News

Windows Computer Browser မှာ မြန်မာစာတွေမမှန်တော့ရင်

ဒီရက်ပိုင်းမှာ ပြန်တွေ့နေရတာ အများစုကတော့ Windows သုံးတဲ့သူတွေတစ်ချို့မှာ Browser တွေမှာ မြန်မာစာတွေမမှန်ဖြစ်သွားပြီး ဘာမှလုပ်မရဖြစ်ကုန်ပါတယ်။ အကြောင်းအရင်းကတော့ အရင်ကလဲ တချို့ဖြစ်ဖူးပါတယ် ဇော်ဂျီဖောင့်ကို Installer တစ်ခုခု သုံးပြီး သွင်းမိခဲ့တာကြောင့်ပါပဲ။ ဖြေရှင်းနည်းကတော့ Windows System Font တွေကို ဇော်ဂျီမသွင်းဖူးတဲ့စက်ကနေကူး မမှန်တဲ့စက်ထဲကို Overwrite လုပ်ပြီး စက်ကို Restart လိုက်ရင် အဆင်ပြေသွားမှာပါ။ System Font တွေကို တစ်ခြားက ကူးလို့အဆင်မပြေရင်တော့ ဒီက နေ Download လုပ်လို့ရပါတယ်။ Download လုပ်လို့ရလာတာကို Extract လုပ်ပြီး Windows Font Folder အောက်ကိုကူးထည့်