Skip to main content

သုံးဖြစ်နေတဲ့ Free Software လေးတွေ

ဒီရက်ပိုင်းမှာသုံးဖြစ်နေပြီးတော့ ကြိုက်မိနေတဲ့ Free Software လေးတွေအကြောင်း ပြောပြချင်လို့ပါ။

  • နံပတ် (၁) ကတော့ Bitwarden ဆိုတဲ့ Password တွေ သိမ်းပေးတဲ့ Software လေးပါ။ အခမဲ့နဲ့ အခပေးဆိုပြီးတော့ ၂ မျိုးရှိပြီးတော့ OS Platform အစုံမှာသုံးလို့ရပါတယ်။ အခမဲ့မှာကိုပဲ သုံးရတာအတော်လေးအဆင်ပြေပါတယ် Password Manager  တင်မဟုတ်ပဲနဲ့ Password Generator ပါ ပါတဲ့အတွက် Password တွေကို ခက်အောင် စဉ်းစားနေစရာ မလိုတော့ဘူး ခက်လို့မမှတ်မိလဲ သိပ်ပြဿနာမရှိဘူး Master Password မှတ်မိဖို့ပဲလိုတယ်။ ဖုန်းတွေမှာဆိုလဲ Password Auto Fill လုပ်ထားလို့ရသေးတဲ့အတွက်အတော်လေးအဆင်ပြေပါတယ်။ အတော်လေးအသုံးဝင်ပါတယ်။
  • နံပတ် (၂) ကတောာ့ Calibre Book Management Software ပါ။ စာအုပ်တွေရဲ့ Metadata တွေကို အင်တာနက်ကနေ ရှာပေးနိုင်ပါတယ်။ ကိုယ်ပိုင် စာကြည့်တိုက်လေးလို လုပ်ထားလို့ရတဲ့အတွက် အတော်လေး ကောင်းပါတယ်။ 
  • နံပတ် (၃) ကတော့ Free Download Manager ပါ။ သူက IDM လိုပါပဲ သုံးလို့အတော်ကောင်းတဲ့ အခမဲ့ Download Software တစ်ခုပါ IDM ထက်သာတာကတော့ Torrent file တွေကိုပါ  Download လုပ်ပေးနိုင်တာပါပဲ။ ကျန်တာကတော့ IDM နဲ့ အရမ်းကြီးမကွာပါဘူး တစ်ခုပဲ Facebook & YouTube က Video တွေကိုတော့ Download လုပ်မပေးနိုင်ပါဘူး။
  • နံပတ် (၄) ကတော့ Davinci Resolve ဆိုတဲ့ Video Editing Software ပါ MacOS, Windows & Linux တို့ပေါ်မှာသုံးနိုင်ပါတယ်။ အခမဲ့နဲ့ အခပေး ၂ မျိုးရှိပြီးတော့ အခမဲ့မှာကိုက အတော်လေးသုံးလို့အဆင်ပြေပါတယ် အခမဲ့မှာ Fusion VFX အများကြီးသုံးလို့မရတာကလွဲရင် အကုန်အတူတူနီးပါးပါပဲ။
  • နံပတ် (၅) ကတော့ Google Docs, Sheets, Slides တွေဖြစ်ပါတယ်။ ပုံမှန်သုံးရုံလောက်ဆိုရင် Google Docs, Sheets, Slides တွေက အတော်လေးအဆင်ပြေပါတယ် MS Office ကိုမမှီဘူးဆိုပေမယ် အခမဲ့ထဲမှာတော့မဆိုးလှတဲ့အထဲပါပါတယ်။ Cloud Base ဖြစ်ပေမယ့် Offline မှာလဲသုံးလို့ရပါတယ် ကွန်ပျူတာမှာ Offline သုံးချင်ရင်တော့ Google Backkup & Snyc သွင်းထားဖို့လိုပါမယ်။
  • နံပတ် (၆) ကတော့ Greenshot ဆိုတဲ့ Screen Shot Software လေးဖြစ်ပါတယ်။ Windows အတွက်ကတော့ အခမဲ့ဖြစ်ပြီး MacOS အတွက်တော့ 1.99$ နဲ့ရောင်းပါတယ် Mac သမားတွေကို သူဌေးလို့သတ်မှတ်တာထင်ပါတယ် 😛😛။ သုံးလို့လဲအတော်လေးအဆင်ပြေပါတယ် Windows မှာပါတဲ့ Snip & Sketch က Error တက်လိုရှာသုံးရင်းနဲ့ကြိုက်သွားတာ။ သုံးရတာလဲလွယ်ပါတယ် စမ်းသုံးကြည့်လိုက်ပါ။
လေားလေားဆယ်တော့ ဒီ (၆) မျိုးပဲသုံးဖြစ်တယ် တစ်ခြားသုံးနေတာတွေ ရှိတယ်ဆိုပေမယ့် သိပ်တော့မကြိုက်လှသေးဘူး။ အဆင်ပြေတာလေးတွေ တွေ့ရင် Update လုပ်ပေးပါမယ်။

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...