Androids

Oppo ဖုန်းနှင့် Realme ဖုန်းများ စာအမှန်ဖြစ်တဲ့ဖောင့်

oppo mobile phone logo
https://www.mmunifonts.com/2019/10/oppo-ufont.html
Myanmar oppo, Myanmar Sans oppo, Myanmar Yein oppo, မြန်မာ ဖွန့် ကိုအသုံးပြုပါ
Oppo ဖုန်းနှင့် Realme ဖုန်းများ ColorOS 2.1 ကနေ ColorOS 6.1 အထက်အသုံးပြုနိုင်ပါသည်။
Phone, Facebook, messenger, မြန်မာစာအမှန်မပေါ်တဲ့ဖုန်းများ အောက်ပါအတိုင်း
“ေနေကာႜးလား, ေကာငႜးတယႜ။” မှားနေတာကို အမှန်ဖြစ်လာအောင်ဖြေရှင်းပေးပါသည်။
How To Apply in oppo & Realme
1. Setting / Languages and regions / Regions, Click Myanmar.
2. Display & Brightness / Support Dai Characters, Click ON.
-----------------
For oppo Old!
Attention!
1. Install Font App
2. After Installed Click done!
3. Click Change Font/ Font/and Choose your Font!
How To Apply in oppo & Realme
http://bit.ly/2IQHOpW

No comments:

Post a Comment

Androids

Vivo ဖုန်းတွေမှာ English Setting နဲ့ ယူနီကုဒ်သုံးမယ်

လောလောဆယ် Vivo (6.0, 8.1) နှစ်လုံးစမ်းပြီး အဆင်ပြေပါတယ်။
(လိုက်စမ်းတဲ့သူတွေပြောတာ Y51,Y53, Y85, V5Plus, V3, V1 တွေပါရတယ်တဲ့ဗျ )
Computer လိုပါတယ်။
1.ဖုန်းမှာ morelocale2 ကို install လုပ်ထားပါ
2. Settings > Developer option မှာ usb debugging on ထားပြီး ကွန်ပျူတာနဲ့ Connect လုပ်ထားပါ။ developer option မတွေ့သူများ about phone ထဲက build number (software version) ကို ၇ချက်လောက် ဆက်တိုက်နှိပ်ပါ
3. Computer မှာ KaungMyat.zip ကို Right click နှိပ်ပြီး Extract Here လုပ်ပါ။ run.bat ကို run ပါ။ ဖုန်းမှာ adb access တောင်းပါမယ် allow လုပ်ပါ။ သေချာချင်ရင် run.bat ပိတ်သွားရင် ထပ် run ပါ။
4. Morelocale2 ကိုဖွင့်ပါ။ Custom locale ကိုနှိပ်ပါ။ Language မှာ en ထားပါ။ Country မှာ MM ထားပြီး Set နှိပ်ပါ။ ဖုန်း Settings ထဲက Language မှာ English (Myanmar(Burma)) လို့ပေါ်နေပါလိမ့်မယ်။
5. zFont ကနေ ကြိုက်နှစ်သက်ရာ ဖောင့်ရွေးပြီး Set လုပ် unicode ကို English settings နဲ့ သုံးလို့ရပါပြီ
Gboard နဲ့တစ်ချို့ဖုန်းတွေမှာ မေမေ ရေးချင်ရင် ‌ေ ကိုနောက်မှရိုက်ရပါလိမ့်မယ်။ Bagan keyboard သုံးရင် အဆင်ပြေသွားပါလိမ့်မယ်။

zfont Download Here
morelocale2 Download Here
KaungMyat.zip Download Here

No comments:

