Notes

Windows 10 Version 20H2 မှာ Classic System Information ကြည့်နည်း

 Windows 10 Version 20H2 မှာ Control Panel ကနေပြီးတော့ System Information ကြည့်လို့မရတော့ဘူး (ပုံ-၁)။ အရင်ကဆိုရင် Control Panel ထဲက System ပေါ်ကိုနှိပလိုက်တာနဲ့ System Information ပွင့်လာတယ် အခုတော့ အဲ့လိုပွင့်မလာပဲနဲ့ Windows Setting ထဲက About ပွင့်လာတယ် (ပုံ-၂)။

ပုံ-၁
ပုံ-၂
အရင်လို Classic System Information View မျိုးပြန်ကြည့်ချင်ရင် Control Panel ထဲက System and Security ထဲက System ပေါ်ကို Right Click နှိပ်ပြီး Open နဲ့ဖွင့်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်။ (ပုံ-၃၊ ပုံ-၄)

ပုံ-၃

ပုံ-၄





No comments:

Post a Comment

Google

Google Services တွေပြတ်တောက်မှု့ဖြစ်

Google Services တွေဟာ ဒီနေ့ညနေပိုင်း ( မြန်မာအချိန် ၆ နာရီ ၃၀ မိနစ်ခန့်) ကပြတ်တောက်မှု့ဖြစ်ခဲ့ပါတယ်။ တစ်ခုချင်းစီပြတ်တောက်တောမဟုတ်ပဲ Google နဲ့ဆိုင်တာတွေအကုန် သုံးမရဖြစ်ခဲ့တာပါ။ ည ၇ နာရီခန့်မှာတော့ အများစုပြန်ရခဲ့ပါတယ်။ 


No comments:

Post a Comment

Google

Google Account ပေါ်လစီတွေပြောင်း

Google ကတော့ ဒီနှစ်ထဲမှာ ပေါ်လစီအပြောင်းအလဲ အသစ်တွေ တစ်ခုပြီးတစ်ခု လုပ်နေတော့တာပါပဲ ကြည့်ရတာ Google One Storage ကသိပ်ရောင်းမကောင်းလို့လားပဲ။ ပထမဆုံး Google Photo ကို Unlimited မပေးတော့ဘူး အခုတစ်ခါကတော့ Account တွေကို Active မဖြစ်ရင် ဖျက်ဖို့အထိ လုပ်နေပါပြီ။

  •  ၂ နှစ်အထိ Active မဖြစ်တော့တဲ့ အကောင့်တွေမှာရှိတဲ့ Data တွေကိုဖျက်ပြစ်မယ် ဒါမှမဟုတ် အကောင့်ကိုပါ ဖျက်ပြစ်တဲ့အထိ လုပ်တော့မှာပါ။ ဒါပေမယ့် အဲ့လိုဖျက်တဲ့နေရာမှာ Google One ဝယ်ထားတဲ့ အကောင့်တွေတော့မပါပါဘူး သဘောကတော့ ဝယ်သုံးနေရင် Active ဖြစ်ဖြစ်မဖြစ်ဖြစ် မဖျက်ဖူးပဲ 😅😅။ 
  • ပြီးရင် Storage Limit ကျော်နေတဲ့ အကောင့်တွေ ရဲ့ Data တွေကိုလဲ ၂ နှစ်ကျော်သွားရင် ဖျက်ပြစ်နိုင်တယ်ဆိုပြီးပြောထားပါတယ်။ ကြည့်ရတာတော့ ရိုးရိုးသုံးနေတဲ့သူကတော့ 15Gb အထိပဲ အဲ့ထက်ပိုသုံးလိုလဲမရဘူး Google Photo နဲ့တွဲသုံးနေတဲ့သူတွေဆိုရင်တော့ 15Gb ထက်ကျော်ပြီးသုံးနေနိုင်တဲ့ အဲလိုလူတွေရဲ့ Data တွေကတော့ Jun 1, 2023 ကစပြီးအဖျက်ခံရနိုင်ပါတယ်။ 
အခုလိုပေါ်လစီအပြောင်းအလဲတွေကတော့ Google Photo နဲ့အတူတူပါပဲ Jun 1, 2021 မှာစပြီး အသက်ဝင်လာမှာဖြစ်ပါတယ်။ အချိန် ၂ နှစ်ပေးထားပြီး Jun1, 2023 နောက်ပိုင်းရောက်သွားရင်တော့ Active မဖြစ်တော့တဲ့ အကောင့်တွေဖျက်တာ ဒေတာတွေဖျက်တာတွေရှိလာနိုင်ပါတယ်။ 


No comments:

Post a Comment

Notes

နှစ်ကုန်ခါနီး အတွေးစတစ်ချို့

Blog အတွက် Domain ဝယ်လိုက်တဲ့နေကစပြီး စာများများရေးမယ်လို့တွေးထားတာ တကယ်က မရေးဖြစ်ဖူးပဲ Domain ဝယ်ထားတာ ၁ နှစ်ပြည့်တော့မယ် အခုအချိန်အထိ Post ၂၂ ခုပဲရေးပြီးတယ်။ ၂၀၂၀ အစမှာ ၂၀၂၀ မှာလုပ်ချင်တဲ့ဟာတွေဆိုပြီး စာရင်းလုပ်ထားခဲ့ဖူးတာလဲ အတူတူပဲ 😅😅 ၂၀၂၁ ကိုရောက်တော့မယ် ဘာမှသေသေချာချာ မလုပ်ရသေးဘူး။ ကိုဗစ်ကြောင့်လဲပါမှပေါ့လေ (အကြောင်းပြတာ)။ နောက်ကိုပိုပြီးရေးဖြစ်အောင်တော့ လုပ်မှဖြစ်တော့မယ် ပထမ ၁ နှစ်သာ ၁ နှစ်ကို ၅၀၀၀ ပဲကျတာ အခုနောက်နှစ်ကနေစပြီး ၁ နှစ်ကို ၂၅၀၀၀ ဖြစ်သွားပြီ ဝယ်ထားတာတန်အောင် များများရေးမှဖြစ်မယ်။ ရေးမယ်ဆိုပြီးပျင်းသွားလိုက် ဟိုရောက်ဒီရောက်ဖြစ်သွားလိုက်တွေ လျှော့မှဖြစ်မယ်ထင်တာပဲ။ Blog က တိုးတက်လာတာတစ်ချို့တော့ ရှိတယ် SEO ကောင်းလာတယ်ပြောရမယ် Impression တွေတော့ တစ်ဖြည်းဖြည်းတက်လာတယ်။ အခုချိန်အထိ ကျနော် Blog မှာ လူဝင်ကြည့်တာအများဆုံးက Unicode နဲ့ပက်သက်တဲ့ Post တွေပဲဖြစ်နေသေးတာလဲ အတော်စိတ်ဝင်စားစရာကောင်းတယ် (တစ်ခြားဟာက စိတ်ဝင်စားစရာမကောင်းတာလဲပါမယ်ထင်တယ်)။ အခုလဲ Java တော့ စပြီး လေ့လာဖြစ်နေတယ် အရမ်းကြီးတော့ မရသေးပေမယ့် ကိုယ့်ကိုကိုယ်တော့မဆိုးဘူးထင်တာပဲ။ လူလည်း ဟိုတစ်စဒီတစ်စလျှောက်လုပ်နေတဲ့ အကျင့်တော့ပြင်ရမယ်ထင်တယ် 😅😅 ဟိုဟာစိတ်ဝင်စားလိုက် ဒီဟာစိတ်ဝင်စားလိုက်နဲ့ ဘာမှရှေ့မရောက်တော့သလိုပဲ။


