iOS13 နဲ့ အသင့်ပါလာတဲ့ မြန်မာစာ၊ မြန်မာလက်ကွက်
iOS13 မှာမြန်မာဖောင့် ၂ ခုလုံးပါလာပါတယ် Default အနေနဲ့ယူနီကုဒ်ကိုထားပေးထားပေမယ့် ဇော်ဂျီကိုလဲရွေးလို့ရပါတယ် ကီးဘုတ်ကတော့ ယူနီကုဒ်ကီးဘုတ်ပဲ ပါပါတယ် အဲ့အတွက် iOS နဲ့ iPad OS ရဲ့ External Keyboard မှာ မြန်မာလို့ရိုက်လို့အဆင်ပြေသွားမယ်လို့ထင်ပါတယ် ( မရှိတဲ့အတွက်သေချာတော့မသိ )သူတို့အပြောအရ အပြောင်းအလဲကာလမှာ အကူအညီဖြစ်ဖို့ပေါ့လေ ဖြစ်တော့ဖြစ်နိုင်ပါတယ် ဘာလို့ဆိုတော့ သူတို့လုပ်ပေးတာက Google လုပ်တာထက် ပိုပြီးပြတ်သားလို့ပါ ဖောင့် ၂ မျိုးပါမယ် ကြိုက်တဲ့တစ်မျိုးသုံးလို့ရမယ် ဘယ် font profile မှအလုပ်မလုပ်တော့ဘူး အရင် wwdc ပွဲမှာသတိထားမိခဲ့တာကတော့ apple အနေနဲ့ font တွေကို app store မှာရောင်းဖို့ကြိုးစားနေပါပြီ ဘယ်တော့စရောင်းမလဲတာသာမသိတာ အဲ့ဒီအတွက် font profile တွေကို အလုပ်ပေးမလုပ်တော့တာလဲပါမှာပါ အဲ့လို font profile တွေအလုပ်မလုပ်တော့တဲ့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ sms တွေဖတ်မလား မဖတ်ဖူးလားအပေါ်မှာမူတည်ပြီး ဘယ်ဖောင့်ကိုသုံးမလဲ ဘာညာဖြစ်ကြတော့မယ် အရင်လို ဇော်ဒီတွေထည့်ပြီး ၂ မျိုးလဲမြင်ဖို့မလွယ်တော့တဲ့အတွက် တစ်ဖက်ဖက်ကိုကူးကြရတော့မှာပါ sms ဖတ်မရလို့တို့ဘာတို့ပြောတဲ့သူတွေကလဲ အတော်များပါတယ် ဘာမှမဟုတ်တဲ့ ads sms တွေဆိုပေမယ် ကိုယ်တွေသာမဖတ်တာ ဖတ်တဲ့သူအတော်များတာပါပဲ အခုတောင် sms ဖတ်မရလို့ပါ ဘယ်လိုဖတ်ရမလဲ ပြောနဲ့သူတွေ မေးတဲ့သူတွေ အတော်လေးကိုများပါတယ် အောက်တိုဘာ ၁ ရက်နေ့မှာတော့ အတော်များများ ယူနီကုဒ်ကိုပြောင်းကြမယ်လို့မျှော်လင့်ပါတယ် 😂😂 iOS13 မှာပါတဲ့ လက်ကွက်ကတော့ ကြပ်လွန်းပါတယ် အသုံးနည်းတဲ့ ကီးတွေဖြစ်တဲ့ ဋ နဲ့ ဍ ကို ရှေ့ကိုပို့ထားတယ် ကင်းစီး (င်္)ကို သပ်သပ်ကီးတစ်ခုပေးထားတယ် အဲ့အတွက် ပုံမှန်ရိုက်နေကျနည်းနဲ့ရိုက်မရ ပုံမှန် မင်္ဂလာပါ ကို မင် + ္ + ဂလာပါ လို့ ရိုက်လို့အဆင်ပြေပေမယ့် iOS13 လက်ကွက်မှာကတော့ မဂ + င်္ + လာပါ လို့ရိုက်မှရပါမယ် သိပ်တော့မမိုက်ဖူး ကျန်တာတွေကတော့ အဆင်ပြေတယ် ပြောကြပါတယ်
☕ Admin ကို မုန့်ဖိုးပေးရန်
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Admin ကို ကော်ဖီ တိုက်နိုင်ပါတယ်ခင်ဗျာ။
QR ဖတ်ရန်နှင် ဖုန်းနံပတ်ကူးယူရန်

No comments: