Browser

Facebook Messenger for PC Software မှာဘာတွေထူးသလဲ


Facebook Messenger for PC Software ကထွက်နေတာ နည်းနည်းတောင်ကြာနေပါပြီ (PC အတွက်ရော Mac အတွက်ရောထွက်ထားပါတယ် Windows Store နဲ့ Apple App Store ကနေ Download ဆွဲလို့ရပါတယ်) ဒါပေမယ် အတော်များများက မသိကြဘူး တစ်ချို့ကလဲ ဘာမှမထူးပါဘူး မဟုတ်လဲ Browser ကနေသုံးလို့ရနေတာပဲ လို့တွက်ကြပါလိမ်မယ် တကယ်ကသိပ်မတူပါဘူး (သိပ်မတူသလို သိပ်လဲမကွာလှပါဘူး 😅) Messenger Software မှာ Dark Mode ရပါတယ် ပြီးရင် အခုတလေားမှာခေတ်စားနေတဲ့ Messenger Room က ကိုယ်က Create လုပ်မယ့်သူဆိုရင် Messenger Software လိုပါတယ် ဘာလို့လဲဆိုတော့ Browser မှာ Room Create လုပ်ဖို့မပါသေးတဲ့အတွက်ပါ (Browser မှာလဲ Room Create လို့ရသွားပြီ Chromium Base Browser တော့ဖြစ်ရမယ် ရေးနေတာက ဝေ့နေတာများတော့  တိုင်မင်မကိုက်တော့ဘူးဖြစ်ကုန်ပြီ မတတ်နိုင်ဘူး 😅) Standalone Software ဖြစ်သွားတဲ့အတွက် Noti တက်ပေးတာတွေ အလုပ်တစ်ခုခုလုပ်နေချိန်မှာ Messenger မှာ တစ်ခုခုပြောချင်ရင် Browser ကိုဖွင့်စရာမလိုတော့တာတွေတော့ သူ့အားသာချက်လို့ပြောရမလားပဲ မဟုတ်ရင် Browser ကိုဖွင့်ပြီးရင် https://facebook.com ကိုသွား ပြီးမှ Messenger မှာကိုယ်ပြောချင်တဲ့သူကိုရှာ စာရိုက် (https://messenger.com ကိုတိုက်ရိုက်သွားလို့တော့ရပေမယ့် ကျနော်တော့တစ်ခါမှအဲ့လိုမဝင်ဖူးဘူး)  Messenger Software သုံးရင်တော့ အဲ့အဆင့်တွေသွားစရာမလိုပဲ Messenger ထဲးတန်းရောက်သွားမယ် ဆိုတော့ နည်းနည်းတော့ပိုမြန်တယ်ပေါ့လေ အဲ့လောက်ပါပဲ


No comments:

