Windows မှာ StartUpCheckLibrary.dll missing! ဆိုတဲ့ Error Windows ဖြေရှင်းနည်း
ပထမဆုံး Software ကို ဒီကနေ ဒေါင်းပါ https://live.sysinternals.com/Autoruns.exe
- ဒေါင်းပြီးရင် Autoruns.exe ကို Administrator အနေနဲ့ ဖွင့်လိုက်ပါ ( Right Click > Run as administrator)
- Quick Filter ကနေပြီး startupcheck ဆိုတဲ့ စာလုံးကိုရိုက်ပြီးရှာလိုက်ပါ
- ပြီးရင် Scheduler Task အောက်ကိုသွားလိုက်ပြီး \Microsoft\Windows\Application Experience\StartupCheckLibrary ဆိုတဲ့ဟာကိုရှာပြီး ဖျက်လိုက်ရင်ရပါပြီ။ ကျနော်ဆီမှာတော့ အဲ့တစ်ခုပဲရှိတယ်။
New Google Drive Software for Windows
![]() |
| Google Drive for Desktop သွင်းဖို့ တက်လာတဲ့ Noti Windows ပါ |
![]() |
| ဘာတွေပြောင်းသွားလဲဆိုတာကိုသိချင်ရင် What Change? ကိုနှိပ်ပြီးကြည့်လို့ရပါတယ် |
![]() |
| Sing in ကိုနှိပ်လိုက်တာနဲ့ အရင်ဝင်ဖူးထားတဲ့ အကောင့်ကိုပြပေးပါတယ် |
![]() |
| အကောင့်ဘေးက Sing in ကိုထပ်နှိပ်လိုက်ပါ |
![]() |
| Sing in ဝင်ပြီးသွားရင် Setting up လုပ်ခိုင်းပါလိမ့်မယ် |
![]() |
| Check Folders ကိုနှိပ်လိုက်ပါ |
![]() |
| ကိုယ့်ရဲ့ Drive တစ်ခုလုံးကိုစစ်နေတဲ့အတွက် များရင်များသလောက်ကြာမှာပါ |
![]() |
| စစ်ပြီးသွားရင် Review Setting ကိုနှိပ်လို့ရပါပြီ |
![]() |
| Drive ကို ရွေးစရာ ၂ မျိုးပေးထားပါတယ် Stream နဲ့ Mirror ဆိုပြီး |
![]() |
| တစ်မျိုးစီနဲ့ ရနိုင်တဲ့လုပ်ဆောင်ချက်တွေကိုရှင်းပြထားပါတယ် ကိုယ်နဲ့ ကိုက်မယ့်တစ်ခုကို ရွေးပေးလိုက်ပါ |
- Stream File က Cloud မှာပဲသိမ်းတယ်။ ဒါပေမယ့် ရွေးထားတဲ့ Folder နဲ့ File တွေကတော့ Offline မှာသုံးလို့ရမယ်။ ကွန်ပျူတာမှာ Drive တစ်ခုအနေနဲ့ပြပေးတယ်။ အားနည်းချက်ကတော့ အင်တာနက်လိုင်းလိုပါတယ်။ အားသာချက်ကတော့ ကွန်ပျူတာမှာ Local Storage နေရာယူမှူ့မရှိသလောက်နည်းသွားပါလိမ့်မယ်။
- Mirror File က ၂ နေရာလုံးမှာ သိမ်းပေးတယ်။ ကွန်ပျူတာမှာ Folder or File တွေအနေနဲ့ပဲပေါ်နေမှာ (ကိုယ့်ရဲ့ Local Drive မှာနေရာယူနေမှာပါ)။ သူကတော့ File တွေအကုန် Offline ရပါတယ်။ အားနည်းချက်ကတော့ Local Storage ပေါ်မှာလဲ နေရာယူတဲ့အတွက် Storage နည်းတဲ့သူတွေအတွက်အဆင်ပြေမှာမဟုတ်ပါဘူး။ အားသာချက်ကတော့ အင်တာနက်လိုင်းအမြဲမိနေဖို့မလိုပါဘူး။
Proton VPN and Proton Mail
Google Map For iOS မှာ Dark Mode ရလာပြီ
ဘာမှသိပ်မတင်ဖြစ်နေတာကြာပြီ 🥺။ iOS အတွက် Google Map မှာ Dark Mode ရပြီလို့ပြောနေကြတာတော့ အတော်လေးကြာနေပါပြီ ကျနော်ကတော့ ဒီနေ့မှသတိထားမိတယ် (ရပြီလို့သတင်းထွက်တုန်းက စမ်းကြည့်ရှာကြည့်သေးတယ် မရဘူး ဒီနေ့မှ သတိရလို့ပြန်ကြည့်မိတာ) လွန်ခဲ့တဲ့ ၂ ရက်က Update ပေးထားတာတွေ့တော့ အဲ့ Update မှာပါလာတာလို့ထင်တာပဲ။ ကြည့်နေကျမဟုတ်လို့လားမသိဘူး တမျိုးကြီးပဲ 😅။ ထုံးစံအတိုင်းပဲ Dark Mode မရတဲ့ iOS ဗားရှင်းအနိမ့် တွေမှာဆိုရင်တော့ ပါလာမှမဟုတ်ပါဘူး ဆိုတော့ Dark Mode သုံးဖို့ အတွက် iOS 13 အနိမ့်ဆုံးလိုပါတယ်။ ဖွင့်နည်းက ဘာမှမခက်ပါဘူး Google Map Setting ထဲကိုသွားပြီး Dark Mode ON ပေး (ဒါက Map တစ်ခုတည်းကိုပဲ Dark Mode သုံးချင်ရင်) ဒါမှမဟုတ် Same As Device Setting (ဒါကကြတော့ ဖုန်းမှာ Dark Mode ထားရင်လိုက်ပြောင်းပေးမှာ) ဆိုတာရွေးပေးလိုက်ရင်ရပါပြီ။ ပုံလေးတွေလဲတင်ပေးထားပါတယ် ကြည့်ကြည့်လိုက်ကြပါ။
![]() |
| လွန်ခဲ့တဲ့ ၂ ရက်က Update (ဆိုတော့ 18/08/2021 ကတည်းကရနေတာဖြစ်နိုင်တယ်) |
![]() |
| Setting ထဲကိုဝင်ပါ (အဲ့ဒါပေါ်အောင်က ကိုယ့် Profile ကိုထိလိုက်ပါ) |
![]() |
| သိသာပါတယ် Dark Mode ထဲထပ်ဝင်ပါ |
![]() |
| Highlight ပြထားတဲ့အထဲက ၁ ခုကိုရွေးပေးပါ |
![]() |
| ဒါကတော့ Dark Mode နဲ့မြင်ရတဲ့ပုံပါ |
Windows 11 Pro Insider Preview 21H2 Build 22000.51 အကြောင်း
Windows 11 ကို ၆ လပိုင်း ၂၄ ရက်နေ့ကတရားဝင်မိတ်ဆက်ပြီးတော့ သိပ်မကြာဘူး တရားဝင် Insider Preview ထုတ်ပေးတယ် ကျနော်ဆီမှာ တင်လို့မရဘူး ဘာဖြစ်လဲဆိုတော့ System Requirement မကိုက်လို့ဆိုပြီး အတင်မခံဘူး။ အတော်လေးစိတ်လေသွားတယ် တစ်ခြားနည်းနဲ့စမ်းရအောင်ကလဲ ISO File ထွက်မလာသေးတော့ ကခက်နေရော။ မနေ့ကမှ Windows 11 Pro Insider Preview 21H2 Build 22000.51 ရဲ့ ISO File လေးရတယ် တင်ကြည့်မယ်ဆိုပြီး စမ်းတော့ တင်မရဘူး အဲ့ဒါနဲ့ အရင်တခုမှာတုန်းကတင်သလိုမျိုး appraiserres.dll ကို replace လုပ်ပြီးတင်လိုက်တာရသွားတယ် 😅။ မတတ်နိုင်ဘူးလေ သုံးကြည့်ချင်နေတာကို မရရအောင်တင်လိုက်ရတာပဲ တင်ပြီးသွားတော့ OTA update တွေဘာတွေတောင်လုပ်လို့ရနေသေးတယ် ဘာလဲတေော့မသိဘူး။ အခုတရားဝင်ထွက်လာတာနဲ့ အရင်ထွက်တာနဲ့ဘာကွာလဲဆိုတော့ UI ပိုင်းတစ်ချို့အတော်လေးကွာသွားတယ် သတိထားမိသလောက်ကတော့ System Windows ပြောင်းရယ် Desktop ပေါ်မှာ Right Click လုပ်ချိန်မှာပွင့်လာတဲ့ Windows ရယ်ပဲ အရင်လို Right Click နှိပ်ပြီး Refresh လွယ်လွယ်နဲ့လုပ်မရတော့ဘူး 😅 ဆိုတာက အတော်လေးသိသာတယ် (Right Click နှိပ်ပြီး Refresh အတော်လေးနှိပ်ချင်နေတာက ပြဿနာ **Update - 9 July 2021 Windows Update Build 22000.65 မှာ Right Click Windows မှာ Refresh ပြန်ပါလာပြီ**)။ ပြီးတော့ Notifications Windows လို့ပြောရမလား ဘာလား Windows 10 မှာပါလာတဲ့ကောင် အဲ့ကောင်လေးက တစစီဖြစ်သွားပြီ ပြက္ခဒိန်ကသပ်သပ် ကျန်တဲ့ Network, Power, Wifi, Speaker တို့က သပ်သပ်ဖြစ်သွားတယ် Notification တက်လာရင်အရင်လိုပုံဆိုးပန်းဆိုးလဲမဟုတ်တော့ဘူး မဆိုးတော့မဆိုးပါဘူး ပိုအဆင်ပြေလာတယ်။ Widgets Windows ကပိုကောင်းလာတယ် ပိုအဆင်ပြေလာတယ် Windows Store UI ပိုကောင်းလာတယ် သူတို့ ကြေငြာထားတဲ့ Android App တွေသုံးလို့ရတယ်ဆိုတာကတော့ အခုလောလောဆယ်အထိမရသေးဘူး။
Devices Info တွေကိုလဲ လွယ်လွယ်လေးနဲ့ ကူးလို့ရသွားတယ် မိုက်တယ်။ Copy ခလုပ်လေးနှိပ်ပြီး ကူးလိုက်ရုံပဲ။
Edition Windows 11 Pro
Update 21H2
Installed on 7/7/2021
OS build 22000.51
Experience Windows Feature Experience Pack 421.16300.0.3
Device name xxxxxxxxxxx
Processor Intel(R) Core(TM) i3-4005U CPU @ 1.70GHz 1.70 GHz
Installed RAM 8.00 GB
Device ID _____________________________________
Product ID xxxxx-xxxxx-xxxxx-xxxxx
System type 64-bit operating system, x64-based processor
Pen and touch No pen or touch input is available for this display
![]() |
| Windows 11 System Windows |
![]() |
| Windows 11 21H2 Build 22000.51 Right Click Windows |
Yi M1 Mirrorless Camera ကိုင်ရတဲ့ ဒုက္ခ
