windows 10 myanmar keyboard layouts
Windows 10 မှာမြန်မာစာအထောက်အပံ့ စပေးလာကတည်းက မြန်မာစာလက်ကွက်လဲ Windows 10 မှာ Built in ပါလာပါတယ် ဒါပေမယ် ပထမပါလာတာက Logical Order အတိုင်းရိုက်ရတဲ့ ကီးဘုတ်ပါ သဝေထိုးကို ဗျည်း၊ ဗျည်းတွဲးနောက်မှရိုက်ရတာမျိုး အတော်များများမကြိုက်ကြပါဘူး နောက်တော့ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်ကိုထည့်ပေးလာပါတယ် သိပ်တော့အဆင်မပြေလှဘူးပေါ့လေ Excel လိုနေရာမျိုးမှာ ရိုက်နေရင်းနဲ့ တစ်ချို့စာလုံးတွေပျောက်သွားတာ သဝေထိုးနဲ့စရိုက်ရတဲ့စာဆိုရိုက်မရတာတွေဖြစ်ပါတယ် (Logical Order နဲ့ရိုက်တာကတော့ ဘာအမှားမှလဲမရှိဘူး အကုန်အဆင်ပြေတယ်) Excel မှာပြဿနာတက်တာက Windows 10 Visual Keyboard တစ်ခုတည်းတော့မဟုတ်ပါဘူး Smart Keyboard တွေအကုန်အဆင်သိပ်မပြေလှပါဘူး Keyman and Keymagic တို့လဲ Excel မှာ ရိုက်ရတာ အဆင်မပြေတာတွေအများကြီးပါပဲ  အခုတော့ Windows 10 Visual Keyboard က အတော်အဆင်ပြေသွားပြီလို့ပဲ ပြောရမယ်ထင်တယ် နောက်ဆုံးပေးထားတဲ့ Windows Update Version 2004 မှာ Built in Visual Keyboard ကို စမ်းကြည့်ရသလောက်ကတော့ Excel 2019 မှာရိုက်မရတဲ့စာလုံးမရှိတော့ဘူး (ကျနော်မတွေ့သေးတာလဲဖြစ်နိုင်ပါတယ် စမ်းကြည့်ကြပါအုံး) Chrome မှာတော့အဆင်မပြေသေးပါဘူး Chrome တင်မဟုတ်ဖူး Chromium Base Software တွေမှာလဲ အတူတူပဲ အဆင်မပြေသေးဘူး