No comments:

Post a Comment

Apple

Apple ရဲ့ iPhone User Guide မြန်မာဘာသာအထောက်အပံ့ပေးလာ

 Apple ရဲ့ iPhone, iOS User Guide မှာ မြန်မာဘာသာကိုပါထောက်ပံ့ပေးနေပါပြီ ထောက်ပံတာ ကြာတော့ကြာသေးပုံမပေါ်ပါဘူး (ကျနော်မသိတာလဲဖြစ်နိုင်ပါတယ်)။ ထူးဆန်းတယ်ပြောရမလား မထူးဆန်းဘူးပဲပြောရမလားပဲ User Guide တွေအားလုံးထဲကမှ iPhone အတွက်ပဲ မြန်မာလိုထောက်ပံ့တာပါ ကျန်တဲ့ Mac, iPad, Watchတွေအတွက် မြန်မာလိုမရှိသေးပါဘူး နောက်တော့ရလာမယ်ထင်ပါတယ်။ 


User Guide တစ်ခုကိုမြန်မာလိုရလာတာအတော်လေး အဆင်ပြေသွားတာပါ။ ပုံမှန်ဆို မဖတ်ဖြစ်တာကနေ မြန်မာလိုရေးထားတော့ အများစုအနေနဲ့ ဖတ်ဖြစ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ https://support.apple.com/my-mm/guide/iphone/welcome/ios မှာသွားပြီးဖတ်ရှုနိုင်ပါတယ်။ 
ကျန်တဲ့ Product တွေအတွက်လဲ မကြာခင်ရတော့မယ်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ https://support.apple.com/choose-country-region/manuals အောက်မှာ မြန်မာ စပြီးပါလာနေပါပြီ။

No comments:

Post a Comment

Architecture

SketchUp 2021 မှာ အသစ်ပါလာတာတွေ


SketchUp 2021 မှာ အသစ်ပြောင်းသွားတာတွေကတော့ အရမ်းကြီးမများသလို နည်းတယ်လို့လဲပြောလို့မရပါဘူး။ အသိသာဆုံးအပြောင်းအလဲကတော့ Icon ပုံစံနဲ့ UI အရောင်ပြောင်းသွားတယ် အရင်က အနီရောင်တွေကိုပဲ အဓိကထား သုံးနေရာကနေ အခု ပြာရောင်ဖြစ်သွားပြီ 😅၊ နောက်တစ်ခုကတော့ Layer တွေ(SketchUp အသုံးအရတော့ Tags) ကို Group Folder လုပ်လို့ရသွားတယ် ပြောရရင် Photoshop မှာလိုဖြစ်သွားတာပါပဲ တော်တော်လေးအဆင်ပြေတယ် Tags (Layer) အများကြီးနဲ့ အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ အတော်လေးကြိုက်မယ်လို့ထင်ပါတယ်။ (ပုံ-တွင်ကြည့်ပါ)
ပုံ-၁

အကောင်းဆုံး Feature အသစ်လို့ပြောရမယ့်ဟာကတော့ Live Component ပါပဲ အခုကတော့ Live Component သိပ်မရှိသေးပေမယ် နောင်မှာပိုများလာမယ်လို့ထင်ပါတယ်။ Live Component ကဘယ်လိုလဲဆိုတော့ သူ့အထဲမှာ ခွင့်ပြုပေးထားတာတဲ့  Parameter တွေကို စိတ်ကြိုက်ပြောင်းယူလို့ရပါတယ် အမြင့်တွေ၊ အကျယ်တွေ၊ ပုံစံတွေ စသည်ဖြင့်ပေါ့။ Live Component ကို SketchUp 2021 မှာတော့ သုံးရတာလွယ်ပါတယ် 3D Warehouse ကနေပဲ Live Component ကိုရှာ Download လုပ်ပြီး SketchUp 2021 ထဲမှာ စိတ်ကြိုက်ပြင်ပြီးသုံးလို့ရပါမယ်။ (ပုံ-၂ နှင့် ပုံ-၃ တွင်ကြည့်ပါ)

ပုံ-၂

ပုံ-၃

SketchUp 2021 မဟုတ်တဲ့ Version မှာသုံးချင်ရင်တော့  Live Component တွေကို တိုက်ရိုက် Download လုပ်ပြီး သုံးလို့မရပါဘူး Browser ကနေ Component ကိုစိတ်ကြိုက်ပြင်ပြီးမှ Download လုပ်ယူရမှာပါ(ပုံ-၄ တွင်ကြည့်ပါ)။ ကိုယ်စက်ထဲရောက်လာတဲ့ Component ကလဲ Live Component ဖြစ်နေမှာ မဟုတ်ပါဘူး ရိုးရိုး Component ပဲဖြစ်နေမှာပါ (ပုံ-၅ တွင်ကြည့်ပါ)။ အဲ့ဒီအတွက် ပြင်ထားတာတွေမကြိုက်လို့ ထပ်ပြင်ချင်ရင် Browser ကနေပဲပြန်သွားပြင် ထပ် Download လုပ်ပြီးမှသုံးမှရမှာပါ။

