Skip to main content

AutoCAD ၏မှတ်မိရာရာ "common problems" တစ်ချို့

AutoCAD Logo
၁. AutoCAD မှာ ပုံဆွဲတဲ့အချိန် Cursor ခုန်နေတာမျိုးဖြစ်နေရင် Grid snap ကိုပိတ်လိုက်ရင် (F9 ကိုနှိပ်လိုက်ရင်) ရပါတယ်
၂. AuotCAD မှာတစ်ခါတစ်ရံ File အသစ်ဖွင့်လိုက်တဲ့အချိန်မှာ Tool Bar တွေအကုန်ပျောက်နေတာမျိုး ဖြစ်တတ်ပါတယ် အဲ့ဒီလိုဖြစ်နေရင် Ctrl + 0 တွဲးနှိပ်လိုက်ပါ တွဲးနှိပ်ဖိုပြဿနာရှိရင် _CleanScreenOFF ဆိုတဲ့ Command ရိုက်လိုက်ရင်လဲရပါတယ် အတူတူပါပဲ ပျောက်နေတဲ့ Tool Bar တွေပြန်ပေါ်လာပါလိမ့်မယ်
၃. တစ်ခါတစ်လေ တစ်ချို့စက်တွေ အထူးသဖြင့် Laptop တစ်ချို့မှာဆိုရင် AutoCAD မှာပုံဆွဲရင် ထစ်နေသလိုဖြစ်နေတတ်ပါတယ် အဲ့လိုဖြစ်နေရင် Tool >> Option >> System ထဲကိုသွားပြီးတော့ Hardware Acceleration အောက်က Graphic Performance ထဲမှာရှိတဲ့ Hardware Acceleration ကိုပွင့်နေရင်ပိတ်လိုက်ပြီး ပိတ်နေတာမျိုးဆိုရင်ဖွင့်ကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ် (***တစ်ချို့စက်တွေမှာ Hardware Acceleration ဖွင့်မှအဆင်ပြေပြီး တစ်ချို့စက်တွေမှာပိတ်ထားမှအဆင်ပြေတတ်တယ် )
၄. AutoCAD 2015 နဲ့အထက်ကိုရောက်သွားရင် AutoCAD Classic Mode မပါတော့ဘူး Ribbon Toolbar ကြီးပဲပါတော့တယ် Classic Mode လိုပဲသုံးချင်ရင် Ribbon Toolbar ကိုပိတ်လိုက်ပါ ပြီးရင်တော့ Menu Bar ကိုဖွင့်လိုက်ပါ ( Customize Quick Access Toolbar ကနေဖွင့်ရမှာပါ ဘယ်ဖက်အပေါ်ဒေါင့်နားမှာပါပါတယ်) Menu Bar မှာရှိတဲ့ Tool ထဲကနေကိုယ်သုံးမယ့် Toolbar တွေကိုထည့်လိုက်ရင် အရင် AutoCAD Classic Mode လိုရသွားပါလိမ့်မယ် **တစ်ခါတစ်လေပြန်ပျက်သွားတတ်တဲ့အတွက် ကိုယ်ပိုင် Workplace အနေနဲ့ သိမ်းထားလိုက်တာအကောင်းဆုံးပါ**
၅. AutoCAD မှာ တစ်ခါတစ်ရံမှာ Command တွေရိုက်မရတာဖြစ်တတ်ပါတယ် ဘာရိုက်ရိုက် Unknown Command တွေဖြစ်သွားတာမျိုးပါ အဖြစ်များတဲ့ပုံစံကတော့ Hatch File တွေထည့်တဲ့အချိန်မှာ (Custom Hatch File တွေထည့်နည်း) အသစ်အနေနဲ့မထည့်ပဲနဲ့ ရှိပြီးသား System Path တစ်ခုခုပေါ်မှာထပ်ပြီးထည့်လိုက်မိတာမျိုးမှာဖြစ်တာပါ ကိုယ်လုပ်မိတာကိုမှတ်မိခဲ့ရင်တော့ နဂိုအတိုင်းပြန်ထားလိုက်ရင်ရပါတယ် မမှတ်မိရင်တော့ AutoCAD Repair လုပ်လိုက်တာအမြန်ဆုံးပါပဲ Repair မလုပ်ချင်ဘူးမှတ်လဲမမှတ်မိဘူးဆိုရင် Option ထဲက Default File Path တွေကိုတစ်ခြားစက်ကနေကြည့်ပြီး ပြန်လိုက်ပြင်လိုက်ရင်လဲရပါတယ်
*************

**လောလောဆယ်တော့ဒီလောက်ပဲတွေးလို့ရသေးတယ် မမှတ်မိတာလဲပါတယ် :P

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...