Yi M1 Mirrorless လေးကိုင်နေပါတယ် iOS 12 ကနေစပြီး iPhone နဲ့ချိတ်လို့မရတော့ဘူး။ အစကတော့ ခပ်ပေါ့ပေါ့ပဲ ဖုန်းကတခုခုဖြစ်တာ ဒါမှမဟုတ် App ပြန်သွင်းရမှာလို့ထင်နေတာ ဒီနေ့သေချာရှာကြည့်တော့မှ မဟုတ်ဖူး iOS 11 အထိပဲအဆင်ပြေတာ iOS 12 ရောက်သွားရင် Camera နဲ့ Phone က Pair ဖြစ်သွားပေမယ့် ဘာမှလုပ်မရဘူး Error တက်သွားတယ် အဲ့ဒီပြဿနာက iOS 12 နဲ့အထက်ဖုန်းတွေမှာပဲတက်တယ် ပြီးရင် Android တွေမှာ အဲ့လိုပြဿနာ မရှိဘူး 😅။ Android တစ်လုံးကို Camera နဲ့ချိတ်ဖို့ဝယ်ထားရမလိုဖြစ်နေတာ။ iOS 12 ကတည်းကဖြစ်တဲ့ပြဿနာကို အခု iOS 15 တောင်ထွက်တော့မယ် ဘာမှဖြေရှင်းမပေးဘူး ဘာမှလုပ်မပေးတာတော့ သိပ်အဆင်ပြေမနေဘူး။ တကယ်က စပြီးအစမ်းထုတ်တာမျိုးကို ကိုင်မိတဲ့ ကိုယ့်အမှားလဲပါပါတယ် သူတို့ဖက်ကတော့ Fail သွားတဲ့ ထုတ်ကုန်တစ်ခုလိုမျိုးဘာမှ Support မပေးတော့ဘူးလို့ယူဆရတယ် 😅။
Windows 11 ကဘာတွေထူးသလဲ
Jun 24 2021 မှာ Microsoft ကနေပြီးတော့ Windows အသစ်တစ်ခုဖြစ်တဲ့ Windows 11 ကိုမိတ်ဆက်သွားပါတယ်။ Event ကိုတော့မကြည့်လိုက်ပါဘူး ဒီနေ့မနက်ကမှ စိတ်ကူးပေါက်လို့ Windows 11 iso ရှာပြီး တင်လိုက်တာ ဟိုတနေ့ Windows 10 Dev Previews တင်ထားတာကနေ အခု Windows 11 Dev Previews ဖြစ်သွားတာပေါ့လေ 😅။ ဘာတွေထူးလဲဆိုတော့ UI အသစ်ဖြစ်သွားတယ် တစ်ချို့နေရာတွေမှာတော့ အရင်လိုပဲ Folder Icon လေးတွေကတော့ Windows 10 Dev Previews မှာလိုမျိုး အတူတူပဲ Emoji Windows လဲအတူတူပဲပြောင်းပေးထားတယ်။ Windows အစွန်းလေးတွေကို လုံးပေးထားတယ် Start Menu ကတော့ အသိသာဆုံးအပြောင်းအလဲပဲ အရင်နဲ့ ဘာမှမဆိုင်တော့ဘူး။ အောက်မှာ Screen Shoot ပုံလေးတွေပြပေးထားပါတယ်။ Dev Previews ဖြစ်တဲ့အတွက်တစ်ခါတစ်လေတော့ သုံးရတာ သိပ်အဆင်မပြေသလိုဖြစ်နေတတ်တယ် အလုပ်ပုံမှန်လုပ်နေပြီး စက်ပုံမှန်အဆင်ပြေပြေဖြစ်ဖို့ လိုတဲ့သူတွေကတော့ လောလောဆယ်မစမ်းသင့်သေးပါဘူး အခန့်မသင့်ရင် Windows 10 ကိုပြန်ဆင်းရမှာမို့လို့ အချိန်ကုန်ပြီး အလုပ်ရှုပ်ပါလိမ့်မယ်။ အခုလောလောဆယ် စမ်းကြည့်နေရသလောက်ကတော့ Search အရင်ကထက်ပိုကောင်းလာပါတယ်။ ၁ ပတ်လောက်သုံးကြည့်ပြီးမှ ထပ်ဖြည့်ပေးတော့မယ် 😜။
![]() |
| Notification Panel UI |
| New Task Bar UI |
![]() |
| Widgets |
![]() |
| New Start Menu |
![]() |
| New Windows Layout UI |
Windows 10 Dev Previews Built 21390.2025
