Apple
Apple Devices, Music, TV For Windows
Apple က itune အစားထိုး App တွေကို Mac မှာပေးနေတာကြာနေပြီပါပြီ။ Windows မှာတော့ itune ကိုပဲသုံးခိုင်းထားတာကနေ Apple Devices, Music, TV ဆိုပြီး သပ်သပ် App တွေခွဲထုတ်ပေးလိုက်ပြီးသုံးလို့လဲရနေပါပြီ။ အရင်က Public Beta မှာစမ်းသုံးကြည့်ဖူးပေမယ် အဆင်မပြေတာနဲ့ itune ကိုပဲပြန်သုံးဖြစ်နေတာ အခုမှသတိရလို့ပြန်သုံးကြည့်တော့ အတော်လေးအဆင်ပြေတယ်ပြောရမယ် App ၂ ခုဖြစ်သွားပေမယ် UI ကပိုရှင်းသွားတယ်။အကုန်မဖြစ်မနေသွင်းစရာမလိုပါဘူး တစ်ခုချင်းစီသီးသန့်သွင်းလို့ရတယ်။ iPhone နဲ့ ကွန်ပျူတာကို Sync လုပ်ဖို့ File တွေထည့်ဖို့လိုရင်တော့ Apple Devices သွင်းထားမှရမယ်။ Music ပဲသွင်းထားရင် သီချင်းနားထောင်လို့တော့ရမယ် ကွန်ပျူတာထဲက သီချင်းတွေကို ဖုန်းထဲကူးထည့်လို့ရမှာမဟုတ်ဖူး TV လဲ အတူတူပဲ။ သတိထားရမှာက ဒီ App တွေထဲက တစ်ခုခုကိုသွင်းလိုက်တာနဲ့ itune ကအလုပ်မလုပ်တော့ပါဘူး။

No comments:
Post a Comment