Skip to main content

PK Converter (for PC)

ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။
1. Text Converter
2. Filename Converter
3. MP3 Tag Converter

၁။ အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။
၂။ Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။
၃။ MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။
ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။ ကျနော်လည်း နောက်နေ့မှ Ubuntu တင်ပြီး စမ်းကြည့်ပါဦးမယ်။ Mac သမားတွေလည်း ကျေးဇူးပြုပြီး စမ်းပေးပါဦး။
အစစအရာရာ အဆင်ပြေကြပါစေ။
Credit - Phyoe Kyaw
1. PK_Converter (no Java) 45.01 MB        Download Here
2. PK_Converter (jar) 19.65 MB                Download Here

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...