင့်ပါလာတဲ့ မြန်မာစာ၊ မြန်မာလက်ကွက်

iOS13 မှာမြန်မာဖောင့် ၂ ခုလုံးပါလာပါတယ် Default အနေနဲ့ယူနီကုဒ်ကိုထားပေးထားပေမယ့် ဇော်ဂျီကိုလဲရွေးလို့ရပါတယ် ကီးဘုတ်ကတော့ ယူနီကုဒ်ကီးဘုတ်ပဲ ပါပါတယ် အဲ့အတွက် iOS နဲ့ iPad OS ရဲ့ External Keyboard မှာ မြန်မာလို့ရိုက်လို့အဆင်ပြေသွားမယ်လို့ထင်ပါတယ် ( မရှိတဲ့အတွက်သေချာတော့မသိ )သူတို့အပြောအရ အပြောင်းအလဲကာလမှာ အကူအညီဖြစ်ဖို့ပေါ့လေ ဖြစ်တော့ဖြစ်နိုင်ပါတယ် ဘာလို့ဆိုတော့ သူတို့လုပ်ပေးတာက Google လုပ်တာထက် ပိုပြီးပြတ်သားလို့ပါ ဖောင့် ၂ မျိုးပါမယ် ကြိုက်တဲ့တစ်မျိုးသုံးလို့ရမယ် ဘယ် font profile မှအလုပ်မလုပ်တော့ဘူး အရင် wwdc ပွဲမှာသတိထားမိခဲ့တာကတော့ apple အနေနဲ့ font တွေကို app store မှာရောင်းဖို့ကြိုးစားနေပါပြီ ဘယ်တော့စရောင်းမလဲတာသာမသိတာ အဲ့ဒီအတွက် font profile တွေကို အလုပ်ပေးမလုပ်တော့တာလဲပါမှာပါ အဲ့လို font profile တွေအလုပ်မလုပ်တော့တဲ့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ sms တွေဖတ်မလား မဖတ်ဖူးလားအပေါ်မှာမူတည်ပြီး ဘယ်ဖောင့်ကိုသုံးမလဲ ဘာညာဖြစ်ကြတော့မယ် အရင်လို ဇော်ဒီတွေထည့်ပြီး ၂ မျိုးလဲမြင်ဖို့မလွယ်တော့တဲ့အတွက် တစ်ဖက်ဖက်ကိုကူးကြရတော့မှာပါ sms ဖတ်မရလို့တို့ဘာတို့ပြောတဲ့သူတွေကလဲ အတော်များပါတယ် ဘာမှမဟုတ်တဲ့ ads sms တွေဆိုပေမယ် ကိုယ်တွေသာမဖတ်တာ ဖတ်တဲ့သူအတော်များတာပါပဲ အခုတောင် sms ဖတ်မရလို့ပါ ဘယ်လိုဖတ်ရမလဲ ပြောနဲ့သူတွေ မေးတဲ့သူတွေ အတော်လေးကိုများပါတယ် အောက်တိုဘာ ၁ ရက်နေ့မှာတော့ အတော်များများ ယူနီကုဒ်ကိုပြောင်းကြမယ်လို့မျှော်လင့်ပါတယ် 😂😂  iOS13 မှာပါတဲ့ လက်ကွက်ကတော့ ကြပ်လွန်းပါတယ် အသုံးနည်းတဲ့ ကီးတွေဖြစ်တဲ့ ဋ နဲ့ ဍ ကို ရှေ့ကိုပို့ထားတယ် ကင်းစီး (င်္)ကို သပ်သပ်ကီးတစ်ခုပေးထားတယ် အဲ့အတွက် ပုံမှန်ရိုက်နေကျနည်းနဲ့ရိုက်မရ ပုံမှန် မင်္ဂလာပါ ကို မင် +  ္  + ဂလာပါ လို့ ရိုက်လို့အဆင်ပြေပေမယ့် iOS13 လက်ကွက်မှာကတော့ မဂ +  င်္ + လာပါ လို့ရိုက်မှရပါမယ် သိပ်တော့မမိုက်ဖူး ကျန်တာတွေကတော့ အဆင်ပြေတယ် ပြောကြပါတယ်

No comments:

Post a Comment

Architecture

ဗိသုကာ အငယ်တွေဖတ်သင့်တဲ့ စာအုပ်တစ်ချို့

ကျောင်းပြီးခါစ ဒါမှမဟုတ်ကျောင်းတတ်နေတုန်း ဗိသုကာအငယ်တွေအတွက်ဖတ်သင့်တဲ့စာအုပ်တချို့ကိုရှာပေးထားပါတယ် ကိုယ်တိုင် ဘာကောင်မှတော့မဟုတ်သေးပေမယ့် ဒီစာအုပ်လေးတွေက ဖတ်သင့်တယ်လို့ခံစားရလို့ပါ ဒီအထဲက ၃ အုပ်ကတော့ဖတ်ပြီးပြီ ကျန်တဲ့ ၃ အုပ်ကတော့ဖတ်လက်စပဲ e skill အများကြီးကောင်းစရာမလိုပါဘူး ပုံလေးတွေလဲပါပါတယ် 😅😅 ဖြစ်နိုင်ရင်တော့ဝယ်ကြပါ မဝယ်နိုင်ရင်တော့ ကွကိုယ်ရှာကြပါ google မှာပေါးပါတယ် ooredoo ကဖုန်းဘေနဲ့ play store မှာဝယ်လို့ရအောင်လုပ်နေပြီလို့ပြောတယ် ဒီနှစ်ထဲတော့ရမယ်ထင်တာပါပဲ ဝယ်ချင်ရင်တော့ play store ကနေဝယ်တာပိုကောင်းမယ်မြန်မာဘဏ်ကဒ်တွေနဲ့လဲဝယ်လို့ရပါတယ်

The Interior Design Reference & Specification Book: Everything Interior Designers Need to Know Every Day


Amazon
Google Book ebook

Interior Design Illustrated


Amazon
Google Book eBook

The Handbook of Interior Design


Amazon
Google Book eBook

Architectural Graphics


Amazon
Google Book eBook

The Architecture Reference & Specification Book updated & revised: Everything Architects Need to Know Every Day


Google Book ebook

Design Drawing



No comments:

Post a Comment

Androids

MEIZU ဖုန်းများ ကို Unicode Fonts ထည့်နည်း

mizeu phone
MEIZU 16th Global ROM နဲ့ တခြား MEIZU ဖုန်းများကို Unicode Fonts ထည့်နည်းကို မျှဝေချင်ပါတယ်။ တစ်ဆင့်ချင်းစီကို ပုံနဲ့စာနဲ့တွဲပြီး စနစ်တကျလုပ်ပေးထားပါတယ်။ သို့သော် ချက်ချင်း တန်းမရပါ။ Root Access Preview အတွက် တစ်ရက်နီးပါး စောင့်ရပါမယ်။ ကဲဘာမှ မလုပ်ရသေးခင် သိထားရမှာလေးတွေကို ‌ပြောပြချင်ပါတယ်။ သေသေချာချာဖတ်ပေးပါ။ Global ROM ဟာ Firmware ချိန်းပြီး Root ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Warranty ကို အနည်းနဲ့ အများ ထိခိုက်မှာဖြစ်တဲ့အတွက် အာမခံသက်တမ်းနဲ့ အကျိုးခံစားခွင့်တွေကို သေချာစဉ်းစား ဆုံးဖြတ်သင့်ပါတယ်။ ပြီးတော့ MEIZU ဟာ လာမယ့် Flyme 8 မှာလည်း Zawgyi ကို Built-in default font အနေနဲ့ လာမှာ ဖြစ်ပြီး Unicode Font မပါပါဘူး။ MEIZU user များအတွက် စိတ်မကောင်းစရာပါ။
**Root ရှိပါက app နဲ့သွင်းရင်လဲရပါတယ် ဒီ link မှာ meizu font changer app သွားဖတ်ကြည့်ပါ**

ဒီပို့စ်ဟာ 16th အတွက်တင် မကဘဲ MEIZU ဖုန်းအားလုံးနီးပါးအတွက် ဖြစ်ပါတယ်။ Global MEIZU ဖုန်း အားလုံးနီးပါး ဟာ Root Access လုံးဝမရပါ။ China Version မှာတော့ တချို့‌တွေ ရပါတယ်။ တချို့တွေတော့ မရပါဘူး။ Root က အရင်လို Third Party Rooter တွေ Down ပြီး လွယ်လွယ်နဲ့ လုံးဝ ဖောက်မရပါဘူး။
.
ဒီတော့ Global ဖြစ်စေ၊ China ဖြစ်စေ ဖုန်း Setting ထဲက Fingerprint and Security ထဲမှာ "Root Permission" ဆိုတာကို ရှာပါ။ (တချို့က setting ထဲက Accessibility ထဲမှာ ရှိတတ်ပါတယ်။ သေချာရှာပါ)