ပုံ-၄

ပုံ-၅

Pre-Design ဆိုတဲ့ Feature တစ်ခုပါလာပေမယ့် Off-line သုံးလို့မရပါဘူး (Crack ပြီးသုံးနေတာဆိုရင်လဲ ဒီ Feature ကသုံးလို့ရမှာမဟုတ်ပါဘူး) ကျနော်က Trial Version သုံးနေတာတောင် Pre-Design ကိုပေးမသုံးပါဘူး သုံးချင်ရင်တော့ ပိုက်ဆံပေးကိုပေးရမှာပါ။ 

PreDesign


Pre Design in Browser

အခုလောလောဆယ်စမ်းကြည့်ရသလောက်ကတော့ ဒါပဲတွေ့မိသေးတယ် ထပ်တွေ့လာရင်တော့ ထပ်ဖြည့်ပေးပါမယ်။




No comments:

Post a Comment

Google

Google Photo က Unlimited Photo Storage မပေးတော့

မနေ့က Google Photo ကနေ သူတို့ရဲ့ Unlimited Photo Storage မပေးတော့ဘူးဆိုတဲ့ကြောင်း mail ပို့လာတယ်( အရင်က High quality သုံးပြီးသိမ်းမယ်ဆိုရင် Unlimited သိမ်းလို့ရ)။ အတော်လေး ကြေကွဲးစရာကောင်းတဲ့ mail ပေါ့လေ June 1, 2021 ကနေစပြီးတော့ Google Photo မှာတင်တဲ့ပုံတွေကို တစ်ခြား Google Services တွေလိုပဲ Google Drive Storage မှာပဲ သိမ်းသွားတော့မယ်၊ အခမဲ့သုံးခွင့်ပေးထားတဲ့ 15Gb ကျော်သွားရင် Google One ဝယ်သုံးရမယ်ဖြစ်သွားပြီ။ ကောင်းတာတစ်ခုက June 1, 2021 နေ့မတိုင်ခင်တင်ထားတာတွေကို ထည့်တွက်မှာမဟုတ်ပါဖူး အရင်က Photo တွေ ဘယ်လောက်ရှိခဲ့ရှိခဲ့ June 1, 2021 ကျော်မှ 15Gb ထဲကိုစပြီးသိမ်းမှာပါ။ အဟောင်းတွေကိုတော့ Storage ကျော်နေလဲ ဖျက်မပစ်ပါဘူး။ 

No comments:

Post a Comment

Computer

Windows မှာ Microsoft Office ရဲ့ Crack လိုင်စင်ကီးကို ဖျက်နည်း

ဒီနေ့မှ Microsoft Office Pro 2019 လိုင်စင်ဝယ်မယ်ဆိုပြီးဝယ်လိုက်တယ် ဝယ်တာကဈေးလဲမကြီးဘူး သိပ်လဲမခက်ဖူး။ ဝယ်ပြီးတော့ သူပြောတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်လိုက်တယ် ဘာပြဿနာမှမရှိဘူး လိုင်စင်နဲ့ဖြစ်သွားပြီဆိုပြီး ပျော်နေတာမှာ ခဏနေတော့ အပျော်တွေပျောက်ကုန်ရော။ ဘာလို့လဲဆိုတော့ အရင်သွင်းထားတဲ့ Crack လိုင်စင်တွေကလဲ ပျက်မသွားဘူး အသစ်သွင်းလိုက်တဲ့ တရားဝင်လိုင်စင်လဲရှိနေတယ် Activate လဲဖြစ်တယ်။ ရောင်းတဲ့သူက အရင်သွင်းထားတဲ့ Office ကိုအကုန်ဖြုတ်ချပြီးမှ အစကနေပြန်သွင်းခိုင်းတာဆိုတော့ Office ကိုဖျက်လိုက်ပြီးတော့ Restart များမချမိလို့လားဆိုပြီး နောက်တစ်ခါ ပြန်ဖျက်ပြီး Restart လုပ် ပြန်သွင်းတော့လဲ အရင်လိုပဲ အဟောင်းတွေကရှိနေတုန်းပဲ။ လျှောက်ရှာဖွေမွှေနှောက်ကြည့်ပြီးတဲ့နောက်မှာ Microsoft Community မှာ ကိုယ်လိုဖြစ်တာကို မေးထားတာလေး တွေ့တာနဲ့ အဲ့ဒီအတိုင်း လိုက်လုပ်လိုက်တာ အဆင်ပြေသွားရော။

လုပ်နည်းကဘာမှသိပ်မခက်ပါဘူး CMD တော့သုံးရမယ်။

ပထမဆုံး CMD ကို

C:\Program Files (x86)\Microsoft Office\Office15 

C:\Program Files\Microsoft Office\Office15

အဲ့ ၂ နေရာထဲက တစ်ခုထဲမှာ (ကျနော်စက်မှာဆိုရင် C:\Program Files (x86)\Microsoft Office\Office16 အောက်မှာရှိတယ် C:\Program Files\ အောက်မှာ Microsoft Office\Office15 ဆိုတဲ့ Folder မရှိဘူး) CMD ကိုဖွင့်လိုက်ပါ။ နမူနာကို ပုံ-၁ မှာကြည့်ပါ

ပုံ-၁

ဖွင့်ပြီးရင်တော့ cscript ospp.vbs /dstatus ဆိုတဲ့ Command ကိုရိုက်ထည့်ပေးပါ။ အဲ့ဒါဆိုရင် အောက်မှာပြထားတဲ့ နမူနာပုံလိုမျိုးပေါ်လာပါလိမ့်မယ်။ နမူနာကို ပုံ-၂ မှာကြည့်ပါ။

ပုံ-၂

ကျနော်စက်မှာတော့ Crack လိုင်စင်ကဖျက်ပြီးသွားပြီမို့လို့ Crack လိုင်စင်တွေ မပေါ်တော့ပါဘူး။ Screen Shoot ဖမ်းဖို့ကလဲမေ့သွားတာနဲ့ မဖမ်းလိုက်ရဘူး။ လိုင်စင်အစစ်နဲ့ Crack က ပေါ်တဲ့ပုံခြင်းမတူပါဘူး Crack က လိုင်စင်သက်တမ်းကုန်မယ့်ရက်တွေပါ ပါပါတယ် Windows Crack လိုပါပဲ။ အောက်ကပုံမှာ နမူနာကြည့်ကြည့်ပါ ကျနော်ပုံတော့မဟုတ်ပါဘူး အင်တာနက်ကနေ နမူနာရှာပြပေးထားတာပါ။


