Skip to main content

Meizu M6 ကို Unicode သွင်းနည်း

Meizu Mobile Phone
Meizu M6 ကို Unicode သွင်းတာ တော်တော်လည်သွားတယ်ဗျာ ဒေါင်းလိုက်ရတဲ့ Root APK တွေ သူများဖုန်းတော့ မပြောတတ်ဘူး ကျနော့်ဖုန်းတော့ kingroot, kingoroot တခြားဟာတွေနဲ့ တခုမှအဆင်မပြေခဲ့ပါဘူး Bro Yan Aung Moe လည်း ကျနော်ကို လုပ်ပုံလုပ်နည်း ပြောရင်းနဲ့ သူလည်း အချိန်တော်တော်ကုန်ခဲ့ပါတယ် အခုရသွားတာက ဒီမှာ တင်ထားတဲ့နည်းနဲ့အဆင်ပြေသွားတာပါ မူရင်း post ပျက်သွားမှာစိုးလို့အောက်မှာကူးယူပေးထားပါတယ်
(Flyme 7,Flyme 6 global version တင်ထားသော M6 note,Pro7,Pro7+,Pro6+,Mx6,M6s M5note (flyme 7) root permission မရသော ဖုန်းများတွင် root permission ရအောင်ပြုလုပ်နည်း
At your own risk.
  1. အရင်ဆုံး ကိုယ့်ဖုန်းထဲမှာ flyme acc ဝင်ထားပါ
  2. Quick shortcutmaker apk ဒေါင်းပါ  Download Here
  3. Setting,display and brightness,Easy mode ကို enable လုပ်ပါ
  4. Quick shortcutmaker apk ကိုဖွင့်ပါ
  5. Flyme ကိုရှာပါ တွေ့ရင်နှိပ်လိုက်ပါ
  6. com.meizu.root.openSystemRightactivity ကိုရှာပါ တွေ့ရင်တချက်နှိပ်ပါ Create လုပ်ပေးလိုက်ပါ
  7. Home screen ပေါ်မှာ flyme ဆိုပြီးပေါ်လာပါမယ်
  8. internet ဖွင့်ပြီး flyme ထဲဝင်လိုက်ပါ အောက်ဆုံးမှာ accept ကိုအမှန်ခြစ် ok နှိပ် မိမိ flyme acc ထည့်ပေးလိုက်ပါ reboot ကျပြီးပြန်တက်လာရင် root permission ရပါပြီ ( easy mode ပြန်ထွက်လိုက်ပါ)
အဲ့ဒါဆို root access ရသွားပါပြီ root ရသွားရင် အောက်ကအတိုင်း ယူနီကုဒ်ဖောင့်ကိုသွင်းပါဗျ
Meizu ကို unicode ပြောင်းမယ်
  1. ကြိုက်တဲ့ unicode font ကိုဒေါင်းပါ [ မြန်မာယူနီကုဒ်ဖောင့်အလှများရယူရန် ]
  2. ZawgyiOne.ttf လို့ file name ပြောင်းပါ(file name ချိန်းပီးသား unicode font Download Here
  3. ES file explorer ကိုဒေါင်းပါ Download Here
  4. ES file explorer apk ကိုဖွင့်ပါ
  5. root permission တောင်းရင် allow ပေးလိုက်ပါ still allow နှိပ်ပါ
  6. ES file explorer ထဲက root explorer ကို on ပါ
  7. ES file explorer ထဲကနေ အပေါ်က file name ချိန်းခဲ့တဲ့ ZawgyiOne.ttf file ကိုရှာပါ (ကျွန်တော့ဖုန်းမှာက internal storage >> download ထဲမှာပါ)
  8. ZawgyiOne.ttf file ကို copy ယူပါ
  9. ES file explorer >> device>> System >> Fonts >> ထဲသွားပီး paste နှိပ်ပါ
  10. Overwrite နှိပ်ပါ
  11. China version(A version) သမားတွေက theme apk >> fonts ထဲသွားပီး system default ကိုရွေးပီး ဖုန်းကို restart ချပါ (Global version G သမားတွေက restart ချရင်ရပါပီ theme ထဲသွားစရာမလိုပါ)
  12. ဖုန်းပြန်တက်လာရင် unicode ဖြစ်ပါပီ
Font style ချိန်းချင်ရင်တော့ ခုထက်ပိုပီး အဆင့်များပါလိမ့်မယ်
meizu flyme 7.0 os အတွက်ပါ

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...