ဒီနေ့ ပျင်းပျင်းရှိနေတာနဲ့ Windows 10 Dev Previews Built 21390.2025 လေးတင်လိုက်မိတယ်။ တကယ်က စိတ်နဲ့လူနဲ့ သိပ်မကပ်သလိုဖြစ်ဖြစ်နေလို့ ပေါက်ကရပြန်လျှောက်လုပ်နေမိတာ။ UI မှာ Icon တွေပုံစံပြောင်းကုန်တယ် ကြည့်လို့တော့လှလာတယ်။ Windows 11 Leak Photo က Icon တစ်ချို့နဲ့အတော်လေးတူနေတာကိုတွေ့ရတယ် ဥပမာ Setting Icon ကျန်တာတွေကတော့ သေချာသုံးမကြည့်ရသေးဘူး အဲ့တော့ ဘာတွေသိသိသာသာပြောင်းသွားသလဲ ပိုကောင်းလာသလား Dev Previews ဖြစ်တဲ့အတွက်ပြဿနာတွေပဲအများကြီးရှိနေမလားတော့ သေချာမသိရဘူး။ ဘာပဲဖြစ်ဖြစ် စိတ်အပြောင်းအလဲတော့ဖြစ်ရတာပေါ့ 😅။ လောလောဆယ်သိလိုက်တာကတော့ Emoji Windows လေးပိုကောင်းလာတယ်။ နောက်တိုးပြီးသိလာရင်လဲ ထပ်ရေးပေးပါမယ်။
AutoCAD Error : "The security system (Softlock license manager) is not functioning or is improperly installed"
ဒီနေ့မှ AutoCAD လေးဖွင့်လိုက်မိပါတယ် ပွင့်လာတဲ့အချိန်မှာ "The security system (Softlock license manager) is not functioning or is improperly installed" ဆိုတဲ့ Box လေးကျလာပြီး ပြန်ပြန်ထွက်သွားတယ်။
Reinstall လုပ်လဲ အဆင်မပြေဘူး AutoCAD 2012 ရော 2014 မှာပါဖြစ်နေတော့ ခက်နေတာ ဖြုတ်ပြီးပြန်သွင်းဖို့ကလဲ ပျင်းနေတာဆိုတော့ နည်းလိုက်ရှာကြည့်လိုက်တော့ အဆင်ပြေသွားတယ်။ ဘာမှမခက်လှဘူးရယ် အဲ့လို Box လေးတက်လာရင် Repair or Reinstall လုပ်စရာမလိုဘူး Services Windows ထဲမှာရှိတယ် Windows 10 မှာဆိုရင်တော့ Tesk Manager ထဲကနေ Service Tab အောက်ကတန်းဖွင့်လိုက်လို့ရတယ်။
အဲ့ဒီ Services ထဲက FlexNet Licensing Service 64 ဆိုတာလေးက Disable ဖြစ်နေလိမ့်မယ် Auto ပြောင်းပေးလိုက်ပါ ပြီးရင် Start ကိုနှိပ်ပေးပြီးတာနဲ့ရသွားပါပြီ။
အားလုံး အဆင်ပြေကြပါစေဗျာ။
Google Calendar မှာ Invitations Event ကိုတန်းမပြအောင်လုပ်နည်း
တစ်နေ့က သူငယ်ချင်းတစ်ယောက်ကို အကူအညီပေးလိုက်မိပြီး Google Account မှာ အတော်လေးတိုင်ပတ်နေတယ်။ ရုရှားတွေကနေပြီး မဲပေါက်တယ်ဆိုပြီး စလာတာကနေ သူငယ်ချင်းက စမ်းချင်လို့ဆိုပြီး စမ်းကြည့်တာမှာ နေတိုင်းသုံးနေကျ Email ကိုပေးမိသွားတယ်(သတိလေး တစ်ချက်လစ်သွားတာနဲ့ ခံရတာပဲ ပိုက်ဆံပါသွားတာမဟုတ်ပေမယ့် အတော်လေးအာရုံနောက်ရတယ်)။ အဲ့ဒီမှာပဲ လှိမ်နေအောင်ခံရတော့တာပဲ Google Drive မှာ Share Files လာပို့တာ၊ Google Photo မှာ Share Photo လာလုပ်တာ၊ Mail တွေဇွတ်ပို့တာတွေလုပ်ရော အကုန်လုံးပိုက်ဆံတောင်းတာတွေ။ အဲ့အထိက ဘာမှမဖြစ်သေးဘူး နောက်ဆုံးမှာ Google ပြက္ခဒိန် မှာပါ Event လုပ်ပြီး Invite လုပ်တယ် Default အနေနဲ့က Invite Event တွေကို Google ပြက္ခဒိန်က တန်းပြတာ အဲ့ဒီတော့ပြက္ခဒိန်ကြီးတစ်ခုလုံးသူတို့ Event တွေနဲ့ပွထကုန်ရော အတော်လေးစိတ်ညစ်စရာကောင်းသွားတယ် 😅😅။ (ပုံ-၁ တွင်ကြည့်)
| ပုံ-၁ |
အဲ့ဒါနဲ့ Google ကို အပူကပ်ပြီးလျှောက်ရှာကြည့်တော့ Invite Event တွေကို ကိုယ်လက်ခံမှ ပြက္ခဒိန်မှာပြအောင်ပြင်လို့ရတယ်ဆိုတာကို သွားတွေ့ရတယ်။ ပြင်နည်းက ဘာမှမခက်ပါဘူး ကွန်ပျူတာ Browser တစ်ခုခုကနေ Google ပြက္ခဒိန်ကိုဖွင့်ပါ (Mobile App တွေကနေတော့ပြင်လို့မရသေးပါဘူး) ပြီးရင် ပြက္ခဒိန်ရဲ့ Setting ထဲကိုဝင်ပါ။ ပြက္ခဒိန် Setting ထဲမှာ Event Settings ဆိုတဲ့ Tab လေးရှိပါတယ် အဲ့ဒီအထဲကိုသွားပြီး Automatically add invitations ဆိုတဲ့အကွက်မှာ Yes ဖြစ်နေတာကို No, Only Show invitations to which I have responded ကိုရွေးပေးလိုက်ပါ (ပုံ-၂ နှင့် ၃ တွင်နမူနာကြည့်ပါ) အဲ့ဒါဆိုရင် ကိုယ်လက်မခံတဲ့ Event က ပြက္ခဒိန်မှာပေါ်လာမှာမဟုတ်တော့ပါဘူး။
![]() |
| ပုံ-၂ |
![]() |
| ပုံ-၃ |
ကျနော်လိုတိုင်ပတ်နေတဲ့သူတွေဖြစ်ဖြစ် သူများက Invite Event လာလာပို့နေလို့ အာရုံနောက်နေလို့ပဲဖြစ်ဖြစ် ဒီနည်းလေးအတိုင်းသာပိတ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။
Online Photo Editor Photopea
နှစ်သစ်အတွေးစတစ်ချို့
နှစ်တစ်နှစ်တော့ကုန်သွားပြီ ရောဂါတွေတော့ နည်းနည်းအဆင်ပြေလာသလိုပဲ သိပ်တော့မသေချာ။ အရင်နှစ်ကတော့ လုပ်မယ်တွေးထားတာအများစု လုပ်တော့လုပ်ဖြစ်တယ် ဒါပေမယ့် ကောင်းကောင်းမွန်မွန်နဲ့ မအောင်မြင်လိုက်ဖူး 😅။ ဒီနှစ်တော့ လုပ်မယ်လို့တွေးထားတာတစ်ချို့ထပ်ရှိတယ် 😂 Java ကိုအတော်အတန်ရအောင် လေ့လာမယ်လို့တွေးထားတယ် (အခုလဲ နည်းနည်းပါးပါတော့ သိသလိုလို မသိသလိုလိုတော့ရှိနေပြီ) နောက်တစ်ခုက ဓာတ်ပုံ၊ ဓာတ်ဖမ်းမယ်လို့ကြံထားတာက အရင်နှစ်ကတည်းကပဲ ဒါပေမယ့် ရောဂါတွေဖြစ်ပြီး အပြင်ထွက်မရချိန်မှာ အတော်တိုင်ပတ်သွားတယ် အခုနှစ်တော့ စိတ်ကူးပေါက်ရာလေးတွေ ဓာတ်ဖမ်းဖို့ကြိုးစားရအုံမယ်။ လောလောဆယ်တော့ ဒီလောက်ပဲ နှစ်သစ်မှာ Post အသစ်တင်ချင်လို့ လာရေးတာ 😜။









































No comments:
Post a Comment