Skip to main content

Instagram မှာ ဓာတ်ပုံတွေကို Computer ကနေတင်လို့ရအောင်လုပ်နည်း

instagram logo
Instagram မှာ ဓာတ်ပုံတွေကိုတင်တဲ့အခါမှာ ပုံမှန်ကတော့ Mobile Devices တွေပေါ်ကပဲတင်လို့ရတာပါ ဒါပေမယ် ကိုယ်ကတစ်ခါတစ်လေမှာ ဖုန်းနဲ့ရိုက်ထားတဲ့ပုံမဟုတ်ပဲ Camera နဲ့ရိုက်ပြီး ကွန်ပျူတာမှာ Edit လုပ်ထားတဲ့ပုံတွေ Instagram မှာ တင်ချင်လာရင် ပုံတွေကို Mobile ပေါ်ရွှေ့နေရတာ အလုပ်ရှုပ်ပါတယ် Cloud သုံးပြီးရွှေ့တာပဲဖြစ်ဖြစ် Cable သုံးတာပဲဖြစ်ဖြစ် တစ်ခါတည်းတန်းတင်ရတာလောက်တော့ အဆင်မပြေလှဘူး 😁 အဲ့မှာလိုက်ရှာတော့ တွေ့တော့တွေတယ် တစ်ချို့နည်းတွေက အလုပ်မလုပ်တော့တာတွေ ဥပမာ Lightroom Extension ထည့်ပြီးတင်လို့ရတာဆို အလုပ်မလုပ်တော့ဘူး တစ်ချို့နည်းတွေက အဆင်သိပ်မပြေဘူး Chrome Extension တစ်ခုဆိုတင်လို့တော့ရတယ် ပုံကဝါးသွားတယ် အခုလောလောဆယ်မှာတွေ့ရသလောက်ကတော့ Browser မှာ Developer Mode ကနေဝင်ပြီး Mobile View ပြောင်းပြီးတင်ပါတာပဲ Browser တော်တော်များများမှာအဆင်ပြေမယ်ထင်ပါတယ် အကောင်းဆုံးကတော့ Chrome ကနေလုပ်ကြည့်ပါ
Browser မှာ New Tab ခေါ်ပြီးတော့ Ctrl + Shift + I ကိုနှိပ်ပြီး Developer Mode ဖွင့်ပါ ပြီးရင် Toggle Devices Toolbar ကိုတစ်ချက်နှိပ်ပါ ပုံ (၁) မှာနမူနာကြည့်ကြည့်ပါ အနီဝိုင်းပြထားပါတယ်
ပုံ (၁)
ဘယ်ဖက် Views မှာတော့ ကျနော်ပုံမှာ iPhoneX ဆိုပြီးဖြစ်နေတာတွေ့ရပါလိမ့်မယ် အဲ့ဒီနေရာမှာ Default အနေနဲ့က Responsive ပါ ဘေးကမြှားလေးကိုနှိပ်ပြီးတော့ ကိုယ့်စိတ်ကြိုက် Mobile Devices ကိုရွေးပေးလို့ရပါတယ် ရွေးပေးလိုက်ပါ ပြီးရင်တော့ https://www.instagram.com/ ကို Search Bar ကနေရိုက်ပြီးဝင်လိုက်ပါ အဲ့ဒါဆိုရင် Instagram က Mobile View အနေနဲ့မြင်ရပြီးတော့ Upload လုပ်စရာလဲပေါ်လာပါလိမ့်မယ် အဲ့ဒီကနေဝင်ပြီးတင်လိုက်ယုံပါပဲ

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။