Crack လိုင်စက်ကီးကိုဖျက်ဖို့အတွက်ကတော့ cscript ospp.vbs /unpkey: (ဒီနေရာမှာ Product Key နောက်ဆုံး ဂဏန်း ၅ လုံးကိုထည့်ပေးရမှာပါ dstatus Command ရိုက်လို့ပေါ်လာတဲ့အထဲမှာလဲပါပါတယ်) ကိုရိုက်ပေးလိုက်ပါ။ ဥပမာ Product Key က 6MWKP ဆိုရင် cscript ospp.vbs /unpkey:6MWKP  လို့ရိုက်ထည့်ရမှာပါ။ ရိုက်ထည့်ပြီးရင်တော့ သူ့ Process တွေခဏစောင့်ပြီးရင်တော့ Crack လိုင်စင်ကီးတွေကို ဖျက်ပြီးသွားပါပြီ။

အဆင်ပြေကြပါစေဗျာ။


No comments:

Post a Comment

Architecture

V Ray 5 For Sketchup မှာ ဘာတွေထူးလာသလဲ

V Ray 5 For Sketchup မှာ အရင် V Ray Next 4.20 နဲ့မတူပဲ အသစ်ပါလာတာတွေရှိပါတယ် အဲ့ထဲကမှအမိုက်ဆုံးကတော့ V Ray Vision ပါပဲ Real Time Render ရပါတယ် ကျနော်စက်အစုတ်လေးမှာတောင်ကောင်းကောင်း အလုပ် လုပ်နိုင်ပါတယ် (အောက်မှာ နမူနာ ဗွီဒီယိုဖိုင်လေးတင်ပေးထားပါတယ်)။ V Ray Light Generator ကတော့ Beta မှာမို့လို့လား ဒါမှမဟုတ်ကျနော့်စက်က မကောင်းတာမို့လို့လားတော့မသိဘူး သိပ်ပြီးအဆင်မပြေသလိုပဲဖြစ်နေတယ်။ နောက်ထပ် သိသာတဲ့ အပြောင်းအလဲကတော့ V Ray Frame Buffer Windows ပါပဲ အတော်လေးပြောင်းသွားပါတယ် တစ်ခြားအပြင်က Photo Editor တွေမသုံးပဲနဲ့ ပုံတွေကို တော်ရုံတန်ရုံလောက် ပြင်လို့ရသွားပါတယ်။ (ပုံ-၁၊ ပုံ-၂)

ပုံ-၁
ပုံ-၂
ကျနော်လဲ အခုမှစမ်းနေတုန်းမို့လို့ အခုလောလောဆယ်တော့ ဒီလောက်ပဲတင်ပေးထားပါအုံးမယ် နောက်မှ ထပ်တွေ့တာတွေကို Update လုပ်ပေးသွားပါမယ်။ V Ray 5 For SketchUP ကိုစမ်းသုံးချင်ရင်တော့ လောလောဆယ် မှာ Beta အနေနဲ့သုံးလို့ရပါတယ်။


No comments:

Post a Comment

Notes

Sound Cloud ကနေ CC License နဲ့ မျှထားတဲ့ သီချင်းတွေကိုရှာနည်း

ကျနော်တို့ Youtube မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ် Video Tutorials တွေတင်တဲ့အခါမှာ နောက်ခံသီချင်းသံတွေထည့်ရင် မူပိုင်ခွင့်အရ တင်လို့မရဘူးဆိုပြီး ဖျက်ခံရတာတွေရှိပါတယ်။ အဲ့ဒီလိုအဖျက်မခံရဖို့ကတော့ သူများတီးထားတဲ့ သီချင်းတွေမသုံးပဲ ကိုယ်တိုင်လုပ်ဖို့ ဒါမှမဟုတ်ရင် CC License (Creative Commons license) ပေးထားတဲ့ သီချင်းတွေပဲသုံးဖို့ပဲရှိပါတယ်။ Youtube မှာဆိုရင် Youtube Studio ထဲမှာ Audio Libary ပါပါတယ် အဲ့ဒီအထဲကသီချင်းတွေက CC License တွေနဲ့ပါပဲ ကြိုက်တဲ့သူ ယူသုံးလို့ရပါတယ်။ ဒါပေမယ့် ပိုများတာကတော့ Sound Cloud ကပိုများပါတယ် သီချင်းသံစဉ်အမျိုးအစားအစုံ ကြာချိန်အစုံရှိပါတယ်။ 
ရှာနည်းကတော့သိပ်မခက်ပါဘူး Sound Cloud Search မှာ Ambient or Background Music လို့ရိုက်ထည့်ပြီးရှာလိုက်ရင် နောက်ခံတီးလုံးနဲ့ သီချင်းတွေ ကျလာပါလိမ်မယ်။ မူလအနေနဲ့ကတော့ Everything မှာရှိနေပါတယ် အဲ့ဒီအတွက် သီချင်းက လိုင်စင်အစုံပါနေမှာပါ။ (ပုံ ၁)
ပုံ ၁

သုံးလို့ရမယ် CC License သီချင်းတွေကိုရှာဖို့ Tracks Tab ကိုသွားပါ။  Tracks Tab အောက်မှာ To Listen to ဆိုတဲ့နာမည်နဲ့ လိုင်စင်အမျိုးအစားရွေးလို့ရတဲ့ နေရာလေးပါပါတယ်။ (ပုံ ၂)
ပုံ ၂

အဲ့ဒီအထဲကနေမှ "To use commercially" ကိုရွေးပေးလိုက်ပါ အဲ့ဒါဆိုရင်တော့ CC License နဲ့မျှဝေထားတဲ့ သီချင်းတွေပဲ သီးသန့်တွေ့ရတော့မှာပါ။ အဲ့ဒီအောက်မှာတွေ့တဲ့ သီချင်းတွေကတော့ ကိုယ့် Video နောက်ခံ တီးလုံးဖြစ်ဖြစ် ဘယ်နေရာမှာသုံးသုံး အခမဲ့ လွတ်လွတ်လပ်လပ်သုံးလို့ရပါတယ်။ 
CC License အကြောင်းပိုသိချင်ရင်တော့ ဒီမှာ သွားဖတ်လို့ရပါတယ်။
နမူနာ Video လေးလဲတင်ပေးထားပါတယ် အဆင်ပြေကြပါစေ။


No comments:

Post a Comment

Education

သင်္ချာပုစ္ဆာတွေတွက်ဖို့ Microsoft Math Solver

ဒီနေ့မျှချင်တဲ့ App လေးကတော့ Microsoft Math Solver ဆိုတဲ့ App လေးပါပဲ ကျောင်းသားတွေ ဆရာ၊ ဆရာမတွေအတွက်တော့ တော်လေး အသုံးဝင်မှာပါ။ ကိုယ်တွက်ချင်တဲ့ ပုစ္ဆာကိုရိုက်ထည့်ပြီး Solve လုပ်ခိုင်းလိုက်တာနဲ့ အဖြေပြပေးတဲ့အပြင် တွက်တဲ့အဆင့်တွေကိုပါ ပြပေးပါတယ်။ တော်တော်လေးကို အဆင်ပြေပါတယ် အရင်ကတော့ Mobile ပေါ်မှာပဲ App အနေနဲ့တွေ့ဖူးတာပါ ဒီနေ့ရှာကြည့်တော့ ကွန်ပျူတာမှာဆို Browser ကနေသုံးလို့ရပါတယ်။ Desktop App Download လုပ်လို့ရပေမယ် အဲ့လို Download လုပ်ဖို့အတွက် Chrome or Edge Browser လိုပါတယ်။ 


Microsoft Math Solver Desktop App Views
Microsoft Math Solver Desktop App View

ဒီကောင်လေးနဲ့ ဘာတွေတွက်လို့ရသလဲ ဆိုတာကိုတော့ ဒီ https://math.microsoft.com/ မှာဝင်ပြီးသာ ဖတ်ကြည့်လိုက်ကြပါတော့။


No comments:

Post a Comment

Computer

သုံးဖြစ်နေတဲ့ Free Software လေးတွေ

ဒီရက်ပိုင်းမှာသုံးဖြစ်နေပြီးတော့ ကြိုက်မိနေတဲ့ Free Software လေးတွေအကြောင်း ပြောပြချင်လို့ပါ။

  • နံပတ် (၁) ကတော့ Bitwarden ဆိုတဲ့ Password တွေ သိမ်းပေးတဲ့ Software လေးပါ။ အခမဲ့နဲ့ အခပေးဆိုပြီးတော့ ၂ မျိုးရှိပြီးတော့ OS Platform အစုံမှာသုံးလို့ရပါတယ်။ အခမဲ့မှာကိုပဲ သုံးရတာအတော်လေးအဆင်ပြေပါတယ် Password Manager  တင်မဟုတ်ပဲနဲ့ Password Generator ပါ ပါတဲ့အတွက် Password တွေကို ခက်အောင် စဉ်းစားနေစရာ မလိုတော့ဘူး ခက်လို့မမှတ်မိလဲ သိပ်ပြဿနာမရှိဘူး Master Password မှတ်မိဖို့ပဲလိုတယ်။ ဖုန်းတွေမှာဆိုလဲ Password Auto Fill လုပ်ထားလို့ရသေးတဲ့အတွက်အတော်လေးအဆင်ပြေပါတယ်။ အတော်လေးအသုံးဝင်ပါတယ်။
  • နံပတ် (၂) ကတောာ့ Calibre Book Management Software ပါ။ စာအုပ်တွေရဲ့ Metadata တွေကို အင်တာနက်ကနေ ရှာပေးနိုင်ပါတယ်။ ကိုယ်ပိုင် စာကြည့်တိုက်လေးလို လုပ်ထားလို့ရတဲ့အတွက် အတော်လေး ကောင်းပါတယ်။ 
  • နံပတ် (၃) ကတော့ Free Download Manager ပါ။ သူက IDM လိုပါပဲ သုံးလို့အတော်ကောင်းတဲ့ အခမဲ့ Download Software တစ်ခုပါ IDM ထက်သာတာကတော့ Torrent file တွေကိုပါ  Download လုပ်ပေးနိုင်တာပါပဲ။ ကျန်တာကတော့ IDM နဲ့ အရမ်းကြီးမကွာပါဘူး တစ်ခုပဲ Facebook & YouTube က Video တွေကိုတော့ Download လုပ်မပေးနိုင်ပါဘူး။
  • နံပတ် (၄) ကတော့ Davinci Resolve ဆိုတဲ့ Video Editing Software ပါ MacOS, Windows & Linux တို့ပေါ်မှာသုံးနိုင်ပါတယ်။ အခမဲ့နဲ့ အခပေး ၂ မျိုးရှိပြီးတော့ အခမဲ့မှာကိုက အတော်လေးသုံးလို့အဆင်ပြေပါတယ် အခမဲ့မှာ Fusion VFX အများကြီးသုံးလို့မရတာကလွဲရင် အကုန်အတူတူနီးပါးပါပဲ။
  • နံပတ် (၅) ကတော့ Google Docs, Sheets, Slides တွေဖြစ်ပါတယ်။ ပုံမှန်သုံးရုံလောက်ဆိုရင် Google Docs, Sheets, Slides တွေက အတော်လေးအဆင်ပြေပါတယ် MS Office ကိုမမှီဘူးဆိုပေမယ် အခမဲ့ထဲမှာတော့မဆိုးလှတဲ့အထဲပါပါတယ်။ Cloud Base ဖြစ်ပေမယ့် Offline မှာလဲသုံးလို့ရပါတယ် ကွန်ပျူတာမှာ Offline သုံးချင်ရင်တော့ Google Backkup & Snyc သွင်းထားဖို့လိုပါမယ်။
  • နံပတ် (၆) ကတော့ Greenshot ဆိုတဲ့ Screen Shot Software လေးဖြစ်ပါတယ်။ Windows အတွက်ကတော့ အခမဲ့ဖြစ်ပြီး MacOS အတွက်တော့ 1.99$ နဲ့ရောင်းပါတယ် Mac သမားတွေကို သူဌေးလို့သတ်မှတ်တာထင်ပါတယ် 😛😛။ သုံးလို့လဲအတော်လေးအဆင်ပြေပါတယ် Windows မှာပါတဲ့ Snip & Sketch က Error တက်လိုရှာသုံးရင်းနဲ့ကြိုက်သွားတာ။ သုံးရတာလဲလွယ်ပါတယ် စမ်းသုံးကြည့်လိုက်ပါ။
လေားလေားဆယ်တော့ ဒီ (၆) မျိုးပဲသုံးဖြစ်တယ် တစ်ခြားသုံးနေတာတွေ ရှိတယ်ဆိုပေမယ့် သိပ်တော့မကြိုက်လှသေးဘူး။ အဆင်ပြေတာလေးတွေ တွေ့ရင် Update လုပ်ပေးပါမယ်။


No comments:

Post a Comment

Computer

Windows User Folder Name ကို စိတ်ကြိုက်ပြန်ပြောင်းနည်း

 

အရင် Windows တွေမှာတုန်းကတော့ Local User အနေနဲ့ပဲသုံးခဲ့တော့ User Folder Name ပြောင်းတာမှာ သိပ်ပြီးမခက်လှဘူးလို့ထင်ခဲ့တာ (မမှတ်မိတော့လိုလဲဖြစ်နိုင်တယ် 😅) အခုက Microsoft Account နဲ့ချိတ်ပြီးသုံးတဲ့အချိန်မှာ အတော်လေးတိုင်ပတ်တယ်။ Windows အသစ်တင်လိုက်ပြီး နာမည်စိတ်ကြိုက်ပေးထားတာကို Microsoft Account Log in လုပ်လိုက်တာနဲ့ Sync ဖြစ်ပြီး အရင် User Folder နာမည်အဟောင်းကို အလိုလိုပြင်ပေးသွားတယ်။ သူကတော့လွယ်အောင် Sync လုပ်ပေးလိုက်တာဆိုပေမယ့် ကိုယ်ကနာမည်အသစ်လိုချင်လို့မှလုပ်ထားပါတယ်ဆို ဇွတ်တွေပြောင်းလိုက်တော့ ခက်ကုန်ရော ဟိုရှာဒီရှာနဲ့ အတော်တိုင်ပတ်သွားပေမယ် အခုတော့အဆင်ပြေသွားပြီ အရမ်းကြီးလဲမခက်ပါဘူး။

ပထမဆုံး CMD ကို Administrator အနေနဲ့ဖွင့်ပါ ပြီးရင် Command Line မှာ net user administrator /active:yes ဆိုတဲ့ Command ရိုက်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် Administrator Account ပွင့်လာပါမယ် လက်ရှိ Account ကနေ Sign Out လုပ်ပြီး Administrator Account ထဲကိုဝင်ပါ။

  •  C:Users/ အောက်ကိုသွားပြီး ကိုယ်နာမည်ပြောင်းချင်တဲ့ User Folder Name ကိုပြောင်းလိုက်ပါ။
  • Run (Windows+R) မှာ regedit လို့ရိုက်ထည့်ပြီး Registry Editor ကိုဖွင့်ပါ။
  • Registry Editor မှာ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\ProfileList အဲ့ဒီလမ်းကြောင်းအတိုင်းသွားပြီးတော့ ကိုယ်ပြင်ချင်တဲ့ User Profile ကိုရှာပြီး ProfileImageParth မှာနာမည်ပြင်ပေးလိုက်ပါ။ (ပုံ ၁ မှာကြည့်ပါ)
ပုံ ၁

  • ပြီးရင်တော့ အကုန်ပိတ်ပြီး Administrator Account ကနေ Sign Out လုပ်ပြီး ကိုယ့် Account ထဲကိုပြန်ဝင်ပါ။ ကျနော်တော့ အဲ့လိုပြန်ဝင်ချိန်မှာ Desktop Folder ကမရှိဘူးဆိုတဲ့ Error တော့တက်တယ် Error ကိုပိတ်လိုက်ပြီးတော့Windows Explorer (Windows+E) ကိုဖွင့်ပါ။ Desktop Folder ပေါ်မှာ Right Click နှိပ်ပြီးတော့ Properties ထဲကိုဝင်လိုက်ပါ။ Desktop Properties Window ထဲက Location Tab အောက်မှာ Desktop Folder ရှိတဲ့ File Path မှာ User Name အသစ်ပြင်ပေးပြီး OK နှိပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။ (ပုံ ၂ မှာနမူနာကြည့် ကြည့်ပါ)
ပုံ ၂
ဒါတွေအကုန်ပြီးသွားရင်တော့ User Folder Name ကအသစ်ပြင်ထားတဲ့အတိုင်ဖြစ်သွားပါပြီ။ နောက်ဆုံးအနေနဲ့ Administrator Account ပြန်ပိတ်ဖို့အတွက် CMD ကို  Administrator အနေနဲ့ဖွင့်ပါ ပြီးရင် Command Line မှာ net user administrator /active:no ဆိုတဲ့ Command ရိုက်ပေးလိုက်ပါ။ Administrator Account ပြန်ပိတ်သွားပါလိမ်မယ် ဒါဆိုရင်တော့ User Folder Name ပြောင်းတဲ့လုပ်ငန်းကြီး ပြီးသွားပါပြီ။ 😁
***Windows Home Edition မှာတော့ ဒီလိုပြောင်းလို့မရဘူးလို့ပြောပါတယ်***

ကျန်ခဲ့တယ်လို့ပြောလို့ရလို့ထပ်ပြီး Update လုပ်ပေးလိုက်ရပါတယ် အပေါ်ကနည်းအတိုင်း User Folder Name ပြောင်းလိုက်ပြီးချိန်မှာ အရင်သွင်းထားဖူးတဲ့ Software အများစုမှာ File Path ကနာမည်အဟောင်းအတိုင်းပဲကျန်နေပါသေးတယ်။ အဲ့ဒါကိုပြန်ပြင်ဖို့ဆိုရင် Registry ထဲကိုသွားပြင်မှအဆင်ပြေမှာဖြစ်တဲ့အပြင် နေရာအတော်များများမှာ သွားရှာပြီးပြင်ရမှာပါ။ ကျနော်လို သာမာန် End User အနေနဲ့တော့ သိပ်ပြီးမဖြစ်နိုင်ပါဘူး အရင်ကတော့ အဲ့ဒီလိုဖြစ်ရင် အဆင်မပြေတော့တဲ့ Software ကို Uninstall လုပ် Registry Cleaner Software တစ်ခုနဲ့ Registry တွေကိုရှင်းထုတ် ပြီးမှ Software ကိုပြန်သွင်းရပါတယ် အတော်လေး အလုပ်ရှုပ်ပါတယ်။ တနေ့ကမှ Registry Finder ဆိုတဲ့ Software လေးအကြောင်းတွေ့တာနဲ့ စမ်းကြည့်မိတော့မှ အတော်လေး အဆင်ပြေတာကို သိလိုက်ရတယ်။ အဲ့ဒီ Software လေးက Registry ထဲမှာကျန်နေတဲ့ User Name အဟောင်းတွေကို Find and Replace လုပ်ပေးနိုင်ပါတယ်။ သုံးနည်းအရမ်းလွယ်ပါတယ် Registry Finder ကို Download ဆွဲပြီး Install လုပ် ပြီးရင် Software ကိုဖွင့်ပြီး Find (Ctrl+f) ကိုနှိပ်ပြီး အရင် User Name အဟောင်းကိုရှာပါ ခဏတော့စောင့်ရပါတယ်။ ရှာလို့ပြီးသွားတာနဲ့ Replace (Ctrl+r) ကိုနှိပ်ပြီး User Name အသစ်ကို Replace လုပ်ပေးလိုက်ပါ ခဏတော့စောင့်ရပါတယ်။ ပြီးရင်တော့ Registry ကို Save လုပ်ပေးလိုက်ရင် ရသွားပါပြီ။



