Yi M1 Mirrorless လေးကိုင်နေပါတယ် iOS 12 ကနေစပြီး iPhone နဲ့ချိတ်လို့မရတော့ဘူး။ အစကတော့ ခပ်ပေါ့ပေါ့ပဲ ဖုန်းကတခုခုဖြစ်တာ ဒါမှမဟုတ် App ပြန်သွင်းရမှာလို့ထင်နေတာ ဒီနေ့သေချာရှာကြည့်တော့မှ မဟုတ်ဖူး iOS 11 အထိပဲအဆင်ပြေတာ iOS 12 ရောက်သွားရင် Camera နဲ့ Phone က Pair ဖြစ်သွားပေမယ့် ဘာမှလုပ်မရဘူး Error တက်သွားတယ် အဲ့ဒီပြဿနာက iOS 12 နဲ့အထက်ဖုန်းတွေမှာပဲတက်တယ် ပြီးရင် Android တွေမှာ အဲ့လိုပြဿနာ မရှိဘူး 😅။ Android တစ်လုံးကို Camera နဲ့ချိတ်ဖို့ဝယ်ထားရမလိုဖြစ်နေတာ။ iOS 12 ကတည်းကဖြစ်တဲ့ပြဿနာကို အခု iOS 15 တောင်ထွက်တော့မယ် ဘာမှဖြေရှင်းမပေးဘူး ဘာမှလုပ်မပေးတာတော့ သိပ်အဆင်ပြေမနေဘူး။ တကယ်က စပြီးအစမ်းထုတ်တာမျိုးကို ကိုင်မိတဲ့ ကိုယ့်အမှားလဲပါပါတယ် သူတို့ဖက်ကတော့ Fail သွားတဲ့ ထုတ်ကုန်တစ်ခုလိုမျိုးဘာမှ Support မပေးတော့ဘူးလို့ယူဆရတယ် 😅။