Photography

Instagram မှာ ဓာတ်ပုံတွေကို Computer ကနေတင်လို့ရအောင်လုပ်နည်း

instagram logo
Instagram မှာ ဓာတ်ပုံတွေကိုတင်တဲ့အခါမှာ ပုံမှန်ကတော့ Mobile Devices တွေပေါ်ကပဲတင်လို့ရတာပါ ဒါပေမယ် ကိုယ်ကတစ်ခါတစ်လေမှာ ဖုန်းနဲ့ရိုက်ထားတဲ့ပုံမဟုတ်ပဲ Camera နဲ့ရိုက်ပြီး ကွန်ပျူတာမှာ Edit လုပ်ထားတဲ့ပုံတွေ Instagram မှာ တင်ချင်လာရင် ပုံတွေကို Mobile ပေါ်ရွှေ့နေရတာ အလုပ်ရှုပ်ပါတယ် Cloud သုံးပြီးရွှေ့တာပဲဖြစ်ဖြစ် Cable သုံးတာပဲဖြစ်ဖြစ် တစ်ခါတည်းတန်းတင်ရတာလောက်တော့ အဆင်မပြေလှဘူး 😁 အဲ့မှာလိုက်ရှာတော့ တွေ့တော့တွေတယ် တစ်ချို့နည်းတွေက အလုပ်မလုပ်တော့တာတွေ ဥပမာ Lightroom Extension ထည့်ပြီးတင်လို့ရတာဆို အလုပ်မလုပ်တော့ဘူး တစ်ချို့နည်းတွေက အဆင်သိပ်မပြေဘူး Chrome Extension တစ်ခုဆိုတင်လို့တော့ရတယ် ပုံကဝါးသွားတယ် အခုလောလောဆယ်မှာတွေ့ရသလောက်ကတော့ Browser မှာ Developer Mode ကနေဝင်ပြီး Mobile View ပြောင်းပြီးတင်ပါတာပဲ Browser တော်တော်များများမှာအဆင်ပြေမယ်ထင်ပါတယ် အကောင်းဆုံးကတော့ Chrome ကနေလုပ်ကြည့်ပါ
Browser မှာ New Tab ခေါ်ပြီးတော့ Ctrl + Shift + I ကိုနှိပ်ပြီး Developer Mode ဖွင့်ပါ ပြီးရင် Toggle Devices Toolbar ကိုတစ်ချက်နှိပ်ပါ ပုံ (၁) မှာနမူနာကြည့်ကြည့်ပါ အနီဝိုင်းပြထားပါတယ်
ပုံ (၁)
ဘယ်ဖက် Views မှာတော့ ကျနော်ပုံမှာ iPhoneX ဆိုပြီးဖြစ်နေတာတွေ့ရပါလိမ့်မယ် အဲ့ဒီနေရာမှာ Default အနေနဲ့က Responsive ပါ ဘေးကမြှားလေးကိုနှိပ်ပြီးတော့ ကိုယ့်စိတ်ကြိုက် Mobile Devices ကိုရွေးပေးလို့ရပါတယ် ရွေးပေးလိုက်ပါ ပြီးရင်တော့ https://www.instagram.com/ ကို Search Bar ကနေရိုက်ပြီးဝင်လိုက်ပါ အဲ့ဒါဆိုရင် Instagram က Mobile View အနေနဲ့မြင်ရပြီးတော့ Upload လုပ်စရာလဲပေါ်လာပါလိမ့်မယ် အဲ့ဒီကနေဝင်ပြီးတင်လိုက်ယုံပါပဲ

No comments:

Post a Comment

News

Microsoft Launchs Covid 19 Tracker Map

Microsoft Launchs Covid 19 Tracker Map

Microsoft ကနေပြီးတော့ Covid 19 ဖြစ်နေတဲ့နိုင်ငံတွေ နေရာတွေနဲ့ ဆက်စပ်သတင်းတွေကို Bing မှာ ကြည့်လို့ရအောင် ဒီလ ၁၆ ရက်နေ့က လုပ်ပေးလိုက်ပါပြီ အတော်လေးအဆင်ပြေပါတယ် စဖြစ်ကတည်းက အဲ့လိုလေးတစ်ယောက်ယောက်က လုပ်ပေးရင်ကောင်းမယ် တွေးမိနေတာ အခုတော့ ရသွားပြီ Browser မှာ ဒီ Link ကနေ ( https://www.bing.com/covid ) ဝင်ကြည့်ရမှာပါ UI ကလဲအတော်လေးရှင်းပြီး သုံးရတာလဲလွယ်ပါတယ် ကိုယ်သိချင်တဲ့နိုင်ငံကို မြေပုံကနေသွားကြည့်လို့ရသလို ဘေးနားက နိုင်ငံပေါ်မှာထောက်ကြည့်လို့လဲရပါတယ် ကူးစက်ခံရတဲ့ရေအတွက် သက်သာသွားတဲ့ အရေအတွက်တွေပါပြပေးပါတယ် ပြီးရင် နောက်ဆုံးရတဲ့သတင်းတွေကို အောက်မှာတစ်ဆက်တည်းပြပေးထားပါတယ်  အားလုံးပဲကျန်းမာကြပါစေ
** ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာတွေကို အတတ်နိုင်ဆုံးလိုက်နာပေးကြပါ **

No comments:

Post a Comment

Androids

Android တစ်ချို့အတွက် Unicode ပြောင်းနည်း

android mobile phone icon, logo

Mi A1, A2, One Plus, Android One and Pure Android Phone

Mi A1, A2, One Plus, Android One and Pure Android Phone တို့လိုဖုန်းတွေမှာ မူလပါတာ ယူနီကုဒ်ပါပဲ Root ပြီးဇော်ဂျီထည့်ထားကြတာတာပါ System Update ပေးနေတာရှိရင် Update လုပ်လိုက်ပါ မရှိရင်တော့ (Update လုပ်လို့မရရင်) firmware ပြန်တင်လိုက်တာကောင်းတာပါပဲ ကိုယ်တိုင်လုပ်လို့အဆင်မပြေရင် ဆိုင်သာသွားလုပ်ပါ

Mi Phone (xiaomi and redmi)

Settings>> Display>> System fonts ထဲဝင်ပြီး ထိပ်ဆုံးမှာရှိတဲ့ Mi Lanting (Default) ဆိုတာကိုနှိပ်၊ Apply and reboot လုပ်ပေးလိုက်ပါ။ ကီးဘုတ်ကတော့ အဆင်ပြေတဲ့ ယူနီကုဒ်ကိုထောက်ပံ့တဲ့ကီးဘုတ်တစ်ခုခုကိုသုံးပါ။ Display မတွေ့ရင် Themes ထဲက Default Themes ကို apply and reboot လုပ်ပါ။

Samsung

Font Style မှာ Default ထား ပြီးရင် Language and input > English(US/UK) ရွှေးထားပေးလိုက်ရင်ရပါပြီ ကီးဘုတ်က တစ်ခြားအဆင်ပြေတဲ့ကီးဘုတ်တစ်ခုခုကိုသုံးလိုက်ပါ
တစ်ချို့ဖုန်းတွေမှာ အောက်ကနည်းနဲ့ပြောင်းယူပါ
Setting>> Language>> English (US or UK)
Setting>> Display>> Font style >> Default
Add Keyboard > Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ပြီးရင် ဖုန်းကို restart ချပါ။

Huawei

Huawei မှာတော့ EMUI 9 and 9.1 အတွက်က

Setting >> Language and region
Language >> English (US)
region >> Myanmar
Add Keyboard
Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ပြီးရင် ဖုန်းကို restart ချပါ။

EMUI 9 အောက်ဆိုရင်တော့ 

Setting >> Language >> ဗမာ(မြန်မာ) သို့ ဗမာ(Unicode)
Add keyboard
Setting ထဲမှာ ယူနီကုဒ် စနစ်သုံး Keyboard ရွေးပါ။ Gboard , Manic , Bagan , Frozen Myanmar အဆင်ပြေရာ သုံးနိုင်ပါတယ်။
ဖုန်းကို restart ချပါ။

Oppo

OPPO ဖုန်းများ Unicode အသုံးပြုလိုပါက Color OS Version ပေါ်မူတည်၍ Setting ချိန်ညှိပုံများ အောက်ပါအတိုင်း ကွဲပြားသွားမည်ဖြစ်ပါသည်။ လက်ရှိ Color OS 6 ရရှိနေသော model များမှာ F11,F11pro,A1k နှင့် Reno Series ဖြစ်ပါသည်။

လက်ရှိတွင် Color OS 6 မရသေးသော်လည်း F9,R17pro,FindX,F7 နှင့် F7youth model များအား မကြာခင်အချိန်တွင် Color OS Version 6 update OTA များ ထုတ်လွှင့်မည်ဖြစ်ပါတယ်။ System Update ပြုလုပ်ပြီးသောအခါ အောက်ပါ အတိုင်း Settings ထားပါ။

Color OS 6 ရရှိနေသော model များ Language - English တွင် Unicode စံ Font ပေါ်စေရန် Settings ချိန်ပုံ

Settings – Language & Region – Region – Myanmar
Settings – Language & Region – Language – English
Settings – Language & Region – Character Encoding – Unicode

ကျန် Model များအားလုံးတွင် Unicode အသုံးပြုလိုပါက

Settings – Language & Region – Language - ဗမာ(Unicode)

ကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။ (အချို့ Model များတွင် Language - ဗမာ(Unicode) ရွေးချယ်ပါက အချို့နေရာများတွင်မှားနေခြင်း၊ web view တွင်မှားနေခြင်း များရှိပါသည်။ ပြန်လည်ပြုပြင်ရန် စစ်ဆေးနေပါသည်။)
ဒါလဲ အဟောင်းပါပဲ Keep မှာ ရေးထားဖူးတာလေးတွေ အမှတ်တရပေါ့လေ 😀😀

No comments:

Post a Comment

Androids

Mobile Phone ပေါ်က Data, Contacts and File Name တွေကိုယူနီကုဒ်ပြောင်းနည်း

For Android

android logo

စာတွေကိုဇော်ဂျီနဲ့ရော ယူနီကုဒ်နဲ့ရော ၂ မျိုးတင်ချင်သူတွေအတွက်

pk Converter Download
Rabbit Converter Download

Contacts တွေ၊ file နာမည်၊ သီချင်းနာမည် တွေကို ယူနီကုဒ်ပြောင်းချင်တဲ့သူတွေအတွက် 

သတိ**ပြောင်းတဲ့အချိန်မှာ တစ်ခါပဲနှိပ်ပြီး ခဏစောင့်ပါ ထပ်ခါထပ်ခါနှိပ်မိရင် ယူနီမဟုတ်ဇော်ဂျီမဟုတ်တွေဖြစ်သွားပါလိမ့်မယ်**
အောက်က ၂ ခုထဲက အဆင်ပြေတဲ့တစ်ခုသုံးရင်ရပါတယ်
MUX converter Download
UniZG converter Download (ပိုလွယ်တယ်ဒါပေမယ့်ကြော်ငြာပါပါတယ် သုံးတဲ့အချိန်မှာအင်တာနက်ဖွင့်ပေးရတယ်ပြောတယ်)

စာရေးဖို့ကီးဘုတ်တွေထဲကမှတချို့ (ကျန်တာတွေလဲရှိပါသေးတယ် အသုံးများတာပဲပြပေးထားတာပါ)


MUA Keyboard Download
G-Board Download
K Keyboard Download
ttKeyboard Download
Frozen Keyboard Download
Frozen Keyboard သုံးနည်းနဲ့စာရိုက်နည်း Guide View
Manic Keyboard (Play Store ကမဟုတ်) Download

စာရိုက်နည်း သွားဖတ်ရန်
**တစ်ချို့စာတွေက fb ပေါ်တင်လိုက်ရင် မမှန်သလိုဖြစ်တတ်တဲအတွက် မှတ်စုလို App မှာစမ်းတာပိုအဆင်ပြေပါလိမ့်မယ်** >> Facebook link (အခန့်မသင့်ပါကပျက်နေနိုင်ပါသည်) or Here

Gboard မှာ မြန်မာစကားပြောဖြင့် စာရိုက်ရအောင် ပြင်ရမည့်အချက်များ

၁။ Google ကို Update မြှင့်ပါ (Update ဖြစ်ရင်မလို့ပါ)
၂။ Gboard Software ထည့်ပါ (ရှိပြီးသားဆိုမလိုပါ)
၃။ Google ကိုဖွင့်ပြီး Settingကို နှိပ်ပါ။
၄။ Search Language ကိုနှိပ်ပြီး Burmese ကို ရှာနှိပ်ပြီး Back key တစ်ချက်နှိပ်ထွက်ပါ။
၅။ Voiceကို နှိပ်ပြီး အောက်ဆုံးမှာ မြန်မာ ဘာသာကို နှိပ်ပါ။ Save နှိပ်ထွက်ပါ။
၆။ Languages and Input ထဲဝင်ပြီး Default Keyboardကို နှိပ်ကာ Gboardကို နှိပ်ပါ။
၇။ အောက်နားက Gboard ကို နှိ ပ်ပြီး Languageကို နှိပ်ပါ။
ပြီးရင် Add Keyboard ကိုနှိပ် Burmeseကို နှိပ်ပြီး Done နှိပ်ပါ။
စာစတင်ရိုက်ဖို့ Keyboard ပေါ်တဲ့အချိန် မြန်မာ Key ဘက်ကို ကမ္ဘာလုံးနှိပ်ကာ ပြောင်းပြီး Voice သင်္ကေတကို နှိပ်ကာ မြန်မာလို စကား စပြောပြီး စမ်းနိုင်ပါပြီ။
(မှတ်ချက်-ယူနီကုတ်ဖောင့်ဖြင့်သာ ပေါ်ပေးပါသည်။ စက်ရုပ်ဖြစ်၍ Programသွင်းတုန်းက အသံအတိုင်း အသံမှီမှ အမှန် စာများထွက်ပေးပါသည်။ လိုအပ်ချက်များ ရှိနေသေးသည်ဟု ထင်ပါသည်😊😁)
Gboard app Link Download
Google app link Download


For iOS

ios logo

Unicode ထည့်နည်း

Setting >> General >> Profile အောက်က Zawgyi profile ကိုဖျက်လိုက်ပါ
(iOS 8 to 11 မှာ Unicode font profile တစ်ခုခုပြန်ထည့်ပေးဖို့လိုပါလိမ့်မယ် Myfont app ကနေထည့်လို့ရပါတယ်)
Setting >> General >> Language & Region >> Add Language >> Burmese ကိုထည့်ပါ
**iOS13 မှာ Burmese အောက်မှ ရွေးစရာ ၂ ခုပါပါတယ် Standard Recommended ကိုရွေးပေးထားတာသေချာပါစေဗျ** (Settings အကုန်လုံးကို မြန်မာလို မသုံးချင်ရင်တော့ Prefer English ကိုနှိပ်ပေးပါ)

ပြီးရင် ttKeyboard ရဲ့ Setting ထဲကနေ Zawgyi လက်ကွက်ကိုဖျက်ပြီး MyanSan or ZawCode(Unicode) ကို Add လိုက်ရင်ရပါပြီ
iOS13 မှာဆိုရင်တော့ မြန်မာကီးဘုတ်ပါပြီးသားပါ သုံးချင်ရင်တော့ keyboard ထဲကနေရှာပြီးထည့်လိုက်ပါ
Video Tutorial   https://youtu.be/DKmL8MPSZ0E or https://youtu.be/4bUbPNtr8fY

Contact တွေကိုယူနီကုဒ်ပြောင်းဖို့အတွက်က ပြောင်းကွန်ဗာတာကိုသုံးပါ

သတိ**ပြောင်းတဲ့အချိန်မှာ တစ်ခါပဲနှိပ်ပြီး ခဏစောင့်ပါ ထပ်ခါထပ်ခါနှိပ်မိရင် ယူနီမဟုတ်ဇော်ဂျီမဟုတ်တွေဖြစ်သွားပါလိမ့်မယ်**
PYAUNG by Hein thet Khin zaw https://apple.co/2L2XXdh

Note တို့ဘာတို့မှာ ယူနီကုဒ်ပြောင်းဖို့ ttKeyboard မှာ ကွန်ဗာတာပါလာပါပြီ ဖွင့်နည်းနဲ့ အသုံးပြုပုံကို ပြထားတဲ့ video ကို ဒီအောက်မှာရှိတဲ့ Link မှာသွားကြည့်ပါ
http://bit.ly/2k0cj3v
or
https://youtu.be/DKmL8MPSZ0E


ဇော်ဂျီ 🔁ယူနီကုဒ် Converter ပါတဲ့ ကီးဘုတ်တွေ

Android အတွက် Converter ပါတဲ့ကီးဘုတ်တွေက 

Bagan, frozen, tt keyboard, k keyboard, manic keyboard အစရှိတဲ့ကီးဘုတ်တွေမှာပါပါတယ် ကျန်တာတွေတော့သေချာမသိပါဘူး frozen ကတော့ ဖတ်မရတဲ့ SMS or Message တစ်ခုခုကို ကူးလိုက်တာနဲ့ ယူနီကုဒ်ပြောင်းပြပေးပါတယ် ကျန်တာတွေမှာလဲ အဲ့ဖန်ရှင်ပါတယ်ပြောပါတယ်

iOS အတွက်ကတော့ tt keyboard မှာပါပါတယ်

အသုံးပြုနည်းကတော့ ကီးဘုတ်အပေါ်နားမှာပါတဲ့ 🔁 မြှားလေးကိုနှိပ်ပြီး ယူနီကုဒ်နဲ့ရေးထားတဲ့စာတွေကိုဇော်ဂျီ၊ ဇော်ဂျီနဲ့ရေးထားတာကို ယူနီကုဒ် အလွယ်ပြောင်းနိုင်ပါတယ်

မှတ်စုတွေ/ စာဖိုင်တွေ ကို ယူနီကုဒ်ပြောင်းဖို့ Converter ပါတဲ့ကီးဘုတ်တစ်ခုခုသုံးပြီးပြန်ပြောင်းယူပါ

(တစ်ခြား Converter သီးသန့်နဲ့လဲပြောင်းလို့ရပါတယ် ကီးဘုတ်မှာပါတာနဲ့ပြောင်းတာကပိုမြန်လို့ပါ)
ဒီကီးဘုတ်တွေမှာကွန်ဗာတာပါပါတယ် အသုံးပြုနည်းကလဲအတူတူပါပဲ (frozen keyboard ရဲ့အသုံးပြုနည်းကိုပြထားပါတယ်)
K Keyboard Download
ttKeyboard Android iOS
Bagan Keyboard (ဝယ်သုံးခိုင်းပါတယ် မဝယ်လိုပါကလဲ အခမဲ့သုံးလို့တော့ရပါတယ် တစ်ချို့ ဖီးချားတွေသုံးရမှာမဟုတ်ပါ) Andriod iOS
ttKeyboard Download
Frozen Keyboard Download
Frozen Keyboard သုံးနည်းနဲ့စာရိုက်နည်း Guide View
Manic Keyboard (play store ကမဟုတ်) Download

ဒီမှတ်စုက Google Keep မှာရေးထားတာကြာနေပြီ Blog မှာမတင်ဖြစ်ခဲ့တာ အခုမှ ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန်အမှတ်တရပြန်ကြည့်လို့ရအောင်တင်လိုက်တာ

No comments:

Post a Comment