Root Permission ပါတဲ့ဖုန်းများ Stage16 မှစတင်ပါ။

Root Permission မပါတဲ့ China ROM များ Stage8 မှ စတင်ပါ။

Root Permission မပါတဲ့ Global Rom များကတော့ China (A-version) ‌ပြောင်းရပါမယ်။ MEIZU 16th Global နဲ့ ပြောင်းနည်းတူတူပါပဲ။ ပြောင်းနည်းကိုအောက်မှာ ပြောပြထားပါတယ်။ ပုံတစ်ပုံခြင်းစီအောက်မှာ စာနဲ့ရှင်းပြထားပါတယ်။
**အထူးသတိပေးချင်တာကတော့ ကျွမ်းကျင်မှု့မရှိရင် ကိုယ်တိုင်မလုပ်သင့်ပါဘူးဗျ**
Stage1

ပထမဆုံး 16th Global Version ကို Root Access ရဖို့ China Version (A-version) ‌အရင်ပြောင်းရပါမယ်။ ROM ချိန်းတယ်ဆိုတာ Firmware အသစ်ပြန်တင်တာကို ပြောတာပါ။ Firmware ပြန်တင်မှာ ဖြစ်တဲ့ အတွက် data တွေအကုန်ပျက်မှာပါ။ ဒါကြောင့် အကုန် BackUp ယူထားပါ။ BackUp ယူနည်း ကတော့ မပြောတော့ပါဘူး။ အဆင်ပြေတဲ့နည်းနဲ့ ယူထားပါ။ BackUp ယူပြီးရင်တော့ စလို့ရပါပြီ။

Stage2
ပထမဆုံး ဒီလင့်ခ်ကို သွားပါ။ https://www.flyme.cn/firmware.html
အဲ့ထဲကနေမှ မိမိဖုန်းအမျိုးအစားကို‌ ရွေးနှိပ်ပါ။ ကျွန်တော်ကတော့ အခုပြမယ့်ဖုန်း 16th ကိုရွေးလိုက်ပါတယ်။ ပုံ (၁) တွင်နမူနာကြည့်ပါ။
ပုံ (၁)
Stage3
ပြီးရင် အပြာရောင် Button လေးကိုနှိပ်ပြီးဒေါင်းလိုက်ပါ။ ပုံ (၂) တွင်နမူနာကြည့်ပါ။
ပုံ (၂)

Stage4
ရလာတဲ့ update.zip ကို download folder ထဲကနေ အပြင်ဆုံးကို (move) ထုတ်ပါ။ (Disk or Internal or Main root)။ အခက်အခဲရှိလျှင် နည်းပညာနှင့် အနည်းငယ်ကျွမ်းဝင်သူတို့ကို အကူအညီတောင်းပါ။ ပုံ (၃) တွင်နမူနာကြည့်ပါ။
ပုံ (၃)



Stage5
ဖုန်းကို shutdown လိုက်ပြီး လုံးဝပိတ်သွားပြီးသောအခါ အသံချဲ့ခလုပ်နှင့် အဖွင့်အပိတ်ခလုပ်ကို တပြိုင်နက်တည်း နှိပ်ပါ။ (Volume Up + Power) ဤသို့ပေါ်လာလျှင် System Upgrade နှင့် Wipe or Clear Data ကို ‌ရွေးပြီး Start ကို နှိပ်ပါ။ ပုံ (၄) တွင်နမူနာကြည့်ပါ။

ပုံ (၄)
Stage6
ဆယ်မိနစ်နီးပါး စောင့်ရမည်။ Firmware သွင်းနေချိန် ဘာကိုမှ မနှိပ်ပါနှင့်။ စိတ်ရှည်ပါ။ A version ရမည်ဖြစ်သည်။ ပုံ (၅) တွင်နမူနာကြည့်ပါ။
ပုံ (၅)
Stage7
Google setup များပြုလုပ်လိုလျှင် ဒီလင့်ခ် ကိုသွားပါ https://xiaomifirmware.com/downloads/download-google-installer-3-0-xiaomi/
ပြီးလျှင် Download: GoogleInstaller_3.0.apk ဆိုတာကိုရှာပြီး Download and install လုပ်ပါ။ အလွယ်တကူ Setup လုပ်နိုင်ပါသည်။ ‌ခြောက်ဆင့်လုံးကို App ကို task clear လုပ်လိုက် Setup လုပ်လိုက် ပြုလုပ်ပါ လွယ်ကူပါသည်။ ပုံ (၆) တွင်နမူနာကြည့်ပါ။
ပုံ (၆)


