Microsoft

MS 365 ကနေကိုယ်ပို့တဲ့ mail တွေ က လက်ခံ Email ရဲ့ Spam Folder ထဲရောက်နေရင်

 MS 365 ရဲ့ Developer Program ကိုသုံးဖြစ်နေတာ နည်းနည်းကြာနေပြီ။ MS Office ကို အခမဲ့သုံးလို့ရနေတာရယ် Onedrive 1Tb ရနေတာရယ်ကြောင့်သုံးဖြစ်သွားတာ။ သုံးနေရတာက အကုန်အဆင်ပြေတယ်ဆိုပေမယ့် MS 365 Developer Program ကရတဲ့ Mail Accounts (username@name.onmicrosoft.com)တွေကနေ Mail ပို့ရင် Outlook Mail ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် Gamil ဆိုရင် Spam Folder အောက်ကိုပဲရောက်ရောက်သွားတယ်။ ကိုယ်ပိုင် Domain နဲ့ စမ်းကြည့်တော့လဲအတူတူပဲ (username@domainname.com). အဲ့ဒါနဲ့လျှောက်ရှာကြည့်ပြီး ကလိလိုက်တော့မှ အဆင်ပြေပြေဖြစ်သွားတယ်။ လုပ်နည်းက မခက်ပါဘူး MS 365 Defender > Email & Collaboration > Policies & rules >  Threat policies > Email authentication settings အောက်ကိုသွားပြီး DKIM အောက်က ကိုယ်ပိုင် Domain နဲ့ချိတ်ထားရင် ကိုယ့် Domain လိပ်စာနဲ့တစ်ခု name.onmicrosoft.com နဲ့ တစ်ခု ဆိုပြီး ၂ ခုပေါ်နေလိမ့်မယ် မဟုတ်ရင်တော့ name.onmicrosoft.com နဲ့ တစ်ခုပဲရှိမှာပါ။ အဲ့ဒီပေါ်နေတဲ့ နာမည်တစ်ခုချင်းစီပေါ်မှာ နှိပ်လိုက်ပြီးတော့ Create DKIM Key ကိုနှိပ်ပြီး သူခိုင်းတဲ့အတိုင်းလိုက်လုပ်လိုက်ရင် ရသွားပါလိမ့်မယ်။ 




No comments:

Post a Comment

News

Windows Computer Browser မှာ မြန်မာစာတွေမမှန်တော့ရင်

ဒီရက်ပိုင်းမှာ ပြန်တွေ့နေရတာ အများစုကတော့ Windows သုံးတဲ့သူတွေတစ်ချို့မှာ Browser တွေမှာ မြန်မာစာတွေမမှန်ဖြစ်သွားပြီး ဘာမှလုပ်မရဖြစ်ကုန်ပါတယ်။ အကြောင်းအရင်းကတော့ အရင်ကလဲ တချို့ဖြစ်ဖူးပါတယ် ဇော်ဂျီဖောင့်ကို Installer တစ်ခုခု သုံးပြီး သွင်းမိခဲ့တာကြောင့်ပါပဲ။ ဖြေရှင်းနည်းကတော့ Windows System Font တွေကို ဇော်ဂျီမသွင်းဖူးတဲ့စက်ကနေကူး မမှန်တဲ့စက်ထဲကို Overwrite လုပ်ပြီး စက်ကို Restart လိုက်ရင် အဆင်ပြေသွားမှာပါ။ System Font တွေကို တစ်ခြားက ကူးလို့အဆင်မပြေရင်တော့ ဒီက နေ Download လုပ်လို့ရပါတယ်။ Download လုပ်လို့ရလာတာကို Extract လုပ်ပြီး Windows Font Folder အောက်ကိုကူးထည့်လိုက်ပါ ရှိပြီးသားတွေကို Overwrite လုပ်မှာလားမေးပါလိမ့်မယ် Overwrite လုပ်လိုက်ပါ။ ပြီးရင် စက်ကို Restart လုပ်လိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။


No comments:

Post a Comment

Google

Google Authenticator Update

Google Authenticator ကို Google ကနေ Update တစ်ခုထပ်ပေးလိုက်ပါပြီ။ ဘာကို Update ပေးလိုက်တာလဲဆိုတော့ Cloud Sync ပါ။ ကိုယ် Account ဝင်ထားတဲ့ Devices တွေအကုန်မှာ Sync ဖြစ်ပြီး အရင်လို Device တစ်ခုမှာပဲသုံးလို့ရတယ်ဆိုပြီး မဖြစ်တော့ပါဘူး အတော်လေးအဆင်ပြေသွားတယ်ပြောရမယ်။ တစ်ခုသတိထားဖို့ကတော့ ကိုယ့်အကောင့်ကိုလုံခြုံအောင်ပိုပြီးလုပ်ထားသင့်တော့တာပါပဲ။ မဟုတ်ရင်  Google Authenticator နဲ့ 2 Step ခံထားရင်တောင်  Google Authenticator ဖွင့်ထားတဲ့ အကောင့်ပါသွားရင် အကုန်ပါသွားနိုင်လို့ပါပဲ။



