လောလောဆယ် Vivo (6.0, 8.1) နှစ်လုံးစမ်းပြီး အဆင်ပြေပါတယ်။
(လိုက်စမ်းတဲ့သူတွေပြောတာ Y51,Y53, Y85, V5Plus, V3, V1 တွေပါရတယ်တဲ့ဗျ )
Computer လိုပါတယ်။
1.ဖုန်းမှာ morelocale2 ကို install လုပ်ထားပါ
2. Settings > Developer option မှာ usb debugging on ထားပြီး ကွန်ပျူတာနဲ့ Connect လုပ်ထားပါ။ developer option မတွေ့သူများ about phone ထဲက build number (software version) ကို ၇ချက်လောက် ဆက်တိုက်နှိပ်ပါ
3. Computer မှာ KaungMyat.zip ကို Right click နှိပ်ပြီး Extract Here လုပ်ပါ။ run.bat ကို run ပါ။ ဖုန်းမှာ adb access တောင်းပါမယ် allow လုပ်ပါ။ သေချာချင်ရင် run.bat ပိတ်သွားရင် ထပ် run ပါ။
4. Morelocale2 ကိုဖွင့်ပါ။ Custom locale ကိုနှိပ်ပါ။ Language မှာ en ထားပါ။ Country မှာ MM ထားပြီး Set နှိပ်ပါ။ ဖုန်း Settings ထဲက Language မှာ English (Myanmar(Burma)) လို့ပေါ်နေပါလိမ့်မယ်။
5. zFont ကနေ ကြိုက်နှစ်သက်ရာ ဖောင့်ရွေးပြီး Set လုပ် unicode ကို English settings နဲ့ သုံးလို့ရပါပြီ
Gboard နဲ့တစ်ချို့ဖုန်းတွေမှာ မေမေ ရေးချင်ရင် ‌ေ ကိုနောက်မှရိုက်ရပါလိမ့်မယ်။ Bagan keyboard သုံးရင် အဆင်ပြေသွားပါလိမ့်မယ်။

zfont Download Here
morelocale2 Download Here
KaungMyat.zip Download Here