Skip to main content

Karen Logical Unicode Keyboards

Karen Logical Keyboard တွေပါ Windows XP ကနေ Windows 10 အထိသုံးလို့ရပါတယ် (Logical Keyboard ဖြစ်တဲ့အတွက် ဗျည်း၊ ဗျည်းတွဲးပြီးမှ သရရိုက်ရမှာပါ)
စကောကရင် ကီးဘုတ်  Download 
စကောကရင် ကီးဘုတ်  Download (ဒီကီးဘုတ်မှာက စကောကရင်လက်ကွက်ထဲမှာပဲ မျက်တောင်ဖွင့်၊ ပိတ် နဲ့ comma, full stop and slash တို့ကိုထည့်ပေးထားပါတယ်)

Sgaw Karen Keyboard Layout

ပိုးကရင်ကီးဘုတ် Download
ပိုးကရင်ကီးဘုတ် Download (ဒီကီးဘုတ်မှာက ပိုးကရင်လက်ကွက်ထဲမှာပဲ မျက်တောင်ဖွင့်၊ ပိတ် နဲ့ comma, full stop and slash တို့ကိုထည့်ပေးထားပါတယ်)

Pow Karen Keyboard Layout

အဆင်ပြေကြမယ်လို့ထင်ပါတယ် အဆင်မပြေတာရှိရင်လဲပြန်ပြောပေးကြပါဗျ ကျနော်အနေနဲ့က ကရင်စာမတတ်တော့ အဆင်ပြေမပြေမသိလို့ပါ။

Comments

  1. windows 10 မှာ auto ပါတဲ့ မြန်မာ‌ လက်ကွက် ကီးဘုတ်ကအဆင်ပြေပေမယ့် တိုင်းရင်းသား လက်ကွက် ကီးဘုတ်က အခွန်ပဲပါတယ် သုံးလို့ ရေးလို့မရဘူးဗျ၊ ဘာကြောင့်လဲသိလို့ရမလားဗျ။

    နောက်ပြီး ကရင် ယူနီကုတ် ကီးဘုတ်လက်ကွက်ဆိုပြီး အများကြီးတွေ့တယ်ဗျ၊ သို့သော် လက်ကွက် အထားအသို ကွာကြတယ်ဗျ။ ဘယ် ကရင်စာ လက်ကွက်က ယူနီကုတ် အမှန်လဲသိလို့ရမလားဗျ။

    နောက်ပြီး အကို တင်ထားတဲ့ karen logical keyboard မှာ (မျက်တောင်ဖွင့်/ပတ်၊ comma, full stop and slash) တို့ထည့်သွင်းပေးရင် အတော်အဆင်ပြေမယ်လို့ အကြံပြုချင်ပါတယ်။

    ကျေးဇူးပြု၍ ထိုမေးခွန်း ၃ ခုကို ဖြေပေးလို့ရမလားဗျ။
    ကျေးဇူးပါ။

    ReplyDelete
    Replies
    1. windows 10 မှာတိုင်းရင်းသားလက်ကွက်တွေက Microsoft ဖက်ကနေသေချာလုပ်မပေးသေးလို့ဗျ ထည့်တော့ပေးထားတယ်ဒါပေမယ့် နာမည်ပဲထည့်ပေးထားတာဖြစ်နေတာ။ ကရင်ယူနီကုဒ်ကီးဘုတ်လက်ကွက်ဆိုပြီး အများကြီးရှိနေတာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြပဲ လက်ကွက်အထားအသိုပဲ ကွဲတယ်ထင်ပါတယ် အကုန်ကတော့ယူနီကုဒ်ကီးဘုတ်ဖြစ်မှာပါ။ ကျနော်ကီးဘုတ်မှာတော့ပြင်တာကပြင်ပေးလို့ရတယ်ဗျ မျက်တောင်ဖွင့်ပိတ် ကအဆင်ပြေမယ် comma, full stop ကတော့ နည်းနည်းကြောင်နေမလားမသိဘူး။

      Delete
    2. update လုပ်ပေးထားတယ်ဗျ စမ်းကြည့်ပေးပါအုံး

      Delete
  2. ဘယ်လိုမှဖွင့်လို့မရဘူးဗျ

    ReplyDelete

Post a Comment

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...