No comments:

Post a Comment

Tutorials

Windows License က Crack လား Genuine လား စစ်နည်း

Windows ကိုတစ်ချို့က Crack ပြီးသုံးတယ် တစ်ချို့က ဝယ်ပြီးသုံးကြတယ် ကောင်းတာကတော့ ဝယ်ပြီးသုံးတာ အကောင်းဆုံးပေါ့လေ Crack မှာက Virus ဝင်ဖို့က Genuine ထက်ပိုပြီးအခွင့်အရေးများပါတယ် ထားပါ အခုပြောပြချင်တာကတော့ Windows က လိုင်စင်တော့ဖြစ်နေပြီ ဒါပေမယ် လိုင်စင်အစစ်လား ဒါမှမဟုတ် Crack ပြီးလိုင်စင်ဖြစ်အောင်လုပ်ထားတာလား ခွဲလို့ရတဲ့နည်းလေးပါ ဘာမှတော့မခက်ပါဘူး
ပုံ (၁) မှာ ပြထားတဲ့အတိုင်း cmd မှာ slmgr /dli လို့ရိုက်ထည့်လိုက်ပါ Windows တစ်ခုပွင့်လာပါလိမ့်မယ်

cmd windows
ပုံ (၁)
အောက်က ပုံ (၂) လို Windows ပွင့်လာတာဆိုရင်တော့ Crack လုပ်ထားတာပါ

ပုံ (၂)

အောက်က ပုံ (၃) လို Windows ပွင့်လာတယ်ဆိုရင်တော့ Genuine ဖြစ်တဲ့ Windows ပါ တရားဝင်ဝယ်ထားတယ်လို့ပြောလို့ရပါတယ် 

ပုံ (၃)
နောက်ထပ်အနေနဲ့ cmd မှာ slmgr /xpr လို့ရိုက်လိုက်ပြီး အောက်က ပုံ (၄) လိုပွင့်လာရင် လိုင်စင်ဖြစ်နေလို့ပါပဲ

ပုံ (၄)




No comments:

Post a Comment

Microsoft Word

Microsoft Word ရဲ့ Table of Contents မှာ မြန်မာလို စာမျက်နှာနံပါတ် ဖြစ်အောင်လုပ်နည်း

MUA မှာမေးထားတာတွေ့လို့ စမ်းရင်းနဲ့ အဆင်ပြေသွားတာလေးပါ ဘာမှတော့မခက်ပါဘူး Microsoft Word မှာ Page Number တွေကို မြန်မာလိုပေးထားပေမယ် Table of Contents ကိုသုံးလိုက်တဲ့အချိန် စာမျက်နှာနံပတ်တွေက အင်္ဂလိပ်လိုပဲပေါ်နေရင် (ပြင်မထားရင် အင်္ဂလိပ်လိုပဲပေါ်မှာပါ) အောက်ကအတိုင်းလိုက်လုပ်ပေးလိုက်ပါ။
 "Reference Tab မှာရှိတဲ့ Table of Contents ထဲက Custom Table of Contents ကိုနှိပ်လိုက်ပါ။ Windows တစ်ခုပွင့်လာပါလိမ့်မယ်။ ပွင့်လာတဲ့ Windows ထဲက Table of Content Tab ထဲမှာ Modify ကို ထပ်နှိပ်လိုက်ရင် နောက်ထပ် Windows တစ်ခုထပ်ပွင့်လာပါမယ် အဲ့ဒီထဲက TOC 1 to 9 မှာ Modify နှိပ်ပြီးတော့ Pyidaungsu Number Font ပြောင်းပေးလိုက်ရင် ရပါပြီ။"



မာတိကာက ခေါင်းစဉ်တွေရဲ့ရှေ့မှာ မြန်မာဂဏန်းတွေပါနေလို့ Table of  Contents ကို Update လုပ်တိုင်း အင်္ဂလိပ်လိုပြန်ပြောင်းသွားရင်လဲ TOC မှာ ထားထားတဲ့ Fonts ကိုစစ်ပြီး Pyidaungsu Number ကိုထားပေးပါ Pyidaungsu Number ဖြစ်ရဲ့နဲ့မရဘူးဆိုရင်တော့ Define New Number Format မှာ Font ကို Pyidaungsu Number တွေပဲထားပေးလိုက် အဲ့ဒါဆိုရင်ရသွားပါလိမ်မယ်။



No comments:

Post a Comment

Architecture

Sketchup V Ray 4.2 မှာ HDRI ထည့်နည်း

Sketchup V Ray 4.2 မှာ HDRI ထည့်ဖို့က အရင်ဗားရှင်းတွေနဲ့ (Version 1.4 & 2.0) မတူတော့ပါဘူး Version 3.xx နဲ့တော့တူပါတယ် (V 4.2 ကပိုစုံပြီးပိုလဲကောင်းတဲ့အတွက် V 3.xx သုံးနေရင်လဲ V 4.xx ကိုပြောင်းသုံးဖို့ အကြံပြုပါတယ်) 
HDRI ထည့်ဖို့အတွက် V Ray Setting ကိုသွားပြီး Environment ထဲကိုဝင်ပါ နမူနာ ပုံ ၁ နဲ့ ပုံ ၂ ကိုကြည့်ပါ
ပုံ ၁

