Androids

ReadmiPad SE မှာ Barmaso Universal Pen သုံးကြည့်ခြင်း

တလောက Redmi Pad SE 11" လေးဝယ်လိုက်တယ်။ ဝယ်ပြီးမှ Pen သုံးရတာအဆင်မပြေဘူးတို့ Pen မရဘူးတို့ကို တွေ့ရေား😅 Group ပေါင်းစုံမှာ လိုက်ရှာကြည့်ပြီးမှ third party pen တွေပဲ သုံးလို့ရတယ်ဆိုတာ တွေ့ပြီး Barmaso Pen ကို အများစုက ညွှန်းကြတာတွေ့တာနဲ့ ဝယ်ပြီး စမ်းကြည့်တာ မဆိုးတော့မဆိုးပါဘူး။ Original Accessory မဟုတ်လို့မရတဲ့ Feature တွေရှိပေမဲ့ သုံးရတာအဆင်ပြေပါတယ်။ Handwriting ရေးရတာလဲအဆင်ပြေတယ် အခု Post ကိုတောင် Gboard Handwriting မှာ Barmaso Pen သုံးပြီးရေးထားတာ။ မကောင်းတာကတော့ Hand off မပါတော့ Screen ပေါ်မှာ လက်တင်ပြီး စာရေးတာ ပုံဆွဲတာ လုပ်မရဘူး။ အခုလောလောဆယ်သုံးနေတာကတော့ အဆင်ပြေတယ်ပြောရမယ်။ SE Series ဆိုတော့လဲ Ped/Ped Pro တို့လောက်တော့ သုံးရတာ အဆင်မပြေဘူးဆိုပေမဲ့ သာမန်သုံးတာတော့ အဆင်ပြေပါတယ်။

No comments:

Post a Comment

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေမယ့် တစ်ချို့ဖုန်းတွေမှာကတော့ Google Photo တစ်မျိုးပဲရပါတယ်။ ပြဿနာတော့ မရှိပါဘူး ကိုယ် Text ပြောင်းချင်တဲ့ဟာကို ဓာတ်ပုံရိုက်ပြီး Google Photo ထဲကနေဖွင့်ပြီး စာသားတွေကို ကူးယူလိုက်လို့ရပါတယ် မြန်မာစာလဲရပါတယ်။ ကိုယ်ပြောင်းတဲ့စာတွေက ပုံနှိပ်စာလုံးဖြစ်နေရင် ရာနှုန်းပြည့်နီးပါမှန်အောင် Text ပြောင်းပေးနိုင်ပါတယ် ဒါပေမယ့် လက်ရေးစာလုံးဖြစ်နေရင်တော့ အင်္ဂလိပ်စာလုံးတွေကိုတောင် တစ်ခါတစ်လေ ပြောင်းဖို့ခက်တာတွေ့ရပါတယ်။ iOS ပေါ်မှာကတော့ Google Photo သုံးလို့ရသလို သူ့ရဲ့ built-in camera မှာပါလာတဲ့ Live Text feature နဲ့လဲပြောင်းလို့ရပါတယ် မြန်မာစာတော့ မရသေးပါဘူး။ iOS 15 or iPadOS 15 နဲ့အထက် A12 Bionic chip အနဲးဆုံးသုံးထားတဲ့ ဖုန်းတွေမှာသုံးလို့ရပါတယ် Mac တွေမှာကတော့ M1 Chip အနည်းဆုံးပါရင်သုံးလို့ပါတယ်။ Google နဲ့ မတူတာကတော့ သူကလက်ရေးတွေကိုလဲ ၉၆% လောက်အထိမှန်အောင် Text ပြောင်းပေးနိုင်ပါတယ်။ အားနည်းချက်ကတော့ Google လောက်ထောက်ပံ့တဲ့ ဘာသာစကားနည်းတာရယ် i Devices တွေမှာပဲသုံးလို့ရတာပါပဲ 😅။ ခင်များတို့ရော ဘယ် OCR သုံးဖူးကြလဲ ဘယ်ဟာကိုပိုကြိုက်လဲ။


No comments:

Post a Comment

EPUB File တွေ Windows ပေါ်မှာ လုပ်ကြည့်ခြင်း

ဒီရက်ပိုင်း စာအုပ်တွေကို EPUB လုပ်ဖို့တွေးပြီး အရင် Laptop အဟောင်းလေးကို Hackintosh လုပ်ဖို့ ကြိုးစားလိုက်သေးတယ်။ အရင်ကရပေမယ့် အခုကြတော့ Boot တောင် Mac ဖက်မှာ တက်မလာဘူး ဘာဖြစ်မှန်းလဲမသိ။ Mac ကသုံးချင်လွန်းတယ်ရယ်တော့ မဟုတ်ပေမယ့်  သူ့ရဲ့ Page ကနေဆိုရင် Export EPUB ဆိုပြီး တစ်ခါတည်းတန်းထွက်သွားတာဆိုတော့ လွယ်လို့ ရိုက်ပြီးသားစာအုပ်လေးတွေကို တစ်ခါတည်း တန်းပြောင်းလိုက်လို့ရတယ်။
Windows ပေါ်မှာလဲ EPUB လုပ်တဲ့ကောင်တွေရှိပေမယ့် အရင်ကသေချာမလုပ်ကြည့်ပဲ ခက်တယ်ပဲထင်နေတာ အခုမှ Sigil ကိုသုံးကြည့်ပြီး လွယ်လဲလွယ်ပြီး အတော်လေး အဆင်ပြေတာကို သိရတော့တယ် Mac မှာလို့မျိုးတော့ export to EPUB တော့ မရဘူးပေါ့ 😅။ HTML format နဲ့ရေးပြီး လိုက်ထည့်ပေးရုံပဲဆိုတော့ အရမ်းကြီး မဆိုးဘူးပြောရမှာပဲ။
လုပ်နေရင်းနဲ့ Python သုံးပြီး text file ကနေ HTML format ကိုပြောင်းတဲ့ Script, ms doc file ကနေ HTML format ကိုပြောင်းတဲ့ Script တွေပါသုံးတတ်သွားတယ်။ စာနည်းရင် မသိသာပေမယ့် စာများရင် text file ကို HTML format ထဲကိုလိုက်ထည့်ရတာ အတော်လေးလက်ဝင်တယ်။ Script သုံးပြီးပြောင်းလိုက်ရင် တစ်ခါတည်း အကုန်ပြီးအစီးပဲ ကူးထည့်လိုရင်ရပြီ။

No comments:

Post a Comment

Apple

iOS 18 က iPhone 15 မှာ ဘာတွေထူသွားလဲ


iOS 18 Official ကတော့ မနေ့ည ၁၁ နာရီခွဲမှာပဲ တရားဝင်စထွက်လာပြီဖြစ်ပါတယ်။ Apple AI ဘာညာသရကာကတော့ ကျနော်ဖုန်းမှာမရလို စမ်းလို့လဲမရဘူး iOS 18.1 ရောက်မှပါမယ်လို့ပြောတယ် အဲ့တော့ အခု Update မှာ ဘယ်သူမှမရသေးဘူးပေါ့ 😅။ 






ပြောင်းသွားတဲ့အထဲမှာ App Icon Color တွေကိုချိန်လို့ရသွားတာက အစက အတော်မိုက်သလိုလိုနဲ့ တကယ်သုံးကြည့်တော့ ကျနော်ကတော့သိပ်မကြိုက်လှဘူး။ မြင်နေကြမဟုတ်တာကြောင့်လားတော့မသိဘူး အောက်ကပုံမှာဆိုရင် ကျနော် Dark Mode ထားလိုက်ချိန်မှာ အဲ့လိုဖြစ်သွားတာပဲ။


နောက်တစ်ခုကြိုက်မိတာက Android မှာတော့ ရတာကြာနေလို့ ဘယ်တုန်းကရနေမှန်းတောင်မမှတ်မိလောက်တော့တဲ့ Feature တစ်ခုပေါ့ ဖုန်းကိုနံပတ်ရိုက်လိုက်တာနဲ့ Contact မှာရှိမရှိပြပေးတာ။


ပြီးတော့ Control Center အသစ်လေးပေါ့ အဲ့ကောင်လဲမဆိုးဘူးပြောရမယ်။ အရမ်းစမ်းကြည့်ချင်နေတဲ့ RCS Message ကတော့ မြန်မာမှာအဲ့ Services မရလို့ မရဘူးတဲ့ 😅 ကြေကွဲရတယ်။ Android တွေမှာ Android Default Message (Google Message) ထည့်ထားရင်ရတယ်။ Note နဲ့ Calculator မှာ လက်ရေးနဲ့ရေးထားတာတွေကိုတွက်ပေးနိုင်သွားတယ် အဲ့ဒါလဲမိုက်တယ်။ 
နောက်တစ်ခုက Password Manager ပါလာတယ် မဆိုးတော့မဆိုးဘူး မကောင်းတာက Password Generate လုပ်လို့မရတာတော့ ဆိုးတယ်။ Verification Code ထုတ်လို့ရတာလေးတော့ အတော်လေးမိုက်တယ်။

မမိုက်တာကတော့ အခုချိန်အထိ မြန်မာစာကီးဘုတ်မှာရှိနေတဲ့ Error ကို Fix လုပ်မပေးသေးတာပါပဲ။ တနင်္လာ၊ အင်္ဂါလိုစာလုံးတွေရေးရင် (တင်္နလာ၊ င်္အဂါ) အဲ့လိုတွေဖြစ်တုန်းပါပဲ။ အတော်လဲစိတ်လေစရာကောင်းပါတယ်။

လောလောဆယ်တော့ ဒါတွေလောက်ပဲသတိထားမိသေးတယ် နောက်သတိထားမိပြီး ကြိုက်မိတာလေးတွေရှိရင် Update ထပ်လုပ်ပေးပါမယ်။


No comments:

Post a Comment

Apple

Apple Devices, Music, TV For Windows

 Apple က itune အစားထိုး App တွေကို Mac မှာပေးနေတာကြာနေပြီပါပြီ။ Windows မှာတော့ itune ကိုပဲသုံးခိုင်းထားတာကနေ Apple Devices, Music, TV ဆိုပြီး သပ်သပ် App တွေခွဲထုတ်ပေးလိုက်ပြီးသုံးလို့လဲရနေပါပြီ။ အရင်က Public Beta မှာစမ်းသုံးကြည့်ဖူးပေမယ် အဆင်မပြေတာနဲ့ itune ကိုပဲပြန်သုံးဖြစ်နေတာ အခုမှသတိရလို့ပြန်သုံးကြည့်တော့ အတော်လေးအဆင်ပြေတယ်ပြောရမယ် App ၂ ခုဖြစ်သွားပေမယ် UI ကပိုရှင်းသွားတယ်။အကုန်မဖြစ်မနေသွင်းစရာမလိုပါဘူး တစ်ခုချင်းစီသီးသန့်သွင်းလို့ရတယ်။ iPhone နဲ့ ကွန်ပျူတာကို Sync လုပ်ဖို့ File တွေထည့်ဖို့လိုရင်တော့  Apple Devices သွင်းထားမှရမယ်။ Music ပဲသွင်းထားရင် သီချင်းနားထောင်လို့တော့ရမယ် ကွန်ပျူတာထဲက သီချင်းတွေကို ဖုန်းထဲကူးထည့်လို့ရမှာမဟုတ်ဖူး TV လဲ အတူတူပဲ။ သတိထားရမှာက ဒီ App တွေထဲက တစ်ခုခုကိုသွင်းလိုက်တာနဲ့ itune ကအလုပ်မလုပ်တော့ပါဘူး။


No comments:

Post a Comment

Apple

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။ 
ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

No comments:

Post a Comment