Skip to main content

ooredoo call-forward

Call Forwarding ဆိုတာ ဘာလည်း။

မိတ်ဆွေထံခေါ်ဆိုသည့်အဝင်ဖုန်းများကို မိတ်ဆွေက ရွေးချယ်သတ်မှတ်ထားသည့် အခြားနံပါတ် တစ်ခုသို့လွှဲပေးနိုင်သည့်ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက် ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုလိုပါက အောက်ပါအဆင့်များအတိုင်းပြုလုပ်ပါ။မိတ်ဆွေ၏ဖုန်းပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ ၊ မအားလျင််ဖြစ်စေ အဝင်ဖုန်းအားလုံးကို လွှဲပြောင်းပေးပါမည်။

စတင်ရယူအသုံးပြုခြင်း --*21* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း --#21*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း --*#21*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကို အဝင်ဖုန်းအားလုံးအတွက်ရွေးချယ်အသုံးပြုထားပါက အသံဖြင့်အမှာစကားပေးခြင်း၊လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်၊ ဖုန်းခေါ်၍ရပြီဖြစ်ကြောင်းအသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

ဖုန်းပြောနေစဉ်(Busy)တပြိုင်နက်ထဲမှာ အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့လွှဲပေးခြင်း ဘယ်လိုစလုပ်လို့ရမလည်း?
ဖုန်းပြောနေစဉ်အဝင်ဖုန်းခေါ်ဆိုမှုကိုအခြားနံပါတ်သို့ လွှဲပေးခြင်းပြုလုပ်ရန်အောက်ပါအတိုင်းဆောင်ရွက်ပါ။

သတိပြုရန်-- ခေါ်ဆိုမှု ခေတ္တကိုင်ထားစေခြင်း ဝန်ဆောင်မှုကို ရပ်ဆိုင်းထားရပါမည်။

စတင်ရယူအသုံးပြုခြင်း -- *67*နံပါတ်# သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း - - #67*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#67*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကို ဖုန်းပြောနေစဉ်(Busy)မှာတပြိုင်ထဲ အသုံးပြုထားပါက ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်းဝန်ဆောင်မှုကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှု(ခေါ်ဆိုမှုခေတ္တကိုင်ထားစေခြင်း) ကို အလိုအလျောက် ပြန်လည်ရရှိပါမည်။

အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း?
အဝင်ဖုန်းတွေကိုမဖြေပဲနဲ့ဤဝန်ဆောင်မှုကိုရွေးချယ်အသုံးပြုလိုပါက အောက်ပါအတိုင်းဆောင်ရွက်ပါ။

စတင်ရယူအသုံးပြုခြင်း -- *61* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း -- #61*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#61*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဖုန်းပိတ်ထားစဉ်၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုလိုရင် ဘယ်လိုလုပ်ရမလည်း ?
မိတ်ဆွေ၏ ဖုန်းပိတ်ထားစဉ် ၊ သို့မဟုတ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေချိန်တွင် ဤ ဝန်ဆောင်မှုကို စတင်အသုံးပြုလိုပါက

စတင်ရယူအသုံးပြုခြင်း --*62* နံပါတ် # သို့ဆက်ပါ။
ရပ်ဆိုင်းခြင်း -- #62*# သို့ဆက်ပါ။
အခြေအနေ စစ်ဆေးခြင်း -- *#62*# သို့ဆက်ပါ။
(သို့မဟုတ်)

စတင်ရယူအသုံးပြုခြင်း ၊ ရပ်ဆိုင်းခြင်း ၊ ပြန်လည် ရယူအသုံးပြုခြင်း ၊ အခြေအနေ စစ်ဆေးခြင်း အားလုံးကို မိတ်ဆွေ၏ ဟန်းဆက် Menu တွင် ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

သတိပြုရန်-- ဤဝန်ဆောင်မှုကိုဆက်သွယ်မှုဧရိယာပြင်ပရောက်နေစဉ်ရွေးချယ်အသုံးပြုထားပါက

လွဲသွားသောခေါ်ဆိုမှုများအတွက်သတိပေးချက်နှင့်ဖုန်းခေါ်၍ရပြီဖြစ်ကြောင်း

အသိပေးချက်ဝန်ဆောင်မှုများကိုအသုံးပြု၍မရပါ။ ဤဝန်ဆောင်မှုကိုရပ်ဆိုင်းခြင်းပြုလိုက်သည်နှင့်အဆိုပါ ဝန်ဆောင်မှုများ အလိုအလျောက် ပြန်လည်ရရှိပါမည်။

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။