No comments:

Post a Comment

Apple

Apple Music, Apple TV, Apple Devices on Windows

Apple Music, Apple TV, Apple Devices အဲ့ဒီ App တွေကို Windows Store မှာရနေပါပြီ ဘယ်တုန်းကရနေတာလဲတော့ မသိပါဘူး။ ကျနော်လဲ ဒီနေ့မှ iTune update လုပ်ဖို့ Windows Store ထဲဝင်ရင်းနဲ့မှတွေ့လို့ သိတာပါ။ဘာထူးလဲဆိုတော့ Windows မှာလဲ Mac လိုဖြစ်သွားတယ်ပြောရမှာပါပဲ။ အခုလက်ရှိစမ်းသုံးကြည့်နေတာတော့ မဆိုးလှပါဘူး။ မကောင်းတာကတော့ iTune တစ်ခုတည်းနဲ့ပြီးတဲ့နေရမှာ Apple Music and Apple Devices ဆိုပြီး ၂ ခုဖြစ်သွားတယ်။ ကောင်းတာကတော့ Apple TV ဝယ်သုံးနေတဲ့သူတွေဆိုရင်တော့ Windows မှာပါ Apple TV ရသွားတော့ တန်တယ်ပြောရမလားပဲ။ တစ်ခုရှိတာက Device Data တွေ Backup လုပ်ချင်တယ်ဆိုရင် Apple Devices ကိုမဖြစ်မနေသွင်းမှရမှာပါ။ လောလောဆယ် သုံးကြည့်ရသလောက်ကတော့ ဒီလောက်ပဲကျနော်လဲသိပါသေးတယ်။ တစ်ခုခုထူးပြီး သိခဲ့ရင် Update လုပ်ပေးပါ့မယ်။
System Requirement အနေနဲ့ကတော့ Windows 11 Version 22621.0 or Higher (64bit) နဲ့ DirectX: Version 11 အနည်းဆုံးလိုအပ်ပါတယ်။

No comments:

Post a Comment

Architecture

SketchUP 2023 မှာ ဘာတွေထူးလာသလဲ

SketchUP 2023 မှာဘာတွေထူးသလဲ။ သိသိသာသာထူးသွားတာကတော့ Flip Option ပါပဲ။ အရင်လို Flip လုပ်ချင်တဲ့ Object ကို Select Right Click လုပ်ပြီးမှ Flip Along ရွေးရတာအစား Toolbar မှာ Flip Shortcut ထည့်ပေးလိုက်ပါပြီ 😁🙌🙌🙌။ သုံးရတာတော့ အတော်လေးကိုလွယ်ပါတယ် Object ကို Select လုပ်ပြီး Flip ကိုနှိပ်လိုက်တာနဲ့ Object ပေါ်မှာ Red, Green, Blue Axis တွေပေါ်လာပါတယ်။ ပုံ - ၁ မှာ နမူနာကြည့်ပါ။

ပုံ - ၁
အရင်လို ဘယ် Axis မှာလုပ်ရမလဲဆိုတာကို အရမ်းကြီးစဉ်းစားနေစရာမလိုတော့ပဲ x, y, z ကိုယ်လုပ်ချင်တဲ့ Axis ကိုနှိပ်ပြီးတော့ Flip လုပ်လိုက်ယုံပါပဲ။ ပြီးတော့ Mirror လုပ်ချင်ရင် အရင်က Copy ကူးပြီးမှ Flip လုပ်ရတာမှာ အခုအဲ့လိုလုပ်စရာမလိုတော့ပါဘူး။ ဥပမာ အပေါ်ကပုံမှာ Red Axis အတိုင်း Mirror လုပ်ချင်တယ်ဆိုရင် Ctrl အရင်နှိပ် Red Axis ကို ကိုယ် Mirror လုပ်ချင်တဲ့ Mid Point အထိဆွဲရွှေ့ပြီး Click ချလိုက်တာနဲ့ ရပါပြီ။ ပုံ - ၂ နှင့် ပုံ - ၃ မှာ နမူနာကြည့်ပါ။
ပုံ - ၂

ပုံ - ၃
နောက်ထပ်အပြောင်းအလဲကတော့ Revit Import Plugin ပါ။ SketchUP 2023 နဲ့အတူတူထွက်လာတယ်ဆိုပေမယ့် SketchUP 2021 နဲ့အထက်မှာသုံးလိုပါမယ်။ တစ်ခုပဲ SketchUP ကို Studio License နဲ့ဝယ်သုံးထားမှ သုံးလို့ရမှာပါ။ 
တခြား အပြောင်းအလဲတွေလဲရှိပါတယ် အသေးစိတ်ကိုတော့ https://help.sketchup.com/en/release-notes/sketchup-desktop-20230 မှာ သွားဖတ်ကြည့်လို့ရပါတယ်။

No comments:

Post a Comment