Skip to main content

PK Converter Update Version (APK)

PK Converter (APK)
Updated : 2017/06/22

Floating bubble ကို ရွှေ့လို့ရချင်တယ် ဆိုတဲ့ သူတွေအတွက် update version ပါ။

ဒီ app ကို ရေးထားပြီး ကိုယ့်ဖာသာ သုံးနေတာပဲ နှစ်နှစ်နီးပါး ရှိနေပြီ။ အပြင်မှာ ပုံစံတူ Converter တွေ အများကြီး ရှိတာမို့ အများကို ချမပြဖူးဘူး။ မိတ်ဆွေတစ်ယောက်က တင်ပေးဖို့ တောင်းဆိုတာနဲ့ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပြီး အခု အများသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်။ အများ အသုံးတည့်မယ့် feature တချို့ကို ပြောပြပေးပါ့မယ်။

၁။ ကူးလိုက်တဲ့ စာတွေက ယူနီလား ဇော်ဂျီလား၊ အလိုအလျောက် သိအောင် လုပ်ထားပြီး ယူနီကို ကူးမိရင် ဇော်ဂျီ ပြောင်းပေးတယ်။ ဇော်ဂျီကို ကူးလိုက်ရင် ယူနီပြောင်းပေးတယ်။
၂။ ကိုယ်ရိုက်ထည့်လိုက်တဲ့ စာတွေကို ယူနီယူမလား၊ ဇော်ဂျီယူမလား၊ နှစ်မျိုးလုံး ယူမလား ရွေးလို့ရမယ်။
၃။ နှစ်မျိုးလုံး ကော်ပီယူရင်လည်း ခေါင်းစဉ်နဲ့ ပြပေးတယ်။ ဥပမာ
<Unicode>
ယူနီစာတွေ
<Zawgyi>
ဇော်ဂျီစာတွေ
၄။ အဲ့ဒီ <Unicode> နဲ့ <Zawgyi> ခေါင်းစဉ်တွေကို Setting မှာ စိတ်ကြိုက် ပြင်လို့ ရမယ်။
၅။ ကိုယ်ရိုက်ထားတဲ့ စာတွေကို ပုံအနေနဲ့ သိမ်းလို့ ရမယ့်အပြင် Facebook မှာ တန်းပြီး Share ဖို့ FB ခလုတ် လုပ်ပေးထားပါတယ်။ Post တက်လာရင် ရိုက်ထားတဲ့ ယူနီစာအတွက် Paste ချလိုက်ရုံပဲ။
၆။ အဓိက အကျဆုံးက Convert လုပ်တဲ့အခါမှာ ဇော်ဂျီ အမှားတွေကို တတ်နိုင်သလောက် ပြင်ထားပေးပါတယ်။ ဝလုံးအစား သုညရိုက်တာတွေ၊ ရအစား ၇ ရိုက်တာတွေကအစ အလိုလို ပြင်ပေးသွားပါမယ်။ (ကိုငွေထွန်း ညွှန်ပြထားတဲ့ အမှားတွေကို အခြေခံထားပါတယ်)

Error တွေ ရှိလာခဲ့ရင် ဆက်သွယ်ပေးပါဦး။ နောက်ပြီး ကျိတ်သုံးနေတဲ့ PK SMS နဲ့ Filename Converter လည်း နည်းနည်းလေး ပြန်ပြင်ပြီးရင် တင်ပေးပါ့မယ်။ အစစအရာရာ အဆင်ပြေကြပါစေ။


အဆင်ပြေကြပါစေဗျာ။
Credit - Phyoe Kyaw
အဆင်ပြေမှူမရှိပါက Myanmar Unicode Area Group တွင်ဖြစ်စေ ယခုစာစု၏အောက်တွင်မှတ်ချက်ဖြစ်စေ အကြံပြုစေလိုပါတယ်ခင်ဗျာ

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...