Skip to main content

Proton VPN and Proton Mail

Proton Mail အကြောင်းသိနေတာတော့ ၆ လလောက်ရှိနေပြီ။ အကောင့်ဖွင့်လိုက်တယ် သုံးကြည့်တယ်အဲ့လောက်ပဲ ဘာမှထူးမလာဘူး။ Gmail ထက်ပိုပြီလုံခြုံတယ် စိတ်ချရတယ်လို့တော့သိထားတယ် အဲ့ဒီလောက်ပဲ။ အကောင့်ဖွင့်လိုက်ရင် Storage အနေနဲ့ 500 Mb ရတယ် တကယ်လုပ်ငန်းသုံးချင်ရင်တော့ ဘာမှမပြောပလောက်တဲ့ ပမာဏပဲ အဲ့ထက်ပိုပြီးလိုချင်ရင်တော့ဝယ်သုံးမှ ရမယ်။ သုံးဖို့အတွက် UI ကလဲ အရမ်းကြီးရှုပ်မနေပါဘူး ပုံမှန် Mail Client တခုလိုပါပဲ ရိုးရိုးရှင်းရှင်းနဲ့ သုံးရတာ လွယ်ပါတယ်။ ပြီးရင် သူကနေပေးထားတဲ့ VPN Services ရှိပါတယ်။ အဲ့ဒါကိုသုံးဖို့က Proton Mail တစ်ခုလိုပါတယ်။ VPN မှာလဲ Free ပေးသုံးတာရယ် ရောင်းတာရယ်ဆိုပြီး ရှိပါသေးတယ် ရောင်းတာနဲ့ ဘာကွာလဲဆိုတော့ Free ပေးသုံးတာမှာ အကောင့်တစ်ခုကို စက်တစ်လုံးမှာပဲသုံးလို့ရမှာပါ၊ Connection Speed ကတော့ Medium ပဲရပါမယ် (Medium သာပြောတာပုံမှန်လိုင်းတက်သလိုကိုတက်ပါတယ် အိမ်မှာ 20Mbps ယူထားတာ Download လုပ်ရင် 3MB/s တက်ပါတယ် အခု VPN ခံထားတာတောင် အဲ့ဒီ Speed ကိုရနေတုန်းပါပဲ) ၊ နေရာ ၃ ခုပဲရွေးစရာရှိပါတယ် (အမေရိကန်၊ ဂျပန်၊ နယ်သာလန်) ဆိုတော့ Free VPN တစ်ခုအနေနဲ့တော့ အတော်လေးမဆိုးလှပါဘူး။ အကောင့်ဖွင့်တာကလဲ ဘာမှမခက်လှတဲ့အတွက် အသေးစိတ်တွေတော့ရေးပြ မနေတော့ပါဘူး။ VPN အတွက် https://protonvpn.com/ မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။ Email အတွက်ဆိုရင်တော့ https://protonmail.com/ ကိုသွားရမှာပါ ဘယ်ကနေပဲ အကောင့်ဖွင့်ဖွင့် အလုပ်လုပ်ပါတယ် VPN အတွက်ဖွင့်လိုက်လဲ Email ပါသုံးလို့ရပါတယ်။ Multi OS support ပါတယ် Windows, MacOS, iOS, Android, Linux အတွက် အကုန်ရှိပါတယ်။ ပြီးတော့ တစ်ခြား Free VPN တွေလို လိုင်းကျသွားတာ နှေးထားတာမရှိတဲ့အပြင် Data Limit လဲမရှိပါဘူး အခုသုံးကြည့်နေရသလောက်ကတော့ အတော်လေးကို အဆင်ပြေပါတယ်။


Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...