Windows 11 Pro Insider Preview 21H2 Build 22000.51 အကြောင်း

Windows 11 ကို ၆ လပိုင်း ၂၄ ရက်နေ့ကတရားဝင်မိတ်ဆက်ပြီးတော့ သိပ်မကြာဘူး တရားဝင် Insider Preview ထုတ်ပေးတယ် ကျနော်ဆီမှာ တင်လို့မရဘူး ဘာဖြစ်လဲဆိုတော့ System Requirement မကိုက်လို့ဆိုပြီး အတင်မခံဘူး။ အတော်လေးစိတ်လေသွားတယ် တစ်ခြားနည်းနဲ့စမ်းရအောင်ကလဲ ISO File ထွက်မလာသေးတော့ ကခက်နေရော။ မနေ့ကမှ Windows 11 Pro Insider Preview 21H2 Build 22000.51 ရဲ့ ISO File လေးရတယ် တင်ကြည့်မယ်ဆိုပြီး စမ်းတော့ တင်မရဘူး အဲ့ဒါနဲ့ အရင်တခုမှာတုန်းကတင်သလိုမျိုး appraiserres.dll ကို replace လုပ်ပြီးတင်လိုက်တာရသွားတယ် 😅။ မတတ်နိုင်ဘူးလေ သုံးကြည့်ချင်နေတာကို မရရအောင်တင်လိုက်ရတာပဲ တင်ပြီးသွားတော့ OTA update တွေဘာတွေတောင်လုပ်လို့ရနေသေးတယ် ဘာလဲတေော့မသိဘူး။ အခုတရားဝင်ထွက်လာတာနဲ့ အရင်ထွက်တာနဲ့ဘာကွာလဲဆိုတော့ UI ပိုင်းတစ်ချို့အတော်လေးကွာသွားတယ် သတိထားမိသလောက်ကတော့ System Windows ပြောင်းရယ် Desktop ပေါ်မှာ Right Click လုပ်ချိန်မှာပွင့်လာတဲ့ Windows ရယ်ပဲ အရင်လို Right Click နှိပ်ပြီး Refresh လွယ်လွယ်နဲ့လုပ်မရတော့ဘူး 😅 ဆိုတာက အတော်လေးသိသာတယ် (Right Click နှိပ်ပြီး Refresh အတော်လေးနှိပ်ချင်နေတာက ပြဿနာ **Update - 9 July 2021 Windows Update Build 22000.65 မှာ Right Click Windows မှာ Refresh ပြန်ပါလာပြီ**)။ ပြီးတော့ Notifications Windows လို့ပြောရမလား ဘာလား Windows 10 မှာပါလာတဲ့ကောင် အဲ့ကောင်လေးက တစစီဖြစ်သွားပြီ ပြက္ခဒိန်ကသပ်သပ် ကျန်တဲ့ Network, Power, Wifi, Speaker တို့က သပ်သပ်ဖြစ်သွားတယ် Notification တက်လာရင်အရင်လိုပုံဆိုးပန်းဆိုးလဲမဟုတ်တော့ဘူး မဆိုးတော့မဆိုးပါဘူး ပိုအဆင်ပြေလာတယ်။ Widgets Windows ကပိုကောင်းလာတယ် ပိုအဆင်ပြေလာတယ် Windows Store UI ပိုကောင်းလာတယ် သူတို့ ကြေငြာထားတဲ့ Android App တွေသုံးလို့ရတယ်ဆိုတာကတော့ အခုလောလောဆယ်အထိမရသေးဘူး။ 

Devices Info တွေကိုလဲ လွယ်လွယ်လေးနဲ့ ကူးလို့ရသွားတယ် မိုက်တယ်။ Copy ခလုပ်လေးနှိပ်ပြီး ကူးလိုက်ရုံပဲ။

Edition Windows 11 Pro

Update 21H2

Installed on ‎7/‎7/‎2021

OS build 22000.51

Experience Windows Feature Experience Pack 421.16300.0.3


Device name xxxxxxxxxxx

Processor Intel(R) Core(TM) i3-4005U CPU @ 1.70GHz   1.70 GHz

Installed RAM 8.00 GB

Device ID _____________________________________

Product ID xxxxx-xxxxx-xxxxx-xxxxx

System type 64-bit operating system, x64-based processor

Pen and touch No pen or touch input is available for this display


Windows 11 System Windows
Windows 11 System Windows

Windows 11 Right Click Windows
Windows 11 21H2 Build 22000.51 Right Click Windows

Windows 11 21H2 Build 22000.65 Right Click Windows
Windows 11 21H2 Build 22000.65 Right Click Windows 

Windows 11 New Windows Store UI
Windows 11 New Windows Store UI







No comments:

Post a Comment

Notes

Yi M1 Mirrorless Camera ကိုင်ရတဲ့ ဒုက္ခ

 Yi M1 Mirrorless လေးကိုင်နေပါတယ် iOS 12 ကနေစပြီး iPhone နဲ့ချိတ်လို့မရတော့ဘူး။ အစကတော့ ခပ်ပေါ့ပေါ့ပဲ ဖုန်းကတခုခုဖြစ်တာ ဒါမှမဟုတ် App ပြန်သွင်းရမှာလို့ထင်နေတာ ဒီနေ့သေချာရှာကြည့်တော့မှ မဟုတ်ဖူး iOS 11 အထိပဲအဆင်ပြေတာ iOS 12 ရောက်သွားရင် Camera နဲ့ Phone က Pair ဖြစ်သွားပေမယ့် ဘာမှလုပ်မရဘူး Error တက်သွားတယ် အဲ့ဒီပြဿနာက iOS 12 နဲ့အထက်ဖုန်းတွေမှာပဲတက်တယ် ပြီးရင် Android တွေမှာ အဲ့လိုပြဿနာ မရှိဘူး 😅။ Android တစ်လုံးကို Camera နဲ့ချိတ်ဖို့ဝယ်ထားရမလိုဖြစ်နေတာ။ iOS 12 ကတည်းကဖြစ်တဲ့ပြဿနာကို အခု iOS 15 တောင်ထွက်တော့မယ် ဘာမှဖြေရှင်းမပေးဘူး ဘာမှလုပ်မပေးတာတော့ သိပ်အဆင်ပြေမနေဘူး။ တကယ်က စပြီးအစမ်းထုတ်တာမျိုးကို ကိုင်မိတဲ့ ကိုယ့်အမှားလဲပါပါတယ် သူတို့ဖက်ကတော့ Fail သွားတဲ့ ထုတ်ကုန်တစ်ခုလိုမျိုးဘာမှ Support မပေးတော့ဘူးလို့ယူဆရတယ် 😅။







No comments:

Post a Comment