Office 365 ကို စမ်းကြည့်မိသလောက်
Office 365 ကို အခုမှစပြီး သုံးဖူးတာမှာ အတော်လေး သဘောကျစရာကောင်းတာကို တွေ့ရတယ်။ ပြောရရင် Cloud Storage 1Tb ရတာ၊ Power Automate သုံးလို့ရသွားတာ၊ တခြား Office 365 မှာပဲသုံးလို့ရတဲ့ Feature တွေလဲရှိသေးတယ် အကုန်မစမ်းနိုင်သေးဘူး။ အထူးသဖြင့်တော့ ခိုးသုံးနေရာတာ မဟုတ်တော့ဘူးဆိုတဲ့ ခံစားချက်က အတော်လေးကောင်းတာပဲ 🤭။ ဝယ်သုံးတယ်လို့တော့ မထင်ကြစေလို့ဘူး Developer Preview လိုဟာကိုလျှောက်ပြီး သုံးနေတာပါ အခန့်မသင့်ရင် အချိန်မရွေးပျက်နိုင်ခြေရှိသလို မပျက်ချင်လဲ မပျက်ဖူးပေါ့လေ။ စမ်းချင်တယ်ဆိုရင်တော့ YouTube မှာဖြစ်ဖြစ်ရှာကြည့်လို့ရပါတယ် သိပ်လဲမခက်ပါဘူး။ Crack သုံးတာထက်စာရင်တော့ အခုလိုသုံးတာက ပိုပြီးကောင်းတယ်လို့ ထင်မိပါတယ်။
အခု Post ကိုလဲ Twitter ဆီကို Power Automate သုံးပြီးတင်တာကို စမ်းကြည့်ထားတာပါ။ (အဆင်မပြေဘူး ဘာလိုနေတာလဲမသိ Post ကိုတင်မသွားဘူး)
macOS ပေါ်က Excel မှာ ပြည်ထောင်စုဖောင့် သုံးလို့ရသွားပါပြီ
macOS ပေါ်က Excel မှာ မြန်မာလို့အဆင်မပြေဖြစ်နေတာကို ပြင်နည်း
အစကတော့ မသိပါဘူး macOS မှာ မြန်မာလက်ကွက်ထောက်ပံ့နေပြီဆိုတော့ အဆင်ပြေနေပြီလို့ပဲထင်နေတာ။ ဒီနေ့မှ သိတာ macOS ပေါ်က Excel မှာ Unicode Render အခုထိမမှန်သေးဘူးဖြစ်နေတယ်။ ဖြေရှင်းနည်းတွေလိုက်ဖတ်ကြည့်လိုက်တော့ အရမ်းတော့မခက်ပါဘူး အဓိကကတော့ Apple ရဲ့ဖောင့်ဖြစ်တဲ့ Myanmar MN, Myanmar Sangam MN အဲ့ဒီဖောင့် ၂ ခုကိုသုံးရင်အဆင်ပြေတယ်။ တခြားဖောင့်ကတော့ Masterpiece Uni Round, Pyidaung Book (ကျနော်စက်မှာတော့ အဆင်မပြေ) ဖောင့်ကို သုံးရင်လဲရပါတယ်။
![]() |
| Pyidaungsu Book နဲ့ဆို Render Error ဖြစ်နေတာပါ (တခြားဖောင့်တွေလဲအတူတူပါပဲ) |
![]() |
| Myanmar Sangam MN/ Myanmar MN အဲ့ဒီဖောင့်တွေနဲ့ဆိုရင် အခုလိုပဲ အဆင်ပြေပါတယ် |
V Ray for Sketchup 5.20 မှာ Material Library Download မရတဲ့ပြဿနာ
Sketchup V Ray 5 ရဲ့ Chaos Cosmos Library အကြောင်း
Sketchup V Ray 5 ကထွက်တာလဲကြာပြီ ကျနော်စက်မှာတင်ထားတာလဲ အတော်ကြာနေပြီ ဒါပေမယ့် တစ်ခါမှ ကောင်းကောင်းမသုံးဖြစ် မစမ်းဖြစ်သေးဘူး။ နိုင်ငံရေးအခြေအနေ စိတ်အခြေအနေနဲ့ အရင်လို လျှောက်စမ်းဖို့ မလုပ်ဖြစ်တာကြာနေပြီ။ မနေ့ကမှ စိတ်ကူးပေါက်တာနဲ့ YouTube ကြည့်ပြီး စမ်းကြည့်ပြီဆိုမှ V Ray 5 ရဲ့ Chaos Cosmos Library ကအတော်လေး မိုက်တာပဲ။ 3D Model တွေအရမ်းမများသေးဘူးဆိုပေမယ့် ရှိတာတွေအကုန်က V Ray Ready ဆိုတော့ သုံးမရတာတစ်ခုမှမရှိဘူး အကုန်သုံးလို့ရတယ်။ စက်မလေးအောင် 3D View မှာဆိုရင် ဘာ Detail မှမမြင်ရဘူး အပင်ဆိုလဲ အပင်မှန်းသိတယ်ဆိုယုံလေးပဲ Render လုပ်မှ Detail မြင်ရတာ တော်တော်လေး မိုက်တယ်။ Chaos Cosmos Library ထဲမှာပါတာတွေကတော့ 3D Model, Materials and HDRIs တွေပါပါတယ်။ အရမ်းကြီးမများသေးပေမယ့်လဲ အတော်လေးစုံတယ်ပြောရမှာပါ။ 3D Warehouse ထက်တော့ သာပါတယ်။
Chaos Cosmos Library ကိုသုံးဖို့အတွက်ကတော့ Chaos Account တော့ရှိရမယ် Account Sing in လုပ်ပြီးမှ သုံးလို့ရတယ်။ တစ်ခုကောင်းတာက V Ray ကို Crack သုံးနေရင်တောင်မှ Chaos Cosmos Library ကိုသုံးလို့ရပါတယ်။ အဲ့အတွက် ကျေးဇူးလဲတင်ရ အားလဲနာရပါတယ်။







No comments:
Post a Comment