macOS ပေါ်က Excel မှာ မြန်မာလို့အဆင်မပြေဖြစ်နေတာကို ပြင်နည်း
အစကတော့ မသိပါဘူး macOS မှာ မြန်မာလက်ကွက်ထောက်ပံ့နေပြီဆိုတော့ အဆင်ပြေနေပြီလို့ပဲထင်နေတာ။ ဒီနေ့မှ သိတာ macOS ပေါ်က Excel မှာ Unicode Render အခုထိမမှန်သေးဘူးဖြစ်နေတယ်။ ဖြေရှင်းနည်းတွေလိုက်ဖတ်ကြည့်လိုက်တော့ အရမ်းတော့မခက်ပါဘူး အဓိကကတော့ Apple ရဲ့ဖောင့်ဖြစ်တဲ့ Myanmar MN, Myanmar Sangam MN အဲ့ဒီဖောင့် ၂ ခုကိုသုံးရင်အဆင်ပြေတယ်။ တခြားဖောင့်ကတော့ Masterpiece Uni Round, Pyidaung Book (ကျနော်စက်မှာတော့ အဆင်မပြေ) ဖောင့်ကို သုံးရင်လဲရပါတယ်။
![]() |
| Pyidaungsu Book နဲ့ဆို Render Error ဖြစ်နေတာပါ (တခြားဖောင့်တွေလဲအတူတူပါပဲ) |
![]() |
| Myanmar Sangam MN/ Myanmar MN အဲ့ဒီဖောင့်တွေနဲ့ဆိုရင် အခုလိုပဲ အဆင်ပြေပါတယ် |
☕ Admin ကို မုန့်ဖိုးပေးရန်
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Admin ကို ကော်ဖီ တိုက်နိုင်ပါတယ်ခင်ဗျာ။
QR ဖတ်ရန်နှင် ဖုန်းနံပတ်ကူးယူရန်


No comments: