Androids

Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း

Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။
1. https://touch.facebook.com/ ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါတယ်)
2. https://touch.facebook.com/settings... ကိုသွားပါ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ)
3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)() ကို copy ကူးပါ
(ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY ကိုဖွင့်ကူးပါ။ ရှေ့က javascript: ဆိုတာလေးက paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ် အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီမှ enter နှိပ်ပါ။)
4. copy ကူးထားတာကို browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။
5. Facebook app မှာ logout လုပ်ပါ login ပြန်လုပ်ပါ
6. ဆုတောင်းပါ :P See Conversion ရပါပြီ။

Credit ~ Ko THANT THET


No comments:

Post a Comment

Androids

Morelocal app သုံးပြီး System ကိုမြန်မာလို ပြောင်းသုံးကြမယ်

ဖုန်းရဲ့ System မှာမြန်မာမပါလို့  မြန်မာလိုပြောင်းသုံးချင်တဲ့သူတွေ အတွက်ပါ Computer လိုပါတယ် Computer မှာ ဖုန်း driver သွင်းထားဖို့လိုပါတယ် ဖုန်းမှာတော့ Root access မလိုပါဘူး ရှိလဲရတယ် မရှိလဲရပါတယ်
Computer ရဲ့  command box ( cmd ) ကိုဖွင့်ပြီး adb shell လို့ရိုက်ပါ ပြီးရင်
pm grant jp.co.c_lis.ccl.morelocale android.permission.CHANGE_CONFIGURATION

လို့ရိုက်ထည့်ပေးလိုက်ရင်ရပါပြီ (ဒီနေရာမှာ ရိုက်ထည့်တဲ့အခါမှာ စာလုံး အကြီးအသေး လွဲးလို့မရပါဘူး သတိထားပြီး ရိုက်စေချင်ပါတယ်) ဖုန်းကို Restart ချပြီးပြန်တက်လာရင် မိတ်ဆွေရဲ့ ဖုန်းမှာ System တစ်ခုလုံးကို မြန်မာလိုပြောင်းလို့ရသွားပါပြီ Morelocal 2 app ကို Play store မှာဒေါင်းလို့ရပါတယ်





No comments:

Post a Comment

Androids

Myanmar Jojar Pro For Android Smart Phone vivo, Huawei, oppo, Asus, Mi,Samsung iPhone iOS 10

For Huawei Theme *hwt
Download ရလာတဲ့ *.hwt File ကို Copy လုပ်ပြီး HWTheme Folder ထဲကိုထည့်ပေးပါ၊ ပြီးရင်ဖုန်း Setting > Display > FontStyle မှာ မိမိ၏ထည့်ထားတဲ့ဖောင့်ကို Apply လုပ်ပေးပါ။
Fro vivo Theme *txj

Credit Khon Soe Zaw Thu

No comments:

Post a Comment

Androids

Unicode Q & A

Q. iOS မှာ မြန်မာယူနီကုဒ် သုံးချင်လို့။ ဇော်ဂျီလည်း ဖတ်ချင်သေးတယ်။ နှစ်မျိုးလုံး ဖတ်လို့ သုံးလို့ရအောင် လုပ်လို့မရဘူးလား။
A. ဒီမှာ ကွီးနေဇာအပြည့်အစုံပြောပေးထားတယ်။

Q. iOS မှာ မြန်မာယူနီကုဒ်စစ်စစ် ပဲသုံးချင်တယ်။ fb မှာ ဇော်ဂျီပါလာရင်လည်း ဖတ်ချင်သေးတယ်ဟ။ မြန်မြန်ဆန်ဆန် ပြောင်းပြီး ကြည့်လို့ရတဲ့ နည်းမရှိဘူးလား။
A. ဒီလိုလုပ်။ ကိုသန့်ဇင်ဦးရေးထားတာ။ iOS10 အထိ ရတယ်ပြောတယ်။ 10 မတင်ရသေးလို့.

Q. Facebook မှာ ဘယ်သူကမှ ယူနီကုဒ်နဲ့မှမတင်တာ။ ငါက စောင်ဆွာကြီးလုပ်ပြီး ယူနီကုဒ် သုံးတော့ ငါက ဘာနဲ့သွားဖတ်ရမှာလဲ။ ယူနီကုဒ်သုံးတဲ့ website တွေကောရှိလားဟ
A. ဒီမှာ စုပေးထားတယ် ဖရင့် fb page တွေကော ယူနီသုံးတဲ့ website တွေကာ


No comments:

Post a Comment

Converter

Mp3 ဖိုင်တွေထဲက artist, title, album တွေ ဇော်ဂျီဖြစ်လို့ စိတ်ညစ်နေလား?



Mp3 ဖိုင်တွေထဲက artist, title, album တွေ ဇော်ဂျီဖြစ်လို့ စိတ်ညစ်နေလား?
စက်ထဲမှာ Java Runtime Environment ရှိမယ် ထည့်ထားပြီး ဖြစ်မယ်ဆိုရင် command line တစ်ခု run ရုံနဲ့ ရနိုင်ပါပြီ။
အသေးစိတ်ကို ဒီမှာ ရေးပေးထားပါတယ်။
ပထမဆုံး စမ်းထားတာလေးကို မနေနိုင်လို့ ထ share တာပါ။ :D
ဖိုင်တွေကို backup ထားပြီးမှ စမ်းကြည့်ပါကုန်။
java -jar Mp3Zg2Uni.jar "c:\Music\mp3" --opt check
ဆိုတာက ဇော်ဂျီနဲ့ ပေးထားတဲ့ ဖိုင်တွေရှိလား စစ်တာပါ။
java -jar Mp3Zg2Uni.jar "c:\Music\mp3" --opt convert
ဆိုရင်တော့ စစ်ပြီး ပြောင်းမှာပါ။


ကိုဆန်းလင်းနိုင်ရေးထားတာပါ

No comments:

Post a Comment

Keyboards

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ


No comments:

Post a Comment

Androids

fallback_fonts.xml နှင့် မြန်မာစာ


fallback_fonts.xml ဆိုတာ android phone တွေမှာ fonts family တွေကို register လုပ်တာမှာ သုံးတဲ့ android file တစ်ခု ဖြစ်ပါတယ်။ အဲဒီဖိုင်က /system/etc/ ဆိုတဲ့ နေရာမှာရှိပါတယ်။ Permission ကတော့ rw-r--r-- ဖြစ်ပါတယ်။ Owner ကတော့ 0-root, Group 0-root ပါ။ မြန်မာဖောင့်တွေ ထည့်တဲ့ apk, tool တော်တော်များများက fallback_fonts.xml မှာ font  ကို register/install သွားလုပ်ကြပါတယ်။ ကိုယ်တိုင် ပြင်ဆင်ကြည့်မယ်ဆိုရင်တော့ အဲဒီ apk တွေကို မသုံးလဲ ရပါတယ်။ fallback_fonts.xml ရဲ့ ဖွဲ့စည်းပုံကို ပြောပြပေးပါ့မယ်။ 

No comments:

Post a Comment

Androids

Huawei G730U00 flashable Unicode zip font

Huawei G730 U00 တွေအတွက်ပါ ဒါကိုသွင်းဖို့အတွက် Root (or) cwm လိုပါတယ်
root ဖောက်ပြီးရင် Mobileuncle Tool နဲ့ cwm ကို သွင်းပါမယ်
ပထမ cwm file ကို sd card ထဲကို extract လုပ်ပါ HUAWEI-G730-U00_131128__recovery_140118-103300.img ဆိုတဲ့ဖိုင်ကို sd card ထဲမှာဒီအတိုင်းထည့်ထားပေးပါ အဲ့ဒီနောက် Mobileuncle Tool ကိုဖွင့်လိုက်ပါ Root Access တောင်းပါမယ်ပေးလိုက်ပါ
ပြီးရင် Recovery Update ကိုနှိပ်ပြီး HUAWEI-G730-U00_131128__recovery_140118-103300.img
ကိုရွေးပေးလိုက်ရင် cwm သွင်းပေးသွားပါမယ်  ပြီးရင်အခုပေးတဲ့ zip လေးကို cwm ကနေ သွင်းလိုက်ရင် ယူနီကုဒ်ဖောင်လေးနဲ့ လန်းနိုင်ပါပြီဗျာ
တခြားဖုန်းတွေကတော့ ရမရမသိပါဘူးဗျာ

Unicode font zip file Download
Mobileuncle Tool Download
CWM img file Download

No comments:

Post a Comment

Androids

Huawei G730U00 Unicode Theme font

Huawei G730U00 အတွက် Unicode Theme font လေးပါ Root မလိုပါဘူး Themes File လေးထည့်လိုက်ရင်ရပါပြီ ထည့်နည်းကလည်းလွယ်ပါတယ်  Huawei Theme file လေးကိုဒေါင်းပြီးတော့ sd card > hwthemes folder ထဲထည်းပေးပါ ပြီးရင် font style မှာ ဒါမှမဟုတ် themes ထဲကနေ Padauk Book ကိုရွေးပေးလိုက်ပါ အဲ့ဒါဆိုရင်ရပါပြီ
Download Here

No comments:

Post a Comment

Androids

Unicode Help

This guide is provided "as is", without warranty of any kind, express or implied.
We shall not liable for any damage incurred due to this guide.
The methods may or may not work.
Try at your own risk.

Q. iOS မှာ မြန်မာယူနီကုဒ် သုံးချင်လို့။ ဇော်ဂျီလည်း ဖတ်ချင်သေးတယ်။ နှစ်မျိုးလုံး ဖတ်လို့ သုံးလို့ရအောင် လုပ်လို့မရဘူးလား။
A. ဒီမှာ ကွီးနေဇာအပြည့်အစုံပြောပေးထားတယ်။

Q. iOS မှာ မြန်မာယူနီကုဒ်စစ်စစ် ပဲသုံးချင်တယ်။ fb မှာ ဇော်ဂျီပါလာရင်လည်း ဖတ်ချင်သေးတယ်ဟ။ မြန်မြန်ဆန်ဆန် ပြောင်းပြီး ကြည့်လို့ရတဲ့ နည်းမရှိဘူးလား။
A. ဒီလိုလုပ်။ ကိုသန့်ဇင်ဦးရေးထားတာ။ iOS10 အထိ ရတယ်ပြောတယ်။ 10 မတင်ရသေးလို့. :3

Q. Facebook မှာ ဘယ်သူကမှ ယူနီကုဒ်နဲ့မှမတင်တာ။ ငါက စောင်ဆွာကြီးလုပ်ပြီး ယူနီကုဒ် သုံးတော့ ငါက ဘာနဲ့သွားဖတ်ရမှာလဲ။ ယူနီကုဒ်သုံးတဲ့ website တွေကောရှိလားဟ :3
A. ဒီမှာ စုပေးထားတယ် ဖရင့် fb page တွေကော ယူနီသုံးတဲ့ website တွေကာ :3

Q. Windows 8, 10 မှာ ယူနီကုဒ်သုံးချင်တာ။ ဆိုင်က အဲ့တာ ဇော်ဂျီတွေထည့်ပေးလိုက်တယ်။ ဘယ်လိုလုပ်မတုန်း။
A. ဒါလေးနဲ့ အမြစ်ဖြုတ်လိုက်။ ကွီးကျော်သူရအောင် အိပ်ရေးပျက်ခံပြီး ရေးထားတာ

Q. Windows မှာ ယူနီကုဒ်သုံးတာတော့ ဟုတ်ပါပြီ။ ငါက browser ကနေ fb ကြည့်တော့ ဇော်ဂျီတွေ ဖတ်မရတော့ဘူးဟ။ လုပ်ပါဦး။
A. ဒါလေးတွေ သွင်းထား။ ကွီးသစ်၊ ကွီးဆန်း၊ ကိုသန့်သက်တို့ လုပ်ထားတာ
Chrome : Chrome
Firefox : Firefox

