Apple

iOS 8 နဲ့နောက်ဆုံး version တွေမှာ ယူနီကုဒ်ဖောင့်သွင်းနည်း

iOS 8 နဲ့နောက်ပိုင်း iOS version တွေမှာ ယူနီကုဒ်သွင်းဖို့ သုံးဖို့က အတော်ကိုလွယ်သွားပါပြီ apple store ကနေ MyFont app ကို Download လုပ်ပြီး app ထဲက ယူနီကုဒ်ဖောင့် တခုခုကို install လုပ်ပြီးရင်ရပါပြီ

သတိပြုစရာကတော့ ဇော်ဂျီသွင်းထားမိရင်ဖျက်ဖို့လိုအပ်ပါတယ် Setting > General > Profile အောက်မှာသွင်းထာတဲ့ Font Profile ကဝင်သွားမှာပါ

iOS 10 ကနေစပြီးတော့ မြန်မာစာစပါလာပါပြီ Font Profile သွင်းစရာမလိုတော့ပါဘူး ပါလာတဲ့ မြန်မာဖောင့်ဟာ ချို့ယွင်းချက်အနည်းငယ်တော့ရှိပါသေးတယ် ( ယောက်ျား၊ အင်္ဂလိပ် ) တို့လိုစာလုံးတွေကိုရေးရင် အမှားပြနေတဲ့ပြဿနာပါ  မကြာခင်တော့ ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရမိပါတယ် 
Update ** iOS 12 မှာအဆင်ပြေသွားပါပြီ တိုင်းရင်သား အက္ခရာတွေတော့မပါသေးပါဘူး
Update **iOS 13 မှာ တိုင်းရင်းသား အက္ခရာတွေပါတဲ့ Font ကိုပြောင်းသုံးလိုက်ပြီဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွက်လဲအဆင်ပြေသွားပါပြီ


No comments:

Post a Comment