Stage8
Setting ထဲတွင် Flyme account ကို ဖုန်းနံပါတ် အသုံးပြုပြီးဖွင့်ပါ။ ရှိပြီးသားဆိုလျှင် ထပ်လုပ်စရာမလိုပါ။
ပုံ (၇) တွင်နမူနာကြည့်ပါ။
ပုံ (၇)
Stage9
ဤလင့်ခ်ကို သွားပါ >>  https://mroot.flyme.cn/download.html
အပြာ Button လေးကို နှိပ်ပြီး app ကို install ပါ။ ပုံ (၈)တွင်နမူနာကြည့်ပါ။
ပုံ (၈)
Stage10
PSN နဲ့ CHIPID များကိုမှတ်သားထားပါ။ ပုံ (၉) တွင်နမူနာကြည့်ပါ။
ပုံ (၉)

Stage11
ဤလင့်ခ်ကို သွားပါ >> https://mroot.flyme.cn/
အပြာ button လေးကို နှိပ်ပါ။ ပုံ (၁၀) တွင်နမူနာကြည့်ပါ။
ပုံ (၁၀)
Stage12
အမှန်ခြစ်ခဲ့ပါ။ ဆက်နှိပ်ပါ။ ပုံ (၁၁) တွင် နမူနာကြည့်ပါ။
ပုံ (၁၁)
Stage13
အပြာရောင်ကို နှိပ်ပါ။ ပုံ (၁၂) တွင် နမူနာကြည့်ပါ။

ပုံ (၁၂)

Stage14
အချက်အလက်များကို ပုံပါ အညွှန်းအတိုင်း ဖြည့်ပါ။ အပြာကိုနှိပ်ပြီး 24 နာရီစောင့်ပါ။ ဤအဆင့်ကိုပြုလုပ်ရန် တနင်္လာနေ့မှ ကြာသပတေးနေ့အတွင်းသာ ပြုလုပ်ပါ။ ကျန်ရက်များတွင် ပိုကြာမည်။ ပုံ (၁၃) တွင် နမူနာကြည့်ပါ။
ပုံ (၁၃)
Stage15
ဖုန်းကို မကြာခဏ restart ပြုလုပ်‌ပြီး Root app ရှိ စာတန်းများကို ထပ်ကာထပ်ကာနှိပ်လျင်လည်း root စာတန်းအပြာရောင် ပြောင်းသွားတတ်ပါသည်။ Root စာတန်း အပြာရောင်ပြောင်းလျှင် နှိပ်ကာ Restart ချပါ။ Root Access ရပြီးဖြစ်ပါသည်။ ပုံ (၁၄) တွင် နမူနာကြည့်ပါ။
ပုံ (၁၄)
Stage16
Setting ထဲရှိ Fingerprint and Security ထဲတွင် Root Permission ရောက်လာပါလိမ့်မည်။ on လိုက်ပါ။
ပုံ (၁၅) တွင် နမူနာကြည့်ပါ။
ပုံ (၁၅)
Stage17
Unicode Font ကို Download လုပ်ပါမယ်။ ကျွန်တော်ကတော့ Unicode စံအဝင်ဆုံး လုံးဝ Pure Risk ဖြစ်တဲ့ ပြည်ထောင်စု font ကို အသုံးပြုပါတယ်။ (မိမိနှစ်သက်ရာ font ကို down ပါ။ ကျွန်တော်ကတော့ စနစ်အကျဆုံး၊ အမှားအကင်းဆုံး၊ စံအဝင်ဆုံး ပြည်ထောင်စု font ကိုပဲ recommend ပေးပါတယ်။)
ဤလင့်ခ်ကနေဝင်ပြီး ဒေါင်းပါ။ https://mcf.org.mm/pyidaungsu-font.html
ကျွန်တော်ကတော့ Pyidaungsu Regular 2.5.3 ကိုရွေးဒေါင်းပါတယ်။ ပုံ (၁၆) တွင် နမူနာကြည့်ပါ။
ပုံ (၁၆)

Stage18
Download Folder ထဲက Pyidaungsu Regular 2.5.3.ttf ကို ZawgyiOne.ttf လို့ rename အမည်ပြောင်းပါ။
ပုံ (၁၇) တွင် နမူနာကြည့်ပါ။
ပုံ (၁၇)
Stage19
ES File Explore ကို ‌ဤလင့်ခ်တွင် download ပါ။  Download ES File Explore   ပြီးလျှင် Install ပါ။
ပုံ (၁၈) တွင် နမူနာကြည့်ပါ။
ပုံ (၁၈)

Stage20
Root Permission တောင်းရင် Allow နဲ့ Still Allow ကိုနှိပ်ပါ။ ပုံ (၁၉) တွင် နမူနာကြည့်ပါ။
ပုံ (၁၉)
Stage21
Root Explorer ကို On လိုက်ပါ။ ပုံ (၂၀) တွင် နမူနာကြည့်ပါ။
ပုံ (၂၀)




Stage22
ES File Explore မှInternal Storage ကိုနှိပ်ပါ။ Download Folder ထဲမှ ZawgyiOne.ttf ကိုရှာပြီး Copy လုပ်ပါ။ ပုံ (၂၁) တွင် နမူနာကြည့်ပါ။
ပုံ (၂၁)
Stage23
ဘေးထဲမှာ Device ကိုနှိပ်ပါ။ System Folder ထဲကို ဝင်ပါ။ Fonts ကို နှိပ်ပါ။ copy ယူထားသော ZawgyiOne.ttf ကို paste လုပ်ပါ။ Overwrite နှိပ်ပါ။ (Root Explorer ပိတ်သွားတတ်ပါသည်။ ပြန်ဖွင့်ပါ။)
ပုံ (၂၂) တွင် နမူနာကြည့်ပါ။
ပုံ (၂၂)
Stage24
* Global version ဖြစ်နေသူများ restart လုပ်ပါ။
* A version များ Theme ထဲရှိ Font ကိုသွားပြီး Default ရွေးပါ။ Restart လုပ်ပါ။
* Global မှ A version ပြောင်းထားခါစများ restart ခလုပ်ပါ။ ပုံ (၂၃) တွင် နမူနာကြည့်ပါ။
ပုံ (၂၃)
Stage25
UNICODE စံဝင် font ကို Install လုပ်တာပြီးပါပြီ။ Keyboard ကတော့ GBoard ကို recommend ပေးပါတယ်။ ကြိုက်တာသုံးပါ။ စံအဝင်ဆုံးသုံးချင်ရင်တော့ ပြည်ထောင်စုဖောင့်နဲ့ GBoard ကို သုံးတာ အကောင်းဆုံးပါပဲ။ အမှားကင်းပါတယ်။ (အခု post တစ်ခုလုံးကို ပြည်ထောင်စုဖောင့်နဲ့ ရိုက်ပါတယ်။) စာရိုက်အနည်းငယ်လေ့လာရပြီး အစောပိုင်းမှာ ခက်သယောင်ရှိ‌ပေမယ့် တစ်ရက်၊ နှစ်ရက်အတွင်း အသားကျသွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်လေ့လာပါ။ သင်ယူပါ။ အချိန်ပေးပါ။ အဆင်ပြေသွားပါလိမ့်မယ်။ Facebook နဲ့ Messenger App မှာတော့ ဇော်ဂျီ-ယူနီကုတ် Auto Convert ဖြစ်တဲ့အတွက် နှစ်မျိုးလုံး မြင်ရပါမယ်။ တချို့နေရာတွေမှာ တခြားသူပို့တဲ့စာ၊ ရေးတဲ့စာတွေ မမြင်ရလို့ မြန်မာစာမှားနေတယ်လို့ မထင်ပါနဲ့။ မိမိက မှန်ပါတယ်။ သူတို့က UNICODE ကို မပြောင်းရသေးလို့ပါ။ ‌သူတို့ကို ပြောင်းဖို့ တိုက်တွန်းပါ။ ကူညီပါ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ အဆင်ပြေကြပါစေ။

Credit - Ko Zaw Hein Htet Aung

No comments:

Post a Comment