Q. Windows Officeမှာ မြန်မာ၃နဲ့ စာရိုက်တာ စာလုံးတွေ မမှန်ဘူးဟ။ ကွိစိကွစ တွေ ပေါ်နေတယ်။ လခွမ်း။ လုပ်ဦး။
A. ဒီမှာကြည့်

Q. Windows မှာ Offline converter မရှိဘူးလားဟ။ ရှိရင်ပေးစမ်းပါ။
A. ဒီမှာဆွဲလေ။ ကိုမြတ်မင်းစိုး rabbit converter ကို အခြေပြုရေးထားတာ။

Q. Windows မှာ သဝေထိုးရှေ့ကရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလာဟ။ သဝေထိုးနောက်ကမရိုက်တတ်ဘူး။ :
Windows မှာ ဇော်ဂျီလက်ကွက်နဲ့ ယူနီကုဒ် ရိုက်လို့မရဘူးလား။ ယူနီကုဒ် လက်ကွက်က ခက်တယ်ဟ။ ၈။
A. မေးခွန်းနှစ်ခုလုံးတွက် အဖြေတစ်ခုထဲပဲ။ ဒါလေးသွင်းလိုက်။ ကိုသန့်သက်ရေးထားတာ

Q. မင်းတို့ ယူနီကုဒ်က Photoshop မှာ သုံးမရဘူးဟ။ လုပ်စမ်းပါဦး။
A. ကိုဇေယျာတို့ လုပ်ပေးထားတဲ့ အသောက ရှိတယ်။ :D

Q. Android မှာလေ။ ယူနီကုဒ်သုံးနေတယ်ဟ။ ဆိုနီက built in ပါလာတာ။ ဇော်ဂျီကိုဘယ်လိုဖတ်မတုန်း.. အရေးအကြောင်းဆို လိုတယ်ဟ။
A. လုပ်လိုက်တော့
ဒီမှာ
MM Font Converter For android

Q. ညေး.. ကွီး ဖုန်းမှာ ယူနီကုဒ်ပဲပါတော့ ယူနီကုဒ်ပဲ သုံးနေတယ်။ Facebook က အရင်တုန်းက see conversion ဆိုပြီး နှိပ်ရင် ဇော်ဂျီ (မြန်မာ) to ယူနီကုဒ်(မြန်မာ) ပြောင်းပေးတယ်။ အခု မရတော့ဘူးဟ။ ဘယ်လိုလုပ်ရတုန်း။
A. ကိုသန့်သက် အရင်က doc တင်ပေးဖူးတယ်။ ဘယ်လို force လုပ်ပြီး Conversion option ပြန်ဖော်ရတယ်ဆွာ။ ကိုထက်ဝေအောင် video tutorial လုပ်ပေးထားတယ်။

Q. Android မှာ ယူနီကုဒ်သုံးနေတယ်။ လခွမ်း operator တွေက ဇော်ဂျီနဲ့ မက်ဆေ့တွေ ပို့နေတာ ငါဘယ်လိုသွားဖတ်ရမတုန်း။ ဖာ့ခ်။
A. ကိုမြတ်မင်းစိုးရေးထားတဲ့ app သုံးလိုက်။ ဆင်ပြေသွားလိုက်မယ်။

Q. Android မှာ ယူနီကုဒ်ကော ဇော်ဂျီကော browser မှာ ဖတ်ရအောင် ဘယ်လိုလုပ်မတုန်းဟ။
A. Firefox က android မှာ add on support ပေးတယ်။ ဒါလေးသွင်းပြီးသုံး။

Q. စက်ရုပ်မှာ သဝေထိုး ရှေ့က ရိုက်လို့ရတဲ့ ကီးဘုတ်မရှိဘူးလားဟ။
A. ရှိဒေ ရှိဒေ ရှိလွန်းလို့။
ဒီမှာ …

Q. Android မှာကွာ ငါရိုက်တာတော့ ယူနီကုဒ် နဲ့ပဲရိုက်မယ်လေ။ ဇော်ဂျီပဲသုံးနေကြတဲ့ မိဘဆွေမျိုး တွေ စကီလေးတွေကို ချက်ချင်း ကွန်ဗက် တစ်ချက် tap တာနဲ့ ဘယ်လိုပို့ရလည်းဟ။
A. M3 keybard လေးသုံး။ အိုကေသွားလိုက်မယ်။ :3

