Skip to main content

MS 365 ကနေကိုယ်ပို့တဲ့ mail တွေ က လက်ခံ Email ရဲ့ Spam Folder ထဲရောက်နေရင်

 MS 365 ရဲ့ Developer Program ကိုသုံးဖြစ်နေတာ နည်းနည်းကြာနေပြီ။ MS Office ကို အခမဲ့သုံးလို့ရနေတာရယ် Onedrive 1Tb ရနေတာရယ်ကြောင့်သုံးဖြစ်သွားတာ။ သုံးနေရတာက အကုန်အဆင်ပြေတယ်ဆိုပေမယ့် MS 365 Developer Program ကရတဲ့ Mail Accounts (username@name.onmicrosoft.com)တွေကနေ Mail ပို့ရင် Outlook Mail ဆိုရင်တော့ ဘာမှမဖြစ်ပေမယ့် Gamil ဆိုရင် Spam Folder အောက်ကိုပဲရောက်ရောက်သွားတယ်။ ကိုယ်ပိုင် Domain နဲ့ စမ်းကြည့်တော့လဲအတူတူပဲ (username@domainname.com). အဲ့ဒါနဲ့လျှောက်ရှာကြည့်ပြီး ကလိလိုက်တော့မှ အဆင်ပြေပြေဖြစ်သွားတယ်။ လုပ်နည်းက မခက်ပါဘူး MS 365 Defender > Email & Collaboration > Policies & rules >  Threat policies > Email authentication settings အောက်ကိုသွားပြီး DKIM အောက်က ကိုယ်ပိုင် Domain နဲ့ချိတ်ထားရင် ကိုယ့် Domain လိပ်စာနဲ့တစ်ခု name.onmicrosoft.com နဲ့ တစ်ခု ဆိုပြီး ၂ ခုပေါ်နေလိမ့်မယ် မဟုတ်ရင်တော့ name.onmicrosoft.com နဲ့ တစ်ခုပဲရှိမှာပါ။ အဲ့ဒီပေါ်နေတဲ့ နာမည်တစ်ခုချင်းစီပေါ်မှာ နှိပ်လိုက်ပြီးတော့ Create DKIM Key ကိုနှိပ်ပြီး သူခိုင်းတဲ့အတိုင်းလိုက်လုပ်လိုက်ရင် ရသွားပါလိမ့်မယ်။ 



Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

Windows XP and 7 Keyboards

Windows XP & 7 အတွက် ယူနီကုဒ်ကီးဘုတ်လေးပါ Windows 8.1 & 10 မှာပါလာတဲ့ Windows Built in  မြန်မာကီးဘုတ်နဲ့ အတူတူပါပဲ သရက ဗျည်းနဲ့ ဗျည်းတွဲ နောက်ကနေရိုက်ရမှာပါ Logical Keyboard ဖြစ်လို့ Excel လို Software မျိုးမှာ Error ကင်းကင်းနဲ့ သုံးလို့ရနိုင်မှာပါ Download Here  

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။