Post a Comment

Keyboards

Windows10 Update(Version2004) မြန်မာလက်ကွက်(Visual Keyboard) နဲ့ Excel

windows 10 myanmar keyboard layouts
Windows 10 မှာမြန်မာစာအထောက်အပံ့ စပေးလာကတည်းက မြန်မာစာလက်ကွက်လဲ Windows 10 မှာ Built in ပါလာပါတယ် ဒါပေမယ် ပထမပါလာတာက Logical Order အတိုင်းရိုက်ရတဲ့ ကီးဘုတ်ပါ သဝေထိုးကို ဗျည်း၊ ဗျည်းတွဲးနောက်မှရိုက်ရတာမျိုး အတော်များများမကြိုက်ကြပါဘူး နောက်တော့ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်ကိုထည့်ပေးလာပါတယ် သိပ်တော့အဆင်မပြေလှဘူးပေါ့လေ Excel လိုနေရာမျိုးမှာ ရိုက်နေရင်းနဲ့ တစ်ချို့စာလုံးတွေပျောက်သွားတာ သဝေထိုးနဲ့စရိုက်ရတဲ့စာဆိုရိုက်မရတာတွေဖြစ်ပါတယ် (Logical Order နဲ့ရိုက်တာကတော့ ဘာအမှားမှလဲမရှိဘူး အကုန်အဆင်ပြေတယ်) Excel မှာပြဿနာတက်တာက Windows 10 Visual Keyboard တစ်ခုတည်းတော့မဟုတ်ပါဘူး Smart Keyboard တွေအကုန်အဆင်သိပ်မပြေလှပါဘူး Keyman and Keymagic တို့လဲ Excel မှာ ရိုက်ရတာ အဆင်မပြေတာတွေအများကြီးပါပဲ  အခုတော့ Windows 10 Visual Keyboard က အတော်အဆင်ပြေသွားပြီလို့ပဲ ပြောရမယ်ထင်တယ် နောက်ဆုံးပေးထားတဲ့ Windows Update Version 2004 မှာ Built in Visual Keyboard ကို စမ်းကြည့်ရသလောက်ကတော့ Excel 2019 မှာရိုက်မရတဲ့စာလုံးမရှိတော့ဘူး (ကျနော်မတွေ့သေးတာလဲဖြစ်နိုင်ပါတယ် စမ်းကြည့်ကြပါအုံး) Chrome မှာတော့အဆင်မပြေသေးပါဘူး Chrome တင်မဟုတ်ဖူး Chromium Base Software တွေမှာလဲ အတူတူပဲ အဆင်မပြေသေးဘူး 

No comments:

Post a Comment

Architecture

Sketchup Vray Next 4.20 မှာ အသစ်တိုးလာတာလေးတွေ

V Ray Next
V Ray အနေနဲ့ V Ray 5 Beta ကို 3D Max အတွက်ထုတ်ပေးနေသလို အရင် V Ray Next ကိုလဲ Update တော့ပေးနေတုန်းပါပဲ အခုနောက်ဆုံး Update ပေးထားတဲ့ V Ray Next 4.20 မှာတော့ အရင်မူလပါတဲ့ Feature တွေအပြင် ထပ်တိုးလာတာတွေရှိပါတယ် ( အရင်ရေးထားတဲ့ V Ray Next အကြောင်းဖတ်ချင်ရင် ဒီမှာ သွားဖတ်ပါ ) ပထမဆုံး Render Engine မှာ အရင်က CPU and GPU ပဲပါတာကနေ အခုက CPU, CUPDA, RTX ဆိုပြီး ၃ ခုဖြစ်သွားပါတယ် CPU ကတော့အရင်လိုပါပဲ CPU Render ပါ CUPDA ကတော့ အရင် GPU Render နဲ့အတူတူပါပဲ CPU ရော GPU ရော ၂ ခုလုံးသုံးပြီး Render လုပ်ပေးမှာပါ RTX ကတော့ RTX Graphic Card တွေရှိတဲ့သူတွေအတွက်ပါ Ray Tracing Technology ပါတဲ့အတွက် ပိုကောင်းတယ် ပိုမြန်ပါတယ် 😁😁 ကျနော်ဆီမှာမရှိတဲ့အတွက်စမ်းတော့မပေးနိုင်ပါဘူး 😅😅
နောက်တစ်ခုကတော့ Viewport Render ပါ Viewport Render ဆိုတဲ့အတိုင်းပါပဲ Viewport တစ်ခုလုံးကို Real Time Render လုပ်ပေးတာပါ စက်ကောင်းဖို့တော့လိုပါမယ် မဟုတ်ရင်တော့ ထစ်နေတာပဲ အဖတ်တင်ပါမယ် Cloud Batch Render လဲမကြခင်ရမယ်လို့တော့ရေးထားတာတွေ့တယ် အခုထိတော့မရသေးဘူး V Ray 5 နဲ့မှ အတူတူပေးမလားတော့မသိဘူး ရရင်တော့ Cloud Base ဖြစ်တဲ့အတွက် အကုန်အတူတူရနိုင်ပါတယ်
နောက်တစ်ခုကတော့ အရင်ကတည်းကအဲ့လိုရမရတော့သတိမထားမိဘူး အခုမှသတိထားမိတဲ့ဟာပါ Render အောက်က Interactive Render ပါ Render လုပ်နေတဲအချိန်မှာ Materials တွေရဲ့ အရောင်တွေကိုလိုက်ပြောင်းပြီးစမ်းလို့ရပါတယ် သူလဲပဲစက်ကောင်းဖို့လိုပါလိမ့်မယ် Materials တစ်ခါပြောင်းရင် Render Auto တစ်ခါပြန်လုပ်တဲ့အတွက် စက်အဟောင်းတွေမှာ သုံးလို့အဆင်ပြေမှာမဟုတ်ပါဘူး (ရတော့ရတယ် စောင့်နေရတာနဲ့ဆိုတော့ဘာမှမထူးဘူး)
တစ်ချို့အကြောင်းအရာတွေကို ပိုသိချင်တယ် ဒါမှမဟုတ် အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီမှာ မှာသွားပြီးဖတ်နိုင်ပါတယ်

