Skip to main content

Sketch Up မှတ်စု

SketchUp Logo
၁ . Sketch Up Pro မှာ File Save မလုပ်ရသေးခင် error တက်ပြီးပိတ်သွားရင် Document Folder အောက်က Auto Save file တွေကိုသွားစစ်ကြည့်ပါ ပုံမှန်ဆိုရင် အဲ့ဒီအောက်မှာ Auto Save အနေနဲ့ သိမ်းပေးထားပါတယ် အကုန်ပြန်မရရင်တောင် အစအဆုံးတော့ပြန်မဆွဲရတတ်ပါဘူး
၂ . Sketch Up Pro မှာ Array and Divide Tool တိုက်ရိုက်မပါပါဘူး ဒါပေမယ့် Copy လုပ်တဲ့အချိန်မှာ Copy လုပ်ပြီးတာနဲ့ ( * ) ရယ် ကိုယ်ပွားချင်သလောက်နံပတ်ရယ်ကို တစ်ဆက်တည်းရိုက်ပေးလိုက်ရင် Array ဖြစ်သွားပါမယ် ( ဥပမာ *8 ဆိုရင် ၈ခုပွားသွားမှာပါ) Divide ကတော့ ( * ) နေရာမှာ ( / ) လေးသုံးလိုက်ရင်ရပါပြီ သဘောတရားချင်း အတူတူပါပဲ
၃ . အရင် Sketch Up Pro Version တွေမှာတုန်းက Solar North က Built in ပါခဲ့ပေမယ့် Sketch Up Pro 2013 နဲ့နောက်ပိုင်းမှာတော့ Extension Warehouse ကနေသပ်သပ်ပြန်သွင်းယူရမှာပါ
၄ . Sketch Up 3D Warehouse ကနေ Model တွေ Download ဆွဲမယ်ဆိုရင် Sketch Up Pro Version တိုင်းအတွက်မပေးပါဘူး နောက်ဆုံးထွက်ထားတဲ့ Version ၃ ခုလောက်ကိုပဲ Support လုပ်တာများပါတယ် အကောင်းဆုံးကတော့ Update ဖြစ်တာကိုသုံးတာပါပဲ အကြောင်းကြောင်းကြောင့် မသုံးဖြစ်ဖူး version အမြင့်နဲ့ဆွဲထားတဲ့ File တွေကိုဖွင့်ချင်ရင် Extension Warehouse ကနေ Eneroth Open Newer Version ဆိုတဲ့ Extension လေးသွင်းထားလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်
၅ . Sketch Up Extension တွေကို Browser နေ Download လုပ်ပြီးသွင်းလို့လဲရပါတယ် ပြီးမှ Extension Manager ကနေပြန်သွင်းပေါ့ အကောင်းဆုံးကတော့ Sketch Up Software ထဲက Extension Warehouse နေသွင်းတာပါ
၆ . Sketch Up Extension တွေက တစ်ချို့ခက်တာတွေ၊ အချိန်ပေးလုပ်ရမယ့်ဟာတွေကို မြန်အောင်၊ လွယ်အောင်လုပ်ပေးပါတယ် ဒါပေမယ့် Extension တွေအများကြီးလိုက်ထည့်နေရင် စက်အတော်လေးသွားပါတယ် မဖြစ်မနေထည့်ဖို့လိုတာလောက်ပဲထည့်ထားသင့်ပါတယ်
၇ . တစ်ချို့စက်တွေမှာ Sketch Up Pro သွင်းပြီးဖွင့်လိုက်ရင် Material တွေ Color မမှန်သလိုဖြစ်နေတတ်တယ် အဲ့လိုဖြစ်နေရင် Window >> Preferences ထဲက Open GL ထဲမှာ Hardware Acceleration ကိုပိတ်ပေးပါ အဆင်ပြေသွားပါလိမ့်မယ်
နောက်ထပ်တွေးမိတာရှိရင် ထပ်ရေးပေးပါအုံးမယ် 😅

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...