ကနုတ်
ကနုတ်လိုပုံတွေကို Drawing 2D/ 3D တွေမှာထည့်ဆွဲဖို့ဆိုရင် ကနုတ်အချိုးသိပြီး ဆွဲတတ်တဲ့သူအဖို့သိပ်ပြဿနာမရှိပေမယ် တစ်ခါတစ်လေမှဆွဲရတဲ့သူအဖို့ကတော့ အိမ်မက်ဆိုးကြီးပါပဲ 😅😅 ကျနော်ကိုယ်တိုင်လဲ အတော်တိုင်ပတ်ခဲ့ဖူးပါတယ် 3D မှာတော်သေးတယ်ပြောရမယ် Surface ကပ်လိုက်ပြီး အကြံအဖန်လုပ်လိုက်ရင် ကြည့်ကောင်းတဲ့ပုံတော့ဖြစ်သွားတာပဲ အဲ့ 2D လဲရောက်ရော လိမ်လို့သိပ်မရတော့ဘူး 😅 အဲ့မှာ ဒုက္ခနဲ့လှလှကြီးတွေတာပဲ အခုပြမယ့်နည်းလေးက နည်းနည်းလေးအလုပ်ရှုပ်တယ်ထင်ရပေမယ့် အတော်လေးကောင်းတဲ့ Vector format နဲ့ပုံကိုရလာမှာပါ အရမ်းကြီး ကနုတ်များရင်တော့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး ဖြစ်နိုင်ရင်ခွဲလုပ်ပါ လုပ်နည်းကတော့ ပထမဆုံး ကိုယ်ပြောင်းချင်တဲ့ပုံကို https://online-converting.com/vectorize/ မှာ Upload လုပ်ပြီး Vector Format ပြောင်းပါ အဲ့ဒီကနေ Adobe Illustrator File ပြန်ပေးပါတယ် 3D Max သုံးတဲ့သူဆိုရင်တော့ တစ်ခါတည်း 3D Max ထဲကို Input လုပ်ပြီး သုံးလို့ရပါပြီ တစ်ခြား AutoCAD and Sketchup တို့ကိုသုံးတဲ့သူဆိုရင်တော့ Adobe Illustrator ကနေ .dwg  Export လုပ်ပြီးမှ Input လုပ်လို့ရမှာပါ
** ကျနော်စမ်းရသလောက်ကတော့ ကနုတ်ပုံက အဖြူအမည်းဖြစ်ပြီးပုံက အတော်လေးရှင်းရှင်းလင်းလင်းဖြစ်နေမှအဆင်ပြေပါတယ် အဆောက်အဦးတစ်ခုခုကနေ ဓာတ်ပုံရိုက်ထားတာမျိုးဆိုရင်အဆင်သိပ်မပြေပါဘူး အဲ့ဒီလိုပုံဆိုရင်တော့ Trace လုပ်မှအဆင်ပြေမှာပါ တစ်ခြားအဆင်ပြေတာတွေခဲ့ရင်ထပ်တင်ပေးပါမယ်**