No comments:

Post a Comment

Adobe

ကနုတ်လိုဆွဲရခက်တဲ့ ပုံတွေကို အလွယ်တကူ Vector ပြောင်းနည်း

ကနုတ်
ကနုတ်လိုပုံတွေကို Drawing 2D/ 3D တွေမှာထည့်ဆွဲဖို့ဆိုရင် ကနုတ်အချိုးသိပြီး ဆွဲတတ်တဲ့သူအဖို့သိပ်ပြဿနာမရှိပေမယ် တစ်ခါတစ်လေမှဆွဲရတဲ့သူအဖို့ကတော့ အိမ်မက်ဆိုးကြီးပါပဲ 😅😅 ကျနော်ကိုယ်တိုင်လဲ အတော်တိုင်ပတ်ခဲ့ဖူးပါတယ် 3D မှာတော်သေးတယ်ပြောရမယ် Surface ကပ်လိုက်ပြီး အကြံအဖန်လုပ်လိုက်ရင် ကြည့်ကောင်းတဲ့ပုံတော့ဖြစ်သွားတာပဲ အဲ့ 2D လဲရောက်ရော လိမ်လို့သိပ်မရတော့ဘူး 😅 အဲ့မှာ ဒုက္ခနဲ့လှလှကြီးတွေတာပဲ အခုပြမယ့်နည်းလေးက နည်းနည်းလေးအလုပ်ရှုပ်တယ်ထင်ရပေမယ့် အတော်လေးကောင်းတဲ့ Vector format နဲ့ပုံကိုရလာမှာပါ အရမ်းကြီး ကနုတ်များရင်တော့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး ဖြစ်နိုင်ရင်ခွဲလုပ်ပါ လုပ်နည်းကတော့ ပထမဆုံး ကိုယ်ပြောင်းချင်တဲ့ပုံကို https://online-converting.com/vectorize/ မှာ Upload လုပ်ပြီး Vector Format ပြောင်းပါ အဲ့ဒီကနေ Adobe Illustrator File ပြန်ပေးပါတယ် 3D Max သုံးတဲ့သူဆိုရင်တော့ တစ်ခါတည်း 3D Max ထဲကို Input လုပ်ပြီး သုံးလို့ရပါပြီ တစ်ခြား AutoCAD and Sketchup တို့ကိုသုံးတဲ့သူဆိုရင်တော့ Adobe Illustrator ကနေ .dwg  Export လုပ်ပြီးမှ Input လုပ်လို့ရမှာပါ
** ကျနော်စမ်းရသလောက်ကတော့ ကနုတ်ပုံက အဖြူအမည်းဖြစ်ပြီးပုံက အတော်လေးရှင်းရှင်းလင်းလင်းဖြစ်နေမှအဆင်ပြေပါတယ် အဆောက်အဦးတစ်ခုခုကနေ ဓာတ်ပုံရိုက်ထားတာမျိုးဆိုရင်အဆင်သိပ်မပြေပါဘူး အဲ့ဒီလိုပုံဆိုရင်တော့ Trace လုပ်မှအဆင်ပြေမှာပါ တစ်ခြားအဆင်ပြေတာတွေခဲ့ရင်ထပ်တင်ပေးပါမယ်**

No comments:

Post a Comment