Q. မြန်မာစာရေးထုံးနဲ့ပဲ ရိုက်ချင်တယ်ဟ။ လုပ်ဦး.. သဝေထိုး ပစောက် ရရစ် ရေးချာ.. ပြော .. အဲ့လိုမျိုးပေါ့..
A. အိုကေ ဒါလေးတွေ သွင်းထားလိုက်ကွီး။ စိတ်ကြိုက်ရိုက်ပေတော့ =D
For Windows - Keymagic

For Mac - Keymagic

For iOS -ttKeyboard

For Android -BayKeyboard, ttKeyboard

Q. Q&A တွေစုပေးထားတဲ့ လင့် ကဘယ်မှာတုန်းဟ။ လခွမ်း။ အရေးအကြောင်းဆို ရှာမရတော့ဘူး
A. ဒီမှာ ဗျ။ link ကို တွေ့တုန်း မှတ်ပြီး ဆောင်ထားချေ။ နောက်လည်း အလျဉ်းသင့်သလို update သွားဦးမယ်။ :3

( linkception ဟ :O xD )

No comments:

Post a Comment

Converter

MMNLP Converter

MMNLP Converter လေးပါ
     1. Academy- Family
     2. Amyanmar
     3. Ava-Forever
     4.Ayar-Family
     5. CE-Family
     6. I
     7.M-Myanmar-Family
     8. Myanmar1
     9. Myazedi
    10. Pinny- Family
    11. Win-Family
    12. Zawgyi
အဲ့ဒီ font နဲ့ရေးထားတာတွေကို ယူနီကုဒ်အဖြစ် ပြောင်းပေးနိုင်ပါတယ်
ဒါအပြင် အပေါ်မှာပြထားတဲ့ fonts ၁၂ မျိုးနဲ့ ဒီအောက်က file format တွေမှာ ရေးထားတဲ့ file တွေကိုလဲ file အလိုက်ယူနီကုဒ်ကို ပြောင်းပေးနိုင်ပါတယ် ဥပမာအနေနဲ့ Win-Family font တွေနဲ့ရိုက်ထားတဲ့ word file တစ် file လုံးကို ယူနီကုဒ်ကိုပြောင်းဖို့အတွက်ဆို ဒီ software လေးနဲ့ကပိုအဆင်ပြေပါတယ် ကိုယ်ပြောင်းချင်တဲ့ word file ကို select လုပ်ပြီး Convert လေးနှိပ်လိုက်တာနဲ့ပြောင်းပေးသွားမှာပါ (တစ်ခြား Converter တွေလိုမျိုး စာတစ်ပိုဒ်ကိုပဲ convert လုပ်ပြီးလိုက်ပြင်ပေးနေစရာမလိုပါဘူး) ပြောင်းပြီးသွားရင်တော့ font size ကွာခြားချက်ရှိတတ်တာကြောင့် ကိုယ်ချိန်ထားတဲ့ အရင် layout အတိုင်းဖြစ်မဖြစ်လေးစစ်ပေးဖို့တော့လိုပါမယ်
     1. Simple Text File
     2. Micorsoft Word 2003 / 2007  File ( Multi-fonts conversion capablility)
     3. Microsoft Excel 2003 / 2007  File ( Multi-fonts conversion capablility)
     4.Xml File
     5.Sql File

မြန်မာယူနီကုဒ် အနေနဲ့ လွယ်လွယ်ကူကူ ပြောင်းလို့ရပါတယ်ဗျာ

Download Here (Version 1.0)
Virsion 2.0 ထပ်ထွက်ပါသေးတယ် ဘာမှတော့သိပ်မကွာပါဘူး ပိုတော့ကောင်းလာတယ်
Download Herer (Version 2.0)


No comments:

Post a Comment

Converter

Myanmar Unicode Dictionary Software ကိုသုံးပြီး ဇော်ဂျီနဲ့ မြန်မာလိုနာမည်ပေးထားမိတဲ့ ဖိုင်တွေကို ယူနီကုဒ်ပြောင်းနည်း



မိမိပြောင်းလိုသောဖိုင်များကို အင်္ဂလိပ်လိုနာမည်ပေးထားသေား ဖိုလ်ဒါတစ်ခုအတွင်းသို့ ထည့်ထားပါ


ထိုနောက် Myanmar Unicode Dicitonary  Software ကိုဖွင့်ပါ


No comments:

Post a Comment

စာပေ

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံ

မောင်ခင်မင် (ဓနုဖြူ)

======================

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။ ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါ၀င်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ဝ-ဝ ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။
အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။ ဗျည်းတွေကိုအမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဌာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဌာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။ ပုံသဏ္ဌာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။
ခွေခွေကလေးနေလို့ ခ-ခွေး၊

လုံးလုံးကလေး နေလို့ စ-လုံး၊

လိမ်ခွေနေလို့ ဆ-လိမ်၊

အောက်ကွဲနေလို့ ဇ-ကွဲ၊

ဘေးကမျဉ်းဆွဲထားလို့ စျ-မျဉ်းဆွဲ၊

ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊

၀မ်းပူနေလို့ တ-ဝမ်းပူ၊

အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊

အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊

မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊

အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊

ကုန်းနေလို့ ဘ-ကုန်း၊

ပက်လက်လန်နေလို့ ယ-ပက်လက်၊

အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး

ပုံသဏ္ဌာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဌာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဌာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-ဝ-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။ ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။
/ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။ မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။ အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။
( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။) စျ (စျမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။

စျ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဌာန် ရှိပါတယ်။

စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ စျမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။
ကိုးကား ။ ။ မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်ဘာလ)

No comments:

Post a Comment

Computer

File name တွေကိုယူနီကုဒ်ပြောင်းမယ်

ဖိုင်နာမည်များကို ဇော်ဂျီဖောင့်နဲ့ အများကြီးပေးထားပြီးမှ အားလုံးကို ယူနီကုဒ်ပြန်ပြောင်းချင်ရင်အောက်မှာပေးထားတဲ့လင့်က ဖိုင်လေးကို အသုံးပြုနိုင်ပါတယ်.. ပုံမှာပြထားတဲ့ခလုတ်တွေကို အစဉ်လိုက် နှိပ်သွားရုံပါပဲ
၁။ ဖွင့်ရန်နှိပ်ဆိုတဲ့ခလုတ်ကကိုနှိပ်ပြီး ဇော်ဂျီနဲ့ရေးထားတဲ့ဖိုင်တွေကို ဖွင့်ပါ။
၂။ အားလုံးရွေးခလုတ်ကို နှိပ်ပြီး Select all လုပ်လိုက်ပါ။
၃။ ကူးမည်ကိုနှိပ်ပြီး ကော်ပီကူးလိုက်ပါ။
၄။ Unicode converter တစ်ခုခုမှာ သွားပြီး Paste ပြီး Unicode ပြောင်းပါ ၊ ပြောင်းပြီးသားကို ပြန်ကော်ပီခဲ့ပါ။ Converter : Here
၅။ ကူးပြီးချမည် ခလုတ်ကို နှိပ်ပါ ။
၆။ သိမ်းမည်ကိုနှိပ်ပါ။
၇။ ရှင်းမည်ကိုနှိပ်ပြီး ရှင်းလိုက်ပါ။
၈။ မိမိဖိုင်တွေအားလုံး ယူနီကုဒ်ပြောင်းပြီးသားကိုတွေ့ရမှာဖြစ်ပါတယ်.။.

Download Here

No comments:

Post a Comment

Apple

ios အတွက် Fonts Profiles လေးတွေပါ

Myanmar 3 လေးပါ

http://www.mediafire.com/download/67aqqhdb6bxal6o/mm3_05-Jan-2011.mobileconfig

Our-Unicodes

http://www.mediafire.com/download/xzekf725op2pi77/Ours_Unicode_2_%281%29.mobileconfig

Thanlwin

http://www.mediafire.com/download/rhzl7sis7lybi0a/thanlwinMedium.mobileconfig


No comments:

Post a Comment

Androids

Android အတွက် ယူနီကုဒ် Keyboard လေးတွေပါ

Frozen Unicode keyboard

http://pc.cd/3Qt

Burma Unicode keyboard

http://pc.cd/K8t

Oppo Unicode keyboard

http://pc.cd/w4t

Touch Pal Unicode keyboard
http://pc.cd/64t

Bagan Keyboard 5.0 Trial (Unicode keyboard)
http://goo.gl/eRS9m8

BurmaUni Keyboard
http://goo.gl/lnnUUK

FrozenUni Keyboard
http://goo.gl/Y4IdgX

Indic Keyboard (Unicode keyboard)
http://goo.gl/FcNPW0

Oppo Keyboard (Unicode keyboard)
http://goo.gl/TGrXuZ

Touchpal keyboard (Unicode keyboard)
http://goo.gl/lhHsOj

အဆင်ပြေပါစေဗျ ဖြစ်နိုင်ရင်တော့ google play store ကနေသွင်းကြပါ

No comments:

Post a Comment

Mobile

ooredoo call-forward

Call Forwarding ဆိုတာ ဘာလည်း။

မိတ်ဆွေထံခေါ်ဆိုသည့်အဝင်ဖုန်းများကို မိတ်ဆွေက ရွေးချယ်သတ်မှတ်ထားသည့် အခြားနံပါတ် တစ်ခုသို့လွှဲပေးနိုင်သည့်ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက် ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်းပြုလုပ်ပါ။မိတ်ဆွေ၏ဖုန်းပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ ၊ မအားလျင််ဖြစ်စေ အဝင်ဖုန်းအားလုံးကို လွှဲပြောင်းပေးပါမည်။

စတင်ရယူအသုံးပြုခြင်း --*21* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း --#21*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း --*#21*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုထားပါက အသံဖြင့်အမှာစကားပေးခြင်း၊လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်၊ ဖုန်းခေါ်၍ရပြီဖြစ်ကြောင်းအသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

ဖုန်းပြောနေစဉ်(Busy)တပြိုင်နက်ထဲမှာ အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့လွှဲပေးခြင်း ဘယ်လိုစလုပ်လို့ရမလည်း?
ဖုန်းပြောနေစဉ်အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့ လွှဲပေးခြင်းပြုလုပ်ရန်အောက်ပါအတိုင်းဆောင်ရွက်ပါ။

သတိပြုရန်-- ခေါ်ဆိုမှု ခေတ္တကိုင်ထားစေခြင်း ဝန်ဆောင်မှုကို ရပ်ဆိုင်းထားရပါမည်။

စတင်ရယူအသုံးပြုခြင်း -- *67*နံပါတ်# သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း - - #67*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#67*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကို ဖုန်းပြောနေစဉ်(Busy)မှာတပြိုင်ထဲ အသုံးပြုထားပါက ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်းဝန်ဆောင်မှုကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှု(ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်း) ကို အလိုအလျောက် ပြန်လည်ရရှိပါမည်။

အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုပါက အောက်ပါအတိုင်းဆောင်ရွက်ပါ။

စတင်ရယူအသုံးပြုခြင်း -- *61* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း -- #61*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#61*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဖုန်းပိတ်ထားစဉ်၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း ?
မိတ်ဆွေ၏ ဖုန်းပိတ်ထားစဉ် ၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤ ဝန်ဆောင်မှုကို စတင်အသုံးပြုလိုပါက

စတင်ရယူအသုံးပြုခြင်း --*62* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း -- #62*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#62*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကိုဆက်သွယ်မှုဧရိယာပြင်ပရောက်နေစဉ်ရွေးချယ်အသုံးပြုထားပါက

လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်နှင့်ဖုန်းခေါ်၍ရပြီဖြစ်ကြောင်း

အသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

No comments:

Post a Comment