ပုံ ၂
Environment ထဲက Background ရဲ့ Texture Slot ကိုနှိပ်လိုက်ပါ ပုံ ၃ မှာ အနီတားပြထားပါတယ်
ပုံ ၃
Texture Slot ကိုနှိပ်လိုက်တာနဲ့ Texture ရွေးဖို့ windows ပွင့်လာပါမယ် Default ကတော့ Sky ဖြစ်နေမှာပါ ပုံ ၄ မှာပြထားသလို Sky ဘေးက Texture Slot ကိုနှိပ်လိုက်ပါ ပုံ ၅ မှာလို Texture ရွေးစရာတွေပေါ်လာပါလိမ်မယ် အဲ့ဒီအထဲကမှ Bitmap ကိုရွေးလိုက်ပါ File ရွေးဖို့ Windows တစ်ခုထပ်ပွင့်လာပါမယ် အဲ့ဒီမှာ ကိုယ်ထည့်မယ် HDRI file ကိုသွားပြီး Select လုပ်ပေးလိုက်ပါ 

ပုံ ၄
ပုံ ၅
အပေါ်ကအဆင်တွေပြီးရင်တော့ HDRI file ထည့်တာပြီးပါပြီ တစ်ခုရှိတာက HDRI ထည့်ပြီး Render လုပ်တဲ့အချိန်မှာ Environment က မှောင်လွန်းနေတာတွေဘာတွေဖြစ်နေရင်တော့ ပုံ ၆ မှာပြထားသလို Background Colour ကို အဖြူရောင်ထားလိုက်ပါ ပြီးရင်ဘေးက ဂဏန်းထည့်တဲ့နေရာမှာ မူလက ၁ ပဲထားပေးထားပါတယ်အဲ့ဒါကို ပြောင်းကြည့်ပါ ကျနော်ကတော့ အခြေအနေကြည့်ပြီး ၁၀ ဝန်းကျင်မှာပဲထားတာများပါတယ် ကိုယ့်စိတ်ကြိုက်ချိန်ကြည့်ပါ
ပုံ ၆




No comments:

Post a Comment

Blog

Blogger ရဲ့ Interface အသစ်

Blogger မှာ Interface အသစ်ကို User တစ်ချို့ကို Invite လုပ်ပြီးစမ်းခိုင်းနေတာ နည်းနည်းကြာနေပါပြီ အခုတော့ Jun လနောက်ပိုင်းကနေစပြီး Interface အသစ်ကို Default ထားပေးထားတော့မယ်လို့ပြောပါတယ်

စရခါစက သုံးရတာအတော်လေး အဆင်မပြေဘူး ဥပမာ ဓာတ်ပုံတွေကို အလယ်တည့်တည့်မှာထားချင်တာတို့ဘာတို့မှာ လွယ်လွယ်ထားလို့မရပဲ HTML View ကနေသွားပြီးပြင်ရတာတွေနဲ့ နည်းနည်းအလုပ်ရှုပ်ပါတယ် အခုကတော့ အဲ့ဒါတွေ အဆင်ပြေသွားပါပြီ 
Interface အသစ်ကဘာတွေထူးလာလဲဆိုတော့ ပုံစံပြောင်းသွားတာပါပဲ Blogger Dashboard မှာရှိတဲ့ ပုံစံလေးတွေပြောင်းသွားတယ် Post မှာ Post အသစ်ရေးဖို့ Create New Post က Gmail မှာ Create New Email လိုပဲ ညာဖက်အောက်နားမှာ အပေါင်းပုံလေးနဲဖြစ်သွားတယ် ကိုယ်ရေးထားတဲ့ Post တွေကိုပြတဲ့ပုံလဲပြောင်းထားတယ်
Blogger Dashboard

ကျန်တာတွေလဲ နည်းနည်းပါးပါးပုံစံပြောင်းသွားပေမယ် အရမ်းတော့မသိသာပါဘူး Setting မှာတော့ အရင်က Tab အခွဲလေးတွေနဲ့ပြနေတာကနေ အခုက ခေါင်းစဉ်နဲ့ပေါင်းပြီးပြပေးသွားတယ် ကြည့်ရတာ သိပ်မရှုပ်တော့တာပေါ့
Post ရေးတဲ့နေရာမှာတော့ အကုန်အသစ်ဖြစ်သွားတယ် ရှင်းပြီးပိုလွယ်သွားတယ်လို့ခံစားရတယ်  Table အတွက် Table Tool ထည့်ပေးထားတယ် HTML မသိလဲ Table တွေလုပ်လို့ရသွားပြီ (အကောင်းကြီးမဟုတ်ပေမယ် မဆိုးပါဘူး) 😅 Input Tool ကနေ မြန်မာကီးဘုတ်ထည့်လို့ရတယ် အဲ့အတွက်စက်မှာကီးဘုတ်မရှိရင်တောင် စာရေးလို့ရမှာပါ
Format as Code ဆိုတာပါလာပြီးတော့ Code တွေကိုနမူနာပြချင်ရင်လဲ လွယ်လွယ်ကူကူပြလို့ရသွားမှာပါ ကျနော် အရင်ရေးဖူးတဲ့ Post တောင်မလိုတော့ဘူး
HTML View ပြောင်းလိုက်ရင်လဲ အရင်လိုမဟုတ်ပဲ Code Editor တွေမှာလို ပြပေးတယ်ဆိုတော့ မဆိုးဘူးပြောရမယ် အတော်လေးမိုက်လာတယ်
HTML View
Post Preview ကြည့်တဲ့အချိန်မှာလဲ အပြောင်းအလဲလုပ်ပေးထားတယ်ပြောရမယ် ဘယ်လို Devices ပေါ်ကမြင်ရတဲ့ပုံစံကိုကြည့်မယ်ဆိုတာ ရွေးလို့ရတယ် အတော်လေးကိုအဆင်ပြေသွားတယ် အရင်ကလိုကိုယ်ရေးထားတာတဲ့စာနဲ့ပုံတွေက ကွန်ပျူတာမှာအဆင်ပြေပြီး ဖုန်းမှာအဆင်ပြေမပြေမသိရဘူး မဖြစ်တော့ဘူး တစ်ခါတည်းတန်းကြည့်လို့ရတယ်
အခုလေားလောဆယ်သတိထားမိသလောက်ကတော့ ဒါပဲတွေ့သေးတာ ထပ်ရှာတွေရင် Update လုပ်ပေးပါမယ် 😁😁


No comments:

Post a Comment