Post a Comment

Androids

Vivo သမားတွေ Unicode ပြောင်းသုံးတဲ့အခါ စာရေးတာမမှန်ဖြစ်နေရင်

Unicode ပြောင်းသုံးတဲ့အခါမှာ Vivo သမားတွေ Messenger မှာစာရိုက်တဲ့အခါ သဝေထိုး ( ​ေ ) နဲ့ ရရစ် ( ြ ) အခက်အခဲရှိပါတယ်။
ဥပမာ- Messenger မေမေ လို့ ရိုက်လိုက်ရင် ( မ​ေ မ​ေ ) လို့ ပြောင်းပြန်ပေါ်ပါတယ် ကကြီးရရစ် ကြ လို့ရေးလိုက်ရင် ( ြက ) ရရစ်အရင်ကကြီးကနောက်ကပေါ်ပါတယ် Group တွေမှာ အဲ့ပြဿနာကိုပိုစ့်တင်မေးလိုက်တဲ့အခါမှာ အဖြေရခဲ့ပါပြီ Vivo သမားများအဆင်ပြေကြပါစေ။ Vivo ဖုန်းမှာ Theme ကို freshness လို့ရိုက်ရှာပြီး Down လိုက်တာ Messenger မှာ သဝေထိုး ရော ရရစ်ပါ သင်ပုန်းကြီးအတိုင်းရေးလို့ရသွားပါပြီ Vivo သမားများ Theme ရဲ့ search မှာ freshness လို့ရိုက်ပြီး down ကြပါလို့အကြံပြုပါရစေ။

No comments:

Post a Comment

Androids

MUA Font Changer for Huawei android 4.2 to 6.0

Huawei အနိမ့်တွေမှာ ယူနီကုဒ်သွင်းရတာခက်နေတဲ့သူတွေအတွက်ပါ  အောက်မှာရေးထားတဲ့ ဖုန်းတွေမှတော့ သေချာပေါက်ရတယ်ပြောပါတယ် အဓိကကတော့ Android 4.2 နဲ့ Android 6.0 ကြားက Huawei ဖုန်းတွေအတွက်ပါ (Samsung တွေလဲရတယ်လို့တော့ပြောတယ် မသေချာ) root လိုပါတယ်။
အခန့်မသင့်ရင် boot မှာတင်ရပ်နေတာတွေဖြစ်နိုင်ပါတယ် ကျွမ်းကျင်မှု့မရှိပဲ မစမ်းစေချင်ပါဘူး 
Huawei Y511, G610-C00, G610-U00, G700, G730-C00, G730-U00, G620-L75, G630, H30-U00, H30-U10, H30-U30, H30-C00, Hol-U10, Y600, Y600D-C00, Y535D-C00, Y535, C8816, C8816D

G730 U00 နဲ့ Honor အတွက်အောက်ဆုံးမှာသပ်သပ်ပါပါတယ် အဲ့ဒါနဲ့ပဲထည့်ပါ အဆင်မပြေဖြစ်နိုင်တဲ့အတွက် backup ကြိုလုပ်ထားဖို့အကြံပြုလိုပါတယ်။

Download Here (Google Drive)

Download Here (Onedrive)

No comments:

Post a Comment

Androids

Honor 4X Ram 2GB သမားတွေအတွက် Theme ဖောင့်၊ မြန်မာ local နဲ့ Gboard သုံးလို့ရအောင်လုပ်နည်း

အရင်ဆုံး Updater ကနေ ဗားရှင်းမြှင့်ရပါမယ်။ 6.0 Marshmallow ရောက်ရင် theme store ကနေ ကိုယ်ကြိုက်တဲ့ theme တစ်ခုခု ဒေါင်းပါ။ Internal memory ထဲက HWThemes ဆိုတဲ့ဖိုဒါထဲမှာ .hwt နဲ့ဆုံးတဲ့ theme file လေးကိုတွေ့ပါလိမ့်မယ်။ အဲဒါကို cut လုပ်ပြီး memory card ထဲ ရွှေ့ပါ။ ဟုတ်ပြီ။ အဲဒါကို rename လုပ်ပြီးတော့ .hwt ကို .zip ပြောင်းပြီး ဖြည်ထုတ်လိုက်ပါ။ နာမည်တူဖိုဒါ အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ ဟို .zip နဲ့ဟာကို delete လုပ်ပစ်လိုက်တော့။ အထဲကိုဝင်လိုက်ပြီးတော့ fonts ဆိုပြီး ဖိုင်တစ်ခုဆောက်လိုက်ပါ။ ပြီးရင် ကိုယ်အသုံးပြုလိုတဲ့ စံစနစ်သုံးဖောင့်တစ်ခုခုကို အဲဒီဖိုဒါထဲ ကူးထည့်လိုက်ပါ။ ပြီးရင် DroidSansChinese.ttf ဆိုပြီးတော့ နာမည်ပြောင်းပေးလိုက်ပါ။ ပြီးရင် back key တစ်ချက်နှိပ်ပြီးတော့ ပြန်ထွက်လိုက်ပါ။ အဲဒီဖိုဒါအောက်က
ဟာအားလုံးကို select မှတ်ပြီး compress လုပ်လိုက်ပါ။ zip ဖိုင်တစ်ခုထွက်လာပါလိမ့်မယ်။ အဲဒီ .zip ကို .hwt ပြန်ပြောင်းလိုက်။ ပြီးရင် internal memory ထဲက HWThemes ဖိုဒါထဲကိုပဲဖြစ်ဖြစ်၊ အပြင်ဖက်မှတ်ဉာဏ်ကဒ်ထဲမှာ HWThemes ဆိုပြီးတော့ နာမည်တူဖိုဒါဆောက်ထားတာထဲကိုပဲဖြစ်ဖြစ် ပြောင်းထည့်လိုက်ပါ။ ပြီးရင် setting ထဲက display>>font style ထဲမှာ စံစနစ်သုံးဖောင့်စတိုင်ကို ရွေးပေးလိုက်ရင်ရပါပြီ။ မလုပ်တတ်တဲ့သူတွေအတွက် နမူနာအနေနဲ့ Windows စနစ်သုံးမြန်မာဖောင့်မြှုပ်ထားတဲ့ theme ကို upload တင်ထားပေးပါတယ်။
ပြီးရင် မြန်မာ local မရတာကို MoreLangs ထည့်ပြီးမြန်မာစာပေါ်အောင်လုပ်ပါမယ်။ USB debug on ထားပါ။ ADB ရှိတဲ့ဆရာသမားတွေကတော့ apk လေး install လုပ်ပြီးရင် ဒီ command လေး run ပေးလိုက်ပါ။
adb devices
adb shell pm grant sightidea.com.setlocale android.permission.CHANGE_CONFIGURATION
Permission တောင်းရင် ခွင့်ပြုပေးလိုက်ပါ။ ပြီးရင် language search ထဲမှာ မြန်မာကို ရွေးပေးလိုက်ရုံပါပဲ။ ဇော်ဂျီရော၊ စံစနစ်ရော နှစ်ခုစလုံးပါပါတယ်။ ဒီအဆင့်အထိပြီးသွားရင် ဘာသာစကားမှာ စံစနစ်သုံးမြန်မာစာကို ရွေးပေးလိုက်ရုံနဲ့ Gboard မှာ မြန်မာလက်ကွက်ကိုအသုံးပြုနိုင်ပါပြီ။ ADB မရှိတဲ့သူတွေကတော့ အောက်ကိုဆက်သွားပါမယ်။
All in One Tools Download
အပေါ်ကလင့်က all in one tool ပါ။ ဘယ်ဗားရှင်းမဆို သုံးလို့ရပါတယ်။ Model no. Che2UL00 ဖြစ်ဖို့ပဲလိုပါတယ်။ လိုအပ်တာတွေအကုန်လုံး စုပြီးထည့်ပေးထားပါတယ်။ ပြီးရင်တော့ bat file လေးကို ဖွင့်ပြီး ကိုယ်လိုအပ်တာတွေ လုပ်ရုံပါပဲ။ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကတော့ -
  • Bootloader Unlock
  • Recovery installer for all version
  • Downgrade from 6.5 to 5.11
  • Myanmar Language enabler
  • Clash of clan zawgyi font installing
ကိုယ်သုံးမယ့်နံပါတ်လေးကို ရွေးပေးလိုက်ရုံပါပဲ။ ဗားရှင်းအလိုက်တော့ မှန်ပါစေ။
ကဲ နောက်တစ်နည်းကတော့ MoreLangs apk မလိုဘဲ flashable zip ကို recovery ကနေ လှမ်းထည့်တာပါ။ အပေါ်က all in one tool kit ကို ဒေါင်းလုဒ်ဆွဲထားပါ။ Bootloader unlock လုပ်ပြီး TWRP တင်ထားပါ။ Tool kit ထဲမှာ အကုန်ပါပါတယ်။ ပြီးရင် ဒီ zip file လေးကို ထပ်ဒေါင်းလိုက်ပါ။
TWRP ကနေပြီးတော့ လှမ်း flash လိုက်ရင် စံစနစ်ရော၊ စံစနစ်မဟုတ်တာပါ ဖုန်းမှာမြန်မာဘာသာနဲ့ သုံးနိုင်ပါပြီ။ ဒါပေမယ့် မူရင်း browser က Google Search မှာ မြန်မာစာ အောက်ကလိအာတွေ ဖြစ်နေပါလိမ့်မယ်။ ဒါအတွက်ဖြေရှင်းနည်းကတော့ TWRP ကနေပြီးတော့ /system/fonts ထဲက SmartZawgyi ကို စံစနစ်သုံးဖောင့်တစ်ခုခုနဲ့ နာမည်တူပေးပြီး အစားထိုးလိုက်တာပါပဲ။ ပြီးရင်တော့ Google Search နဲ့ Google Map တို့ကို မြန်မာစာအဆင်ပြေပြေနဲ့ သုံးနိုင်ပါလိမ့်မယ်။ zip file နဲ့ flash လုပ်ပြီးထည့်ထားတဲ့သူတွေအတွက်တော့ ဇော်ဂျီပြန်ပြောင်းရင် စာမမှန်ဖြစ်သွားလိမ့်မယ်။ တစ်ခုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရပါလိမ့်မယ်။ အားလုံးအဆင်ပြေပါစေ။

[Credit to Bro Kyaw Ko Ko from Huawei Error Solution Helper (Helper) for Tool and Flashable zip.]



1 comment:

Post a Comment

Apple

Mac OS Catalina မှာ မြန်မာယူနီကုဒ် ပြန်ဖွင့်နည်း

MacOS Catalina
Mac OS Catalina မှာ မြန်မာယူနီကုဒ်ပါပေမယ့် သူတို့ဖက်ကမှားတာလား တမင်လုပ်လိုက်တာလားတော့မသိဘူး ဇော်ဂျီက default ဖြစ်နေပါလိမ့်မယ် အဲ့လိုဖြစ်နေလို့ ယူနီကုဒ်ကိုပြောင်းချင်ရင်တော့ system preference ကနေ language and region ကိုဝင်ပြီး Burmese မှာ Standard (Recommended) လို့ ဝင်ပြင်ပေးလိုက်ရင်ရပါပြီ နမူနာပုံလဲပြပေးထားပါတယ် ကြည့်ကြည့်ပါ
MacOS Catalina Language and Region Control windows
ပုံ ၁

MacOS Catalina Language and region
ပုံ ၂
ဒါအပြင်မြန်မာကီးဘုတ်လက်ကွက်လဲပါလာပါပြီ ပုံစံကတော့ မြန်မာ၃ လက်ကွက်နဲ့အတူတူပါပဲ ရိုက်နည်းကတော့ windows မှာလိုပဲ သဝေထိုးကနောက်မှရိုက်ရပါတယ် 
MacOS Catalina Myanmar Keyboard
ပုံ ၃


No comments:

Post a Comment

Androids

Meizu Myanmar Unicode Font Changer

အခု App ကိုအသုံးပြုဖို့အတွက် ဖုန်းမှာ Root Access လိုပါမယ်။ Root ရှိရင် Unicode ပြောင်းတာ၊ Zawgyi ပြန်ပြောင်းတာကို One Click နဲ့လုပ်လို့ရပါမယ်။ အခု App ကိုသုံးလို့ Logo လည်မှာတွေမပူရဘူး။ စိတ်ချလက်ချ ကြိုက်သလောက်သုံးလို့ရပါတယ်။
အဓိကကတော့ Meizu ဖုန်းတွေအတွက် ထုတ်တာပါ။ သို့ပေမယ့် အခြားဖုန်းတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။
မနေ့က post အဟောင်းကို Share ပေးကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။

Download Here

Download Here (One Drive)

Credit နေရှိန်းဦး (မိုးကုတ်)


No comments:

Post a Comment