MacOS

macOS ပေါ်က Excel မှာ ပြည်ထောင်စုဖောင့် သုံးလို့ရသွားပါပြီ

တလောကစမ်းသုံးတုန်းက ပြည်ထောင်စုဖောင့်က Render မမှန်ဖြစ်နေတာပါ (ဒီမှာ သွားကြည့်ကြည့်ပါ) အခုတော့ Render လဲမှန်သွားသလို အဆင်ပြေသွားပါပြီ တစ်ခုပဲ Center Text လုပ်ရတာ အဆင်သိပ်မပြေပါဘူး။ ကျနော်အခုစမ်းထားတာက Excel version (16.64) နဲ့ macOS Monterey 1.5.1 မှာ စမ်းထားတာပါ။ Myanmar Text, Noto Sans Myanmar တို့ကတော့ အဆင်ပြေပါတယ် ဒါပေမယ့် အဲ့ဖောင့်တွေက စာရိုက်ချိန်မှာ Formula Bar မှာပဲအမှန်မြင်ရပြီး Text Box ထဲမှာတော့ Enter ရိုက်လိုက်မှ မှန်သွားတာပါ။ ကျနော်စမ်းပြထားတဲ့ Video လေးကိုကြည့်ကြည့်ပါ။






No comments:

Post a Comment

MacOS

macOS ပေါ်က Excel မှာ မြန်မာလို့အဆင်မပြေဖြစ်နေတာကို ပြင်နည်း

အစကတော့ မသိပါဘူး macOS မှာ မြန်မာလက်ကွက်ထောက်ပံ့နေပြီဆိုတော့ အဆင်ပြေနေပြီလို့ပဲထင်နေတာ။ ဒီနေ့မှ သိတာ macOS ပေါ်က Excel မှာ Unicode Render အခုထိမမှန်သေးဘူးဖြစ်နေတယ်။ ဖြေရှင်းနည်းတွေလိုက်ဖတ်ကြည့်လိုက်တော့ အရမ်းတော့မခက်ပါဘူး အဓိကကတော့ Apple ရဲ့ဖောင့်ဖြစ်တဲ့ Myanmar MN, Myanmar Sangam MN အဲ့ဒီဖောင့် ၂ ခုကိုသုံးရင်အဆင်ပြေတယ်။ တခြားဖောင့်ကတော့ Masterpiece Uni Round, Pyidaung Book (ကျနော်စက်မှာတော့ အဆင်မပြေ) ဖောင့်ကို သုံးရင်လဲရပါတယ်။

Pyidaungsu Book နဲ့ဆို Render Error ဖြစ်နေတာပါ (တခြားဖောင့်တွေလဲအတူတူပါပဲ)

Myanmar Sangam MN/ Myanmar MN အဲ့ဒီဖောင့်တွေနဲ့ဆိုရင် အခုလိုပဲ အဆင်ပြေပါတယ်



No comments:

Post a Comment