Apple

ပြည်ထောင်စု ၂.၂

ပြည်ထောင်စု ၂.၂  လေးပါ iOS သမားတွေအတွက် font profile လေးလုပ်ပေးထားပါတယ်


Download Here

No comments:

Post a Comment

Androids

Facebook font convert ဇွတ်ဖော်နည်း



ဖောင့်ပြောင်းကြည့်ပါဇွတ်ဖော်တဲ့နည်း ကိုသစ်ပင် လုပ်ပြထားတဲနည်းလေးပါ




No comments:

Post a Comment

Fonts

Myanmar Unicode Fonts

ယူနီကုဒ်ဖောင့်တွေစုထားတာပါ ဒီမှာ ဒေါင်းလိုပါဗျာ

No comments:

Post a Comment

E-Books

မြန်မာယူနီကုဒ်

မြန်မာယူနီကုဒ် အကြောင်းရေးထားတဲ့စာအုပ်လေးပါ ဖတ်ချင်တဲ့သူဖတ်လို့ရအောင် တင်ပေးထားပါတယ်
အရင်ကတော့ ရောင်းတာပါ အခုကတော့ အခမဲ့ဖြန့်ပေးလို့တင်ပေးထားတာဖြစ်ပါတယ်
Download




No comments:

Post a Comment

Androids

အရင်ဇော်ဂျီနဲ့မှတ်ထားမိတဲ့ contact name တွေကို ယူနီကုဒ်ပြောင်းမယ်

Google contact  မှာမှတ်ထားတဲ့ contact တွေကို ကွန်ပျူတာဆီ export လုပ်ရပါမယ်
Computer က browser တခုခုမှာ contact တွေမှတ်ထားတဲ့ google account ကိုဝင်လိုက်ပါ
ပြီးရင် google contact ထဲကိုသွားပြီး contact တွေကို vcard format နဲ့ export လုပ်ပါ









Contact.vcf ဆိုတဲ့နာမည်နဲ့ ဖိုင်လ်တစ်ဖိုင်ရလာပါလိမ့်မယ် အဲ့ဒီဖိုင်လ်ကို notepad or notepad++ နဲ့ဖွင့်ပြီး အထဲမှာပါတဲ့ စာတွအကုန်ကူးပြီး converter တခုခုနဲ့ ယူနီကုဒ်ကို convert လုပ်ပါ ကျနော်ကတော့ pkConverter ကိုသုံးထားပါတယ် ( windows ပေါ်မှာသုံးလို့ရတဲ့ ဘယ် converter နဲ့မဆိုလုပ်လို့ရပါတယ်)



ယူနီကုဒ်ပြောင်းပြီးတဲ့စာတွေအကုန်ကိုပြန်ကူးပြီး notpad or notpad++ ထဲးကူးထည့်ပြီး save as နဲ့ နာမည်အသစ်ပေးပြီးသိမ်းပါ (တခုခုဖြစ်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့ရင် မူလဖိုင်လ်ရှိနေတဲ့ အတွက် ပြန်ပြီး import လုပ်လို့ရအောင်လို့ပါ)
*notpad ကိုသုံးခဲ့ရင် save တဲ့အချိန်မှာ save as နဲ့ save ပြီး encoding မှာ utf-8 ဖြစ်မဖြစ်သတိထားပါ utf-8 မဖြစ်ဖူးဆိုရင်လဲ utf-8 ကိုထားပေးပါ မဟုတ်ရင်စာတွေမှန်မှာမဟုတ်ပါဘူး*
ပြီးရင်တော့ ယူနီကုဒ်ပြောင်းထားတဲ့ဖိုင်လ်ကို Import လုပ်ပါမယ် (import မလုပ်ခင်မှာ google contact ထဲက contact တွေ အကုန်ဖျက်လိုက်တာက ပိုကောင်းပါတယ်)


. အောက်က ပုံမှာလို marge လုပ်မှာလားမေးလာရင်လုပ်ပေးလိုက်ပါ


မိတ်ဆွေရဲ့ contact တွေအကုန်လုံး ယူနီကုဒ်ဖြစ်သွားပါလိမ့်မယ်ဗျာ
*Android Phone ကနေ လုပ်မယ်ဆိုရင်တော့
Contact export/import ကနေ phone contact တွေကို export လုပ်ပါ save ရမယ့်နေရာမေးပါမယ် sd card or internal storage ထဲ့မှာသိမ်းလိုက်ပါ 00001.vcf ဆိုတဲ့ဖိုင်လ် နာမည်နဲ့သိမ်းပေးပါလိမ့်မယ် အဲ့ဒီဖိုင်လ် ကိုကွန်ပျူတာထဲကူးပြီးတော့ convert လုပ်တဲ့ အဆင့်ကလိုမျိုး convert လုပ်ပါ
Convert လုပ်ပြီးတဲ့ဖိုင်လ်ကို sd card or internal storage ထဲပြန်ထည့်ပြီး import လုပ်လိုက်ရင်ရပါပြီ


*iphone ကနေလုပ်မယ်ဆိုရင်လဲ vcard format ကို itool လိုမျိုး software သုံးပြီးထုတ်လို့ရပါတယ် 
icloud ထဲမှာသိမ်းထားတာတွေဆိုရင်တော့ browser တခုခုကနေ icloud account ဝင်ပြီး vcard export လုပ်ပြီး ယူနီကုဒ်ပြောင်းပါ ပြီးရင် အဲ့ဒီဆီကိုပဲ import ပြန်လုပ်ပေးလိုက်ပါ ဖုန်းမှာ update ဖြစ်သွားပါလိမ့်မယ်

အဆင်ပြေကြပါစေဗျာ


No comments:

Post a Comment

Androids

PK Converter Update Version (APK)

PK Converter (APK)
Updated : 2017/06/22

Floating bubble ကို ရွှေ့လို့ရချင်တယ် ဆိုတဲ့ သူတွေအတွက် update version ပါ။

ဒီ app ကို ရေးထားပြီး ကိုယ့်ဖာသာ သုံးနေတာပဲ နှစ်နှစ်နီးပါး ရှိနေပြီ။ အပြင်မှာ ပုံစံတူ Converter တွေ အများကြီး ရှိတာမို့ အများကို ချမပြဖူးဘူး။ မိတ်ဆွေတစ်ယောက်က တင်ပေးဖို့ တောင်းဆိုတာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပြီး အခု အများသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ အများ အသုံးတည့်မယ့် feature တချို့ကို ပြောပြပေးပါ့မယ်။

၁။ ကူးလိုက်တဲ့ စာတွေက ယူနီလား ဇော်ဂျီလား၊ အလိုအလျောက် သိအောင် လုပ်ထားပြီး ယူနီကို ကူးမိရင် ဇော်ဂျီ ပြောင်းပေးတယ်။ ဇော်ဂျီကို ကူးလိုက်ရင် ယူနီပြောင်းပေးတယ်။
၂။ ကိုယ်ရိုက်ထည့်လိုက်တဲ့ စာတွေကို ယူနီယူမလား၊ ဇော်ဂျီယူမလား၊ နှစ်မျိုးလုံး ယူမလား ရွေးလို့ရမယ်။
၃။ နှစ်မျိုးလုံး ကော်ပီယူရင်လည်း ခေါင်းစဉ်နဲ့ ပြပေးတယ်။ ဥပမာ
<Unicode>
ယူနီစာတွေ
<Zawgyi>
ဇော်ဂျီစာတွေ
၄။ အဲ့ဒီ <Unicode> နဲ့ <Zawgyi> ခေါင်းစဉ်တွေကို Setting မှာ စိတ်ကြိုက် ပြင်လို့ ရမယ်။
၅။ ကိုယ်ရိုက်ထားတဲ့ စာတွေကို ပုံအနေနဲ့ သိမ်းလို့ ရမယ့်အပြင် Facebook မှာ တန်းပြီး Share ဖို့ FB ခလုတ် လုပ်ပေးထားပါတယ်။ Post တက်လာရင် ရိုက်ထားတဲ့ ယူနီစာအတွက် Paste ချလိုက်ရုံပဲ။
၆။ အဓိက အကျဆုံးက Convert လုပ်တဲ့အခါမှာ ဇော်ဂျီ အမှားတွေကို တတ်နိုင်သလောက် ပြင်ထားပေးပါတယ်။ ဝလုံးအစား သုညရိုက်တာတွေ၊ ရအစား ၇ ရိုက်တာတွေကအစ အလိုလို ပြင်ပေးသွားပါမယ်။ (ကိုငွေထွန်း ညွှန်ပြထားတဲ့ အမှားတွေကို အခြေခံထားပါတယ်)

Error တွေ ရှိလာခဲ့ရင် ဆက်သွယ်ပေးပါဦး။ နောက်ပြီး ကျိတ်သုံးနေတဲ့ PK SMS နဲ့ Filename Converter လည်း နည်းနည်းလေး ပြန်ပြင်ပြီးရင် တင်ပေးပါ့မယ်။ အစစအရာရာ အဆင်ပြေကြပါစေ။


အဆင်ပြေကြပါစေဗျာ။
Credit - Phyoe Kyaw
အဆင်ပြေမှူမရှိပါက Myanmar Unicode Area Group တွင်ဖြစ်စေ ယခုစာစု၏အောက်တွင်မှတ်ချက်ဖြစ်စေ အကြံပြုစေလိုပါတယ်ခင်ဗျာ

No comments:

Post a Comment

Converter

PK Converter (for PC)

ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။
1. Text Converter
2. Filename Converter
3. MP3 Tag Converter

၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။
၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။
၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။
ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။ ကျနော်လည်း နောက်နေ့မှ Ubuntu တင်ပြီး စမ်းကြည့်ပါဦးမယ်။ Mac သမားတွေလည်း ကျေးဇူးပြုပြီး စမ်းပေးပါဦး။
အစစအရာရာ အဆင်ပြေကြပါစေ။
Credit - Phyoe Kyaw
1. PK_Converter (no Java) 45.01 MB        Download Here
2. PK_Converter (jar) 19.65 MB                Download Here

No comments:

Post a Comment

Androids

PK Converter (apk)

ဒီ app ကို ရေးထားပြီး ကိုယ့်ဖာသာ သုံးနေတာပဲ နှစ်နှစ်နီးပါး ရှိနေပြီ။ အပြင်မှာ ပုံစံတူ Converter တွေ အများကြီး ရှိတာမို့ အများကို ချမပြဖူးဘူး။ မိတ်ဆွေတစ်ယောက်က တင်ပေးဖို့ တောင်းဆိုတာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပြီး အခု အများသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ အများ အသုံးတည့်မယ့် feature တချို့ကို ပြောပြပေးပါ့မယ်။

၁။ ကူးလိုက်တဲ့ စာတွေက ယူနီလား ဇော်ဂျီလား၊ အလိုအလျောက် သိအောင် လုပ်ထားပြီး ယူနီကို ကူးမိရင် ဇော်ဂျီ ပြောင်းပေးတယ်။ ဇော်ဂျီကို ကူးလိုက်ရင် ယူနီပြောင်းပေးတယ်။
၂။ ကိုယ်ရိုက်ထည့်လိုက်တဲ့ စာတွေကို ယူနီယူမလား၊ ဇော်ဂျီယူမလား၊ နှစ်မျိုးလုံး ယူမလား ရွေးလို့ရမယ်။
၃။ နှစ်မျိုးလုံး ကော်ပီယူရင်လည်း ခေါင်းစဉ်နဲ့ ပြပေးတယ်။ ဥပမာ
<Unicode>
ယူနီစာတွေ
<Zawgyi>
ဇော်ဂျီစာတွေ
၄။ အဲ့ဒီ <Unicode> နဲ့ <Zawgyi> ခေါင်းစဉ်တွေကို Setting မှာ စိတ်ကြိုက် ပြင်လို့ ရမယ်။
၅။ ကိုယ်ရိုက်ထားတဲ့ စာတွေကို ပုံအနေနဲ့ သိမ်းလို့ ရမယ့်အပြင် Facebook မှာ တန်းပြီး Share ဖို့ FB ခလုတ် လုပ်ပေးထားပါတယ်။ Post တက်လာရင် ရိုက်ထားတဲ့ ယူနီစာအတွက် Paste ချလိုက်ရုံပဲ။
၆။ အဓိက အကျဆုံးက Convert လုပ်တဲ့အခါမှာ ဇော်ဂျီ အမှားတွေကို တတ်နိုင်သလောက် ပြင်ထားပေးပါတယ်။ ဝလုံးအစား သုညရိုက်တာတွေ၊ ရအစား ၇ ရိုက်တာတွေကအစ အလိုလို ပြင်ပေးသွားပါမယ်။ (ကိုငွေထွန်း ညွှန်ပြထားတဲ့ အမှားတွေကို အခြေခံထားပါတယ်)

Error တွေ ရှိလာခဲ့ရင် ဆက်သွယ်ပေးပါဦး။ နောက်ပြီး ကျိတ်သုံးနေတဲ့ PK SMS နဲ့ Filename Converter လည်း နည်းနည်းလေး ပြန်ပြင်ပြီးရင် တင်ပေးပါ့မယ်။ အစစအရာရာ အဆင်ပြေကြပါစေ။


Credit - Phyoe Kyaw


No comments:

Post a Comment

Microsoft Word

windows 10 MS Office မှာ Myanmar3 ရိုက်ရင်စာတွေက မမှန်ဘူးဖြစ်နေတယ်


windows 10 မှာ Myanmar3  ရိုက်ရင်စာတွေက မမှန်ဘူးဖြစ်ရင်



စာမရိုက်ခင် အပေါ်ကပုံအတိုင်း Contextual Ligature ကို  All ထားပေးပါ။
Myanmar3 နဲ့ရိုက်ပြီးသားစာတွေမမှန်ရင် Select All လုပ်ပြီး အပေါ်ကအတိုင်းလုပ်ပေးရုံပါပဲ။
ဒါဆိုရင် ကြိုက်တဲ့ ယူနီကုဒ်ဖောင့်ကို Built-in Keyboard နဲ့ရိုက်နိုင်ပါပြီ။
အောက်မြစ်တွေကပ်နေခဲ့ရင်တော့ Myanmar3 multiOS font ကိုသွင်းလိုက်ပါဗျာ
Credit - MUA

No comments:

Post a Comment

Apple

MUA Office Font for iOS

MUA Office font ကိုသုံးချင်တဲ့ iOS သမားတွေအတွက် font profile လေးပါဗျာ
Download Here

ခွတ်ဒစ် - Khon Soe Zaw Thu

No comments:

Post a Comment

Androids

MUA-Office Font Changer

MUA-Office Font Changer

Download Here
Download Here (G-Drive link)
.
:D :D
ဖိုင်ဆိုဒ်ကလည်း 3 MB ကျော်တည်းပါ ;)
Samsung, Oppo တို့လို Font Style ပါတဲ့ဖုန်းတွေအတွက် Root မလိုပဲထည့်သွင်းအသုံးပြုနိုင်ပါတယ်။
( အချို့ Samsung 6.0 အထက်တွေမှာတော့ Root လိုကောင်းလိုနိုင်ပါတယ် )
Xiaomi(MI) , Huawei, Vivo တို့လို Theme ပါတဲ့ဖုန်းတွေမှာလည်းလုံးဝအဆင်ပြေနိုင်ပါတယ်။
Xiaomi Mi Version 8.0 အထက်တွေမှာလည်း Root မလိုပဲထည့်နိုင်ပါတယ်။
Vivo တွေက ဖောင့်နှစ်မျိုးရှိတဲ့အတွက် နှစ်မျိုးလုံးထည့်ပေးထားပါတယ် :D
အားလုံးအဆင်ပြေစေမှာပါ။
.
တခြားဖုန်းတွေအတွက်ကတော့ Root လိုပါတယ်။
App ထဲမှာလည်းသူကဏ္ဍအလိုက်ခွဲရေးပေးထားပါတယ်။
သူ့အမျိုးစားနဲ့သူဝင်ပြီး Install လုပ်ပြီး Change Font ကိုနှိပ်ကာ ဖောင့်ပြောင်းရုံပါပဲ ;)
Root ရှိတဲ့ဖုန်းတွေကတော့ Other(#Root) ထဲကိုဝင်ပြီး Install ကိုနှိပ်ပေးလိုက်ရုံပါပဲ။
ဖုန်းက Reboot ကျသွားပြီးပြန်တက်လာရင်လုံးဝအခုစာလုံးပုံစံလေးပြောင်းသွားတာကိုတွေ့ရမှာပါ။
မကြိုက်ရင် Restore ကိုနှိပ်ပြီး မူလအတိုင်းပြန်လည်ထားနိုင်ပါတယ် ;)
Samsung, Oppo, Xiaomi, Vivo, Huawei တို့လိုဖုန်းတွေမှာလည်း
မကြိုက်လို့ မူလအတိုင်းပြန်ထားချင်ရင်
Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးထားလို့ရပါတယ် ;)
ခွတ်ဒစ် - Khon Soe Zaw Thu

No comments:

Post a Comment

Androids

Zawgyi ပါတဲ့ Vivo ဖုန်းတွေကို Root မလုပ်ပဲ ယူနီကုဒ် ထည့်နိုင်ဖို့ပါ


မင်္ဂလာပါ
ပြည်ထောင်စု
နှစ်ဖက်မြင်
အပေါ်က မိမိ နှစ်သက်ရာ ၁ ခုကို ဒေါင်းလော့ဆွဲပါ
File Manager ရဲ့ မိမိ နှစ်သက်ရာနေရာမှာ paste ချပါ. ဒေါင်းထားတဲ့ဖိုင်ကို ဖွင့်လိုက်ပါ.
Apply နှိပ်ပါ.
အဲဒါဆိုရင် ဇော်ဂျီပါတဲ့ ဖုန်းကို ယူနီကုဒ် အလွယ်တကူ သွင်းပြီး ဖြစ်ပါတယ်.
X3S တော့ မရဘူး.. မရဘူးဆိုတာက သား စမ်းမိသလောက် အဲဒီ ဖုန်းက Error ထင်တာပဲ
အခြား Vivo တွေ တော့ ရပါတယ်.
မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ မြန်မာစာ တစ်ခုတည်း သာ အသုံးပြုနိုင်ဖို့
သား တက်နိုင်တဲ့ ဘက်က လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်.


လေးစားစွာဖြင့်

သားသား

( ချခ်တူးမန်း )

No comments:

Post a Comment

Keyboards

Keyman အတွက် smart Keyboard ပါ

Windows မှာရော Mac မှာပါသုံးလို့ရတဲ့ Smart Keyboard ပါတယ်။ ThanLwinSoft.org ရဲ့ Rules တွေကိုပဲ Package အနေနဲ့ပြန်ပြီး Build လုပ်ပေးထားတာပါ။
Myanmar3 Standard Layout

MyWin Layout

Pa'O Layout

SgawKaren Layout တို့ပါဝင်ပါတယ်။
Installation ကတော့ http://naingyeminn.com/posts/mywin-for-osx/ ထဲကအတိုင်းပါပဲ။
ဒီမှာ ဒေါင်းပါ

credit - Naing Ye Minn

No comments:

Post a Comment

Keyboards

Keymagic အတွက် Windows 8 Style Layout ပါ

Ubuntu အတွက် (/usr/share/keymagic/)၊ Windows အတွက် (C:Users\{User Name}\AppData\Roaming\KeyMagic\) မှာ ကူးထည့်ပြီးသုံးပါ။ Mac ကတော့ သေချာမသိပါဘူး။ Ubuntu နဲ့ file path တူမယ်ထင်ပါတယ်။


ဒီမှာ ဒေါင်းပါဗျာ

credit - Nyi Latt

No comments:

Post a Comment

Browser

Opera Browser အသုံးပြုသူများ ဝမ်းမြောက်ဖွယ် :D

အားလုံးသိပြီးဖြစ်လောက်တဲ့ MUA Web Unicode Converter ကို Opera Extension အနေနဲ့ ထွက်လာပါပြီ။ အောက်ပါလင့်ခ်ကနေတဆင့် ဒေါင်းနိုင်ပါတယ်။
Zawgyi သုံးဖို့၊ ယူနီသုံးဖို့ဆိုပြီး ၂ မျိုးခွဲစရာ မလိုတော့ပါဘူး။

https://addons.opera.com/en-gb/extensions/details/mua-web-unicode-converter/

Chrome, Safari နဲ့ Firefox browser တွေအတွက် ရှိပြီးဖြစ်ပါတယ်။
ကိုဆန်းလင်းနိုင် ဦးဆောင်ဖန်တီးထားတဲ့ add-on ကို Opera အတွက် compile လုပ်လိုက်တာပဲ ဖြစ်ပါတယ်။ Thanks to him and other contributors!
credit- ကိုဝင်းလွင်မိုး

No comments:

Post a Comment

Browser

Opera အတွက် Unicode Addon လေးပါဗျာ

Attention Opera users!!!

The extension/add-in you love and use it everyday, can't live without is now available for Opera!

Yes, I'm talking about MUA Web Unicode Converter.

Type opera://extensions on browser address bar and drag this file. Click Install twice and let this extension does the magic.

Enjoy.

I've submitted for review to Opera Extension Team. When it's approved, I'll share the link from official extension store.

Contributors

- Ko Thant Thet
- Ko Aung Myo Kyaw
- Ko သစ် ပင်
- ကိုဝင်းလွင်မိုး
ဒီမှာ သွားဒေါင်းပါဗျာ
ဒီမှာ သွားဖတ်ပြီး အဆင်မပြေတာရှိရင်ပြောနိုင်ပါတယ်ဗျာ 

No comments:

Post a Comment

Apple

iOS 8 နဲ့နောက်ဆုံး version တွေမှာ ယူနီကုဒ်ဖောင့်သွင်းနည်း

iOS 8 နဲ့နောက်ပိုင်း iOS version တွေမှာ ယူနီကုဒ်သွင်းဖို့ သုံးဖို့က အတော်ကိုလွယ်သွားပါပြီ apple store ကနေ MyFont app ကို Download လုပ်ပြီး app ထဲက ယူနီကုဒ်ဖောင့် တခုခုကို install လုပ်ပြီးရင်ရပါပြီ

သတိပြုစရာကတော့ ဇော်ဂျီသွင်းထားမိရင်ဖျက်ဖို့လိုအပ်ပါတယ် Setting > General > Profile အောက်မှာသွင်းထာတဲ့ Font Profile ကဝင်သွားမှာပါ

iOS 10 ကနေစပြီးတော့ မြန်မာစာစပါလာပါပြီ Font Profile သွင်းစရာမလိုတော့ပါဘူး ပါလာတဲ့ မြန်မာဖောင့်ဟာ ချို့ယွင်းချက်အနည်းငယ်တော့ရှိပါသေးတယ် ( ယောက်ျား၊ အင်္ဂလိပ် ) တို့လိုစာလုံးတွေကိုရေးရင် အမှားပြနေတဲ့ပြဿနာပါ  မကြာခင်တော့ ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရမိပါတယ် 
Update ** iOS 12 မှာအဆင်ပြေသွားပါပြီ တိုင်းရင်သား အက္ခရာတွေတော့မပါသေးပါဘူး
Update **iOS 13 မှာ တိုင်းရင်းသား အက္ခရာတွေပါတဲ့ Font ကိုပြောင်းသုံးလိုက်ပြီဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွက်လဲအဆင်ပြေသွားပါပြီ


No comments:

Post a Comment

Unicode

Unicode နဲ့စာရေးတာခက်သလား

မရေးတတ်ခင်ကတော့ ခက်တယ်လို့ခံစားရပါတယ် အရင်ကရိုက်ခဲ့သလိုမှ မဟုတ်တာကို
သူ့ရဲ့စာရိုက်စနစ်ကရှင်းပါတယ်.....
windows, linux, mac စတဲ့စနစ်တွေမှာပါတဲ့ Keyboard စနစ်က Logical order နည်းပါ သူတို့မှာရိုက်ရင်
ဗျည်း၊ ဗျည်းတွဲး၊ သရ ဆိုတဲ့ အစီအစဉ်နဲ့ရိုက်ရပါတယ်
ဥပမာ 'နေကောင်းလား' ဆိုတဲ့စာစုကိုရိုက်ချင်တယ်ဆိုရင် န+ေ+က+ေ+ာ+င+်+လ+ာ+း 
ဆိုတဲ့ အစီအစဉ်နဲ့ရိုက်ရမှာဖြစ်ပါတယ်
အက္ခရာဆင့်တွေ ရိုက်ချင်ရင် ဝိယာမလို့ခေါ်တဲ့ [ ္ ] (Shift f နေရာမှာရှိတဲ့) ကီးလေးနဲ့ရေးရပါတယ် သူ့ရဲ့သဘောကတော့ အသတ်နဲ့သဘေားတရားချင်းဆင်ပါတယ်

တက္ကသိုလ်= တ+က+္+က+သို+လ်

လို့ရေးရင်ရပါပြီ.....
ဝိယာမက အက္ခရာဆင့်တွေတင်မကပါဘူး ကင်းစီးရေးရင်လဲသုံးပါတယ်

တနင်္လာ = တ+န+င်+္+လာ

Smart Keyboard တွေနဲ့ရိုက်တာကတော့ပိုလွယ်ပါတယ် မှတ်ထားစရာသိပ်မရှိပါဘူး သဝေထိုးလည်းရှေ့ကရေးလို့ရပါတယ် ငယ်ငယ်ကရေးလာတဲ့ သင်ပုန်းကြီးအတိုင်းပဲရေးရင်ရပါပြီ

No comments:

Post a Comment