Apple

iOS 8 နဲ့နောက်ဆုံး version တွေမှာ ယူနီကုဒ်ဖောင့်သွင်းနည်း

iOS 8 နဲ့နောက်ပိုင်း iOS version တွေမှာ ယူနီကုဒ်သွင်းဖို့ သုံးဖို့က အတော်ကိုလွယ်သွားပါပြီ apple store ကနေ MyFont app ကို Download လုပ်ပြီး app ထဲက ယူနီကုဒ်ဖောင့် တခုခုကို install လုပ်ပြီးရင်ရပါပြီ

သတိပြုစရာကတော့ ဇော်ဂျီသွင်းထားမိရင်ဖျက်ဖို့လိုအပ်ပါတယ် Setting > General > Profile အောက်မှာသွင်းထာတဲ့ Font Profile ကဝင်သွားမှာပါ

iOS 10 ကနေစပြီးတော့ မြန်မာစာစပါလာပါပြီ Font Profile သွင်းစရာမလိုတော့ပါဘူး ပါလာတဲ့ မြန်မာဖောင့်ဟာ ချို့ယွင်းချက်အနည်းငယ်တော့ရှိပါသေးတယ် ( ယောက်ျား၊ အင်္ဂလိပ် ) တို့လိုစာလုံးတွေကိုရေးရင် အမှားပြနေတဲ့ပြဿနာပါ  မကြာခင်တော့ ဖြေရှင်းပေးမယ်လို့ မျှော်လင့်ရမိပါတယ် 
Update ** iOS 12 မှာအဆင်ပြေသွားပါပြီ တိုင်းရင်သား အက္ခရာတွေတော့မပါသေးပါဘူး
Update **iOS 13 မှာ တိုင်းရင်းသား အက္ခရာတွေပါတဲ့ Font ကိုပြောင်းသုံးလိုက်ပြီဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအတွက်လဲအဆင်ပြေသွားပါပြီ


No comments:

Post a Comment

Unicode

Unicode နဲ့စာရေးတာခက်သလား

မရေးတတ်ခင်ကတော့ ခက်တယ်လို့ခံစားရပါတယ် အရင်ကရိုက်ခဲ့သလိုမှ မဟုတ်တာကို
သူ့ရဲ့စာရိုက်စနစ်ကရှင်းပါတယ်.....
windows, linux, mac စတဲ့စနစ်တွေမှာပါတဲ့ Keyboard စနစ်က Logical order နည်းပါ သူတို့မှာရိုက်ရင်
ဗျည်း၊ ဗျည်းတွဲး၊ သရ ဆိုတဲ့ အစီအစဉ်နဲ့ရိုက်ရပါတယ်
ဥပမာ 'နေကောင်းလား' ဆိုတဲ့စာစုကိုရိုက်ချင်တယ်ဆိုရင် န+ေ+က+ေ+ာ+င+်+လ+ာ+း 
ဆိုတဲ့ အစီအစဉ်နဲ့ရိုက်ရမှာဖြစ်ပါတယ်
အက္ခရာဆင့်တွေ ရိုက်ချင်ရင် ဝိယာမလို့ခေါ်တဲ့ [ ္ ] (Shift f နေရာမှာရှိတဲ့) ကီးလေးနဲ့ရေးရပါတယ် သူ့ရဲ့သဘောကတော့ အသတ်နဲ့သဘေားတရားချင်းဆင်ပါတယ်

တက္ကသိုလ်= တ+က+္+က+သို+လ်

လို့ရေးရင်ရပါပြီ.....
ဝိယာမက အက္ခရာဆင့်တွေတင်မကပါဘူး ကင်းစီးရေးရင်လဲသုံးပါတယ်

တနင်္လာ = တ+န+င်+္+လာ

Smart Keyboard တွေနဲ့ရိုက်တာကတော့ပိုလွယ်ပါတယ် မှတ်ထားစရာသိပ်မရှိပါဘူး သဝေထိုးလည်းရှေ့ကရေးလို့ရပါတယ် ငယ်ငယ်ကရေးလာတဲ့ သင်ပုန်းကြီးအတိုင်းပဲရေးရင်ရပါပြီ

No comments:

Post a Comment