Architecture

AutoCAD ၏မှတ်မိရာရာ "common problems" တစ်ချို့

AutoCAD Logo
၁. AutoCAD မှာ ပုံဆွဲတဲ့အချိန် Cursor ခုန်နေတာမျိုးဖြစ်နေရင် Grid snap ကိုပိတ်လိုက်ရင် (F9 ကိုနှိပ်လိုက်ရင်) ရပါတယ်
၂. AuotCAD မှာတစ်ခါတစ်ရံ File အသစ်ဖွင့်လိုက်တဲ့အချိန်မှာ Tool Bar တွေအကုန်ပျောက်နေတာမျိုး ဖြစ်တတ်ပါတယ် အဲ့ဒီလိုဖြစ်နေရင် Ctrl + 0 တွဲးနှိပ်လိုက်ပါ တွဲးနှိပ်ဖိုပြဿနာရှိရင် _CleanScreenOFF ဆိုတဲ့ Command ရိုက်လိုက်ရင်လဲရပါတယ် အတူတူပါပဲ ပျောက်နေတဲ့ Tool Bar တွေပြန်ပေါ်လာပါလိမ့်မယ်
၃. တစ်ခါတစ်လေ တစ်ချို့စက်တွေ အထူးသဖြင့် Laptop တစ်ချို့မှာဆိုရင် AutoCAD မှာပုံဆွဲရင် ထစ်နေသလိုဖြစ်နေတတ်ပါတယ် အဲ့လိုဖြစ်နေရင် Tool >> Option >> System ထဲကိုသွားပြီးတော့ Hardware Acceleration အောက်က Graphic Performance ထဲမှာရှိတဲ့ Hardware Acceleration ကိုပွင့်နေရင်ပိတ်လိုက်ပြီး ပိတ်နေတာမျိုးဆိုရင်ဖွင့်ကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ် (***တစ်ချို့စက်တွေမှာ Hardware Acceleration ဖွင့်မှအဆင်ပြေပြီး တစ်ချို့စက်တွေမှာပိတ်ထားမှအဆင်ပြေတတ်တယ် )
၄. AutoCAD 2015 နဲ့အထက်ကိုရောက်သွားရင် AutoCAD Classic Mode မပါတော့ဘူး Ribbon Toolbar ကြီးပဲပါတော့တယ် Classic Mode လိုပဲသုံးချင်ရင် Ribbon Toolbar ကိုပိတ်လိုက်ပါ ပြီးရင်တော့ Menu Bar ကိုဖွင့်လိုက်ပါ ( Customize Quick Access Toolbar ကနေဖွင့်ရမှာပါ ဘယ်ဖက်အပေါ်ဒေါင့်နားမှာပါပါတယ်) Menu Bar မှာရှိတဲ့ Tool ထဲကနေကိုယ်သုံးမယ့် Toolbar တွေကိုထည့်လိုက်ရင် အရင် AutoCAD Classic Mode လိုရသွားပါလိမ့်မယ် **တစ်ခါတစ်လေပြန်ပျက်သွားတတ်တဲ့အတွက် ကိုယ်ပိုင် Workplace အနေနဲ့ သိမ်းထားလိုက်တာအကောင်းဆုံးပါ**
၅. AutoCAD မှာ တစ်ခါတစ်ရံမှာ Command တွေရိုက်မရတာဖြစ်တတ်ပါတယ် ဘာရိုက်ရိုက် Unknown Command တွေဖြစ်သွားတာမျိုးပါ အဖြစ်များတဲ့ပုံစံကတော့ Hatch File တွေထည့်တဲ့အချိန်မှာ (Custom Hatch File တွေထည့်နည်း) အသစ်အနေနဲ့မထည့်ပဲနဲ့ ရှိပြီးသား System Path တစ်ခုခုပေါ်မှာထပ်ပြီးထည့်လိုက်မိတာမျိုးမှာဖြစ်တာပါ ကိုယ်လုပ်မိတာကိုမှတ်မိခဲ့ရင်တော့ နဂိုအတိုင်းပြန်ထားလိုက်ရင်ရပါတယ် မမှတ်မိရင်တော့ AutoCAD Repair လုပ်လိုက်တာအမြန်ဆုံးပါပဲ Repair မလုပ်ချင်ဘူးမှတ်လဲမမှတ်မိဘူးဆိုရင် Option ထဲက Default File Path တွေကိုတစ်ခြားစက်ကနေကြည့်ပြီး ပြန်လိုက်ပြင်လိုက်ရင်လဲရပါတယ်
*************

**လောလောဆယ်တော့ဒီလောက်ပဲတွေးလို့ရသေးတယ် မမှတ်မိတာလဲပါတယ် :P

No comments:

Post a Comment

Google

Google Translate မှာ Documents Translate ရရှိလာ

Google Translate မှာ Documents လိုက် Translate လုပ်လို့ရတဲ့ Function လေးပါလာပါပြီ ဘယ်နေ့ကပါနေတာလဲတော့ မသိဘူး ဒီနေ့မှသတိထားမိတာ သုံးရတာလဲ ဘာမှမခက်ပါဘူး Internet လိုင်းရှိနေရင်အဆင်ပြေပါတယ် ကိုယ်ဘာသာပြန်ချင်တဲ့ Documents File ကို https://translate.google.com/ မှာ Upload လုပ်လိုက်ပြီး Translate နှိပ်လိုက်ယုံပါပဲ ( .doc, .docx, .odf, .pdf, .ppt, .pptx, .ps, .rtf, .txt, .xls, or .xlsx စတဲ့ file formats တွေကိုထောက်ပံ့ပေးပါတယ် ) ဘာသာပြန်တာကတော့ အရင်ကလိုပဲ မှားတာတွေတော့ရှိနေတုန်းပါ အရမ်းကြီးမှန်ပြီး အဆင်ပြေတယ်တော့ မဟုတ်ပေမယ့် အသုံးဝင်တယ်လို့ပြောလို့ရပါတယ် မရှိတာထက်စာရင် ရှိနေတာက ပိုကောင်းတယ်လို့ယူဆရတာပဲ 😛
Google Translate Documents Translate Tab
ပုံ ၁

Google Translate Document Translate Views
ပုံ ၂




No comments:

Post a Comment

Architecture

V Ray Next for SketchUp မှာဘာတွေထူးလာသလဲ

V Ray Next fot SketchUp
V Ray Next ထွက်တာနည်းနည်းတောင်ကြာနေပါပြီ ရေးဖို့ သိပ်အာရုံမရလို့မရေးပဲနေနေတာ V Ray Next ရဲ့ UI ကတော့ V Ray 3.6 နဲ့ဘာမှတော့မကွာလှပါဘူး ပိုတော့ကောင်းလာတယ် Setting window မှာ ဘယ်ဖက်နဲ့ ညာဖက်မှာ Expend လုပ်ဖို့မြှားလေး ၂ခုပါပါတယ် ဘယ်ဖက်ကမြှားကိုနှိပ်လိုက်ရင်တော့ Built In Material တွေကိုပြပေးနေမှာဖြစ်ပြီးတော့ ကိုယ့်မှာရှိတာတွေကိုထည့်ထားချင်ရင်လဲ Add ကနေသွားထည့်လို့ရပါတယ် ညာဖက်ကမြှားကတော့ Advance Edit Tools လိုဟာပါပဲ Material Tab မှာရှိနေရင် ညာဖက်မြှားဖွင့်ထားတဲ့နေရာမှာ Material Edit အတွက်ပြပေးနေပြီး Render Setting Tab မှာဆိုရင်တော့ ပိုပြီး Advance ဖြစ်တဲ့ Tools တွေကိုတွေ့ရမှာပါ
V Ray Next render setting window.

Built In Materials တွေလဲများလာပြီး အတော်လေးအဆင်ပြေသွားတယ် Glass Material လိုမျိုးနည်းနည်းလုပ်ရတာရှုပ်တဲ့ Material တွေကို အသင့်ထည့်ပေးလိုက်တာတော့ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် အရင် V Ray 2.0 လောက်ကထွက်ခဲ့၊ လုပ်ခဲ့တဲ့ (ကိုယ်တိုင်လုပ်ယူခဲ့တဲ့ Material Setting တစ်ချို့အဆင်မပြေတာထင်တာပဲ) Material တစ်ချို့က ဒီ V Ray Next ပေါ်မှာအဆင်မပြေချင်ပါဘူး ဥပမာ - မှန်ဆိုလဲ Render လုပ်တဲ့အချိန်မှာ Transparent ဖြစ်မသွားတာမျိုးတွေရှိတယ်
Camera မှာတော့ အရင်ကထက်ပိုလွယ်သွားတယ်ပြောရမယ် White Balance မှာ Render လုပ်တိုင်းပြင်နေရတဲ့ အဖြူရောင်ကို Default ထားပေးလိုက်ပြီ 😅 Camera ရဲ့ ISO, Shutter Speed and fn တွေချိန်ချင်ရင်တော့ Advanced Camera Parameter အောက်မှာချိန်လို့ရပါတယ်
Render မှာတော့ CPU Render နဲ့ GPU Render ဆိုပြီးပါလာတယ် ပိုကောင်းလာတယ်ပြောရမှာပဲ အကောင်းဆုံးကတော့ Denoiser ဆိုတဲ့ Function ပါအတော်လေးကောင်းပါတယ် V Ray Denoiser နဲ့ Nvidia AI Denoiser ဆိုပြီး ၂ မျိုးပါပါတယ် Nvidia Graphic Card ကောင်းကောင်းရှိရင်တော့ Nvidia AI Denoiser ကိုသာသုံးဖို့ညွှန်းလို့ပါတယ် မရှိလဲ V Ray Denoiser ကအတော်လေးအဆင်ပြေပါတယ်
တစ်ခုသတိထားဖို့က Graphic Card နဲ့ CPU ကောင်းကောင်းလေးရှိမှာ Render Quality ကို အမြင့်ဆုံးမှာထားပါလို့ မဟုတ်ရင်တော့ ပုံတစ်ပုံပြီးဖို့ကိုအတော်ကြီးကြာပါလိမ့်မယ်
ထွက်ခဲ့တဲ့ V Ray Version ထဲမှာတော့ V 1.48 လိုပဲအတော်လေးအဆင်ပြေပါတယ် သူ့ရှေ့က V 3.4 & V 3.6 ကလဲဆိုးတော့မဆိုးလှပေမယ် V 1.48 ကိုသုံးရသလိုအဆင်ပြေတယ်လို့မခံစားခဲ့ရဖူးဘူး ကျန်တဲ့အပြောင်းအလဲလေးတွေတော့ရှိသေးတယ် ကိုယ်တိုင်သာသုံးကြည့်ပြီး ရှာကြည့်လိုက်ပါတော့ 😁😁


No comments:

Post a Comment

News

Sketch Up Pro 2020 မှာ ဘာတွေထူးလာသလဲ

SketchUp Pro 2020 Logo
Sketch Up 2020 ထွက်တာတော့ ကြာပါပြီ အခုမစမ်းကြည့်မိတာနဲ့ သူ့မှာဘာတွေထူးလာလဲ Feature အသစ်တွေရာပါရဲ့လားဆိုတာ စမ်းလို့တွေ့သလောက်လေးပါ
UI ကတော့ ဘာမှပြောင်းမသွားဘူး အရင်အတိုင်းပဲ အသစ်အနေနဲ့ကတော့ Tool Bar မှာရှိတဲ့ View အောက်က Show Hidden Geometry ပါလာပါတယ် အကြီးမားဆုံးအပြောင်းအလဲကတော့ Layer ကို Tag လို့ပြောင်းလိုက်တာပါပဲ 😅 အရင်ကထက်တော့ နည်းနည်းလေးပိုကောင်းလာပါတယ် Model View မှာတော့သိပ်မသိသာပေမယ့် Layout View မှာတော့ Tag (Layer) တွေကိုအဖွင့်အပိတ်လို့လို့ရသွားပါပြီ နောက်တစ်ခုက Reference View ပါ Layout ပေါ်မှာခေါ်သုံးလို့ရသွားတာကိုလဲတွေ့ရပါတယ် ( ဘယ်သူမှတော့ Sketch Up Layout ကိုသုံးမယ်လို့မထင်ပါဘူး ) တစ်ကယ်အပြောင်းအလဲကတော့ Move or Rotate လုပ်တဲ့အချိန်မှာပြတဲ့ Edge Node တွေပါ အရင်ကလို Object တွေရဲ့ အစွန်းမှတ်နဲ့ အလယ်မှတ်လောက်ပြပေးတာမဟုတ်တော့ပါဘူး ကွယ်နေတဲ့နေရာက အစွန်းမှတ်နဲ့ အလယ်မှတ်တွေပါပြပေးပါတယ် ပြီးရင် Object Shape တွေအများကြီးပါတဲ့ Group or Component တွေမှာ Object Shape တစ်ခုချင်းစီရဲ့ အစွန်းမှတ်တွေ အလယ်မှတ်တွေအပြင် Object ကြီးတစ်ခုလုံးစာရဲ့ အစွန်းမှတ်တွေ အလယ်မှတ်တွေကိုပြပေးပါတယ် 👍👍 အတော်လေးကိုအဆင်ပြေသွားပါတယ် ပြီးရင် Object ပေါ်ကို Cursor ရောက်သွားရင် Object က Auto X Ray mode ဖြစ်သွားပါတယ် အဲ့ဒါလေးလဲမဆိုးဘူး
အခုလောလောဆယ် တွေ့သလောက်ကတော့ ဒီလောက်ပါပဲ ထပ်တွေ့ခဲ့ရင်လဲ ထပ်ရေးပေးပါမယ်
Sketch Up Pro 2020 ကိုစမ်းသုံးချင်ရင်တော့ ဒီမှာ သွားပြီး Download လုပ်လို့ရပါတယ်

No comments:

Post a Comment

Notes

Sketch Up မှတ်စု

SketchUp Logo
၁ . Sketch Up Pro မှာ File Save မလုပ်ရသေးခင် error တက်ပြီးပိတ်သွားရင် Document Folder အောက်က Auto Save file တွေကိုသွားစစ်ကြည့်ပါ ပုံမှန်ဆိုရင် အဲ့ဒီအောက်မှာ Auto Save အနေနဲ့ သိမ်းပေးထားပါတယ် အကုန်ပြန်မရရင်တောင် အစအဆုံးတော့ပြန်မဆွဲရတတ်ပါဘူး
၂ . Sketch Up Pro မှာ Array and Divide Tool တိုက်ရိုက်မပါပါဘူး ဒါပေမယ့် Copy လုပ်တဲ့အချိန်မှာ Copy လုပ်ပြီးတာနဲ့ ( * ) ရယ် ကိုယ်ပွားချင်သလောက်နံပတ်ရယ်ကို တစ်ဆက်တည်းရိုက်ပေးလိုက်ရင် Array ဖြစ်သွားပါမယ် ( ဥပမာ *8 ဆိုရင် ၈ခုပွားသွားမှာပါ) Divide ကတော့ ( * ) နေရာမှာ ( / ) လေးသုံးလိုက်ရင်ရပါပြီ သဘောတရားချင်း အတူတူပါပဲ
၃ . အရင် Sketch Up Pro Version တွေမှာတုန်းက Solar North က Built in ပါခဲ့ပေမယ့် Sketch Up Pro 2013 နဲ့နောက်ပိုင်းမှာတော့ Extension Warehouse ကနေသပ်သပ်ပြန်သွင်းယူရမှာပါ
၄ . Sketch Up 3D Warehouse ကနေ Model တွေ Download ဆွဲမယ်ဆိုရင် Sketch Up Pro Version တိုင်းအတွက်မပေးပါဘူး နောက်ဆုံးထွက်ထားတဲ့ Version ၃ ခုလောက်ကိုပဲ Support လုပ်တာများပါတယ် အကောင်းဆုံးကတော့ Update ဖြစ်တာကိုသုံးတာပါပဲ အကြောင်းကြောင်းကြောင့် မသုံးဖြစ်ဖူး version အမြင့်နဲ့ဆွဲထားတဲ့ File တွေကိုဖွင့်ချင်ရင် Extension Warehouse ကနေ Eneroth Open Newer Version ဆိုတဲ့ Extension လေးသွင်းထားလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်
၅ . Sketch Up Extension တွေကို Browser နေ Download လုပ်ပြီးသွင်းလို့လဲရပါတယ် ပြီးမှ Extension Manager ကနေပြန်သွင်းပေါ့ အကောင်းဆုံးကတော့ Sketch Up Software ထဲက Extension Warehouse နေသွင်းတာပါ
၆ . Sketch Up Extension တွေက တစ်ချို့ခက်တာတွေ၊ အချိန်ပေးလုပ်ရမယ့်ဟာတွေကို မြန်အောင်၊ လွယ်အောင်လုပ်ပေးပါတယ် ဒါပေမယ့် Extension တွေအများကြီးလိုက်ထည့်နေရင် စက်အတော်လေးသွားပါတယ် မဖြစ်မနေထည့်ဖို့လိုတာလောက်ပဲထည့်ထားသင့်ပါတယ်
၇ . တစ်ချို့စက်တွေမှာ Sketch Up Pro သွင်းပြီးဖွင့်လိုက်ရင် Material တွေ Color မမှန်သလိုဖြစ်နေတတ်တယ် အဲ့လိုဖြစ်နေရင် Window >> Preferences ထဲက Open GL ထဲမှာ Hardware Acceleration ကိုပိတ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်
နောက်ထပ်တွေးမိတာရှိရင် ထပ်ရေးပေးပါအုံးမယ် 😅

No comments:

Post a Comment