Skip to main content

V Ray 5 For Sketchup မှာ ဘာတွေထူးလာသလဲ

V Ray 5 For Sketchup မှာ အရင် V Ray Next 4.20 နဲ့မတူပဲ အသစ်ပါလာတာတွေရှိပါတယ် အဲ့ထဲကမှအမိုက်ဆုံးကတော့ V Ray Vision ပါပဲ Real Time Render ရပါတယ် ကျနော်စက်အစုတ်လေးမှာတောင်ကောင်းကောင်း အလုပ် လုပ်နိုင်ပါတယ် (အောက်မှာ နမူနာ ဗွီဒီယိုဖိုင်လေးတင်ပေးထားပါတယ်)။ V Ray Light Generator ကတော့ Beta မှာမို့လို့လား ဒါမှမဟုတ်ကျနော့်စက်က မကောင်းတာမို့လို့လားတော့မသိဘူး သိပ်ပြီးအဆင်မပြေသလိုပဲဖြစ်နေတယ်။ နောက်ထပ် သိသာတဲ့ အပြောင်းအလဲကတော့ V Ray Frame Buffer Windows ပါပဲ အတော်လေးပြောင်းသွားပါတယ် တစ်ခြားအပြင်က Photo Editor တွေမသုံးပဲနဲ့ ပုံတွေကို တော်ရုံတန်ရုံလောက် ပြင်လို့ရသွားပါတယ်။ (ပုံ-၁၊ ပုံ-၂)

ပုံ-၁
ပုံ-၂
ကျနော်လဲ အခုမှစမ်းနေတုန်းမို့လို့ အခုလောလောဆယ်တော့ ဒီလောက်ပဲတင်ပေးထားပါအုံးမယ် နောက်မှ ထပ်တွေ့တာတွေကို Update လုပ်ပေးသွားပါမယ်။ V Ray 5 For SketchUP ကိုစမ်းသုံးချင်ရင်တော့ လောလောဆယ် မှာ Beta အနေနဲ့သုံးလို့ရပါတယ်။

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။