Microsoft Launchs Covid 19 Tracker Map

Microsoft ကနေပြီးတော့ Covid 19 ဖြစ်နေတဲ့နိုင်ငံတွေ နေရာတွေနဲ့ ဆက်စပ်သတင်းတွေကို Bing မှာ ကြည့်လို့ရအောင် ဒီလ ၁၆ ရက်နေ့က လုပ်ပေးလိုက်ပါပြီ အတော်လေးအဆင်ပြေပါတယ် စဖြစ်ကတည်းက အဲ့လိုလေးတစ်ယောက်ယောက်က လုပ်ပေးရင်ကောင်းမယ် တွေးမိနေတာ အခုတော့ ရသွားပြီ Browser မှာ ဒီ Link ကနေ ( https://www.bing.com/covid ) ဝင်ကြည့်ရမှာပါ UI ကလဲအတော်လေးရှင်းပြီး သုံးရတာလဲလွယ်ပါတယ် ကိုယ်သိချင်တဲ့နိုင်ငံကို မြေပုံကနေသွားကြည့်လို့ရသလို ဘေးနားက နိုင်ငံပေါ်မှာထောက်ကြည့်လို့လဲရပါတယ် ကူးစက်ခံရတဲ့ရေအတွက် သက်သာသွားတဲ့ အရေအတွက်တွေပါပြပေးပါတယ် ပြီးရင် နောက်ဆုံးရတဲ့သတင်းတွေကို အောက်မှာတစ်ဆက်တည်းပြပေးထားပါတယ်  အားလုံးပဲကျန်းမာကြပါစေ
** ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတာတွေကို အတတ်နိုင်ဆုံးလိုက်နာပေးကြပါ **