Google Photo က Unlimited Photo Storage မပေးတော့
မနေ့က Google Photo ကနေ သူတို့ရဲ့ Unlimited Photo Storage မပေးတော့ဘူးဆိုတဲ့ကြောင်း mail ပို့လာတယ်( အရင်က High quality သုံးပြီးသိမ်းမယ်ဆိုရင် Unlimited သိမ်းလို့ရ)။ အတော်လေး ကြေကွဲးစရာကောင်းတဲ့ mail ပေါ့လေ June 1, 2021 ကနေစပြီးတော့ Google Photo မှာတင်တဲ့ပုံတွေကို တစ်ခြား Google Services တွေလိုပဲ Google Drive Storage မှာပဲ သိမ်းသွားတော့မယ်၊ အခမဲ့သုံးခွင့်ပေးထားတဲ့ 15Gb ကျော်သွားရင် Google One ဝယ်သုံးရမယ်ဖြစ်သွားပြီ။ ကောင်းတာတစ်ခုက June 1, 2021 နေ့မတိုင်ခင်တင်ထားတာတွေကို ထည့်တွက်မှာမဟုတ်ပါဖူး အရင်က Photo တွေ ဘယ်လောက်ရှိခဲ့ရှိခဲ့ June 1, 2021 ကျော်မှ 15Gb ထဲကိုစပြီးသိမ်းမှာပါ။ အဟောင်းတွေကိုတော့ Storage ကျော်နေလဲ ဖျက်မပစ်ပါဘူး။
☕ Admin ကို မုန့်ဖိုးပေးရန်
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Admin ကို ကော်ဖီ တိုက်နိုင်ပါတယ်ခင်ဗျာ။
QR ဖတ်ရန်နှင် ဖုန်းနံပတ်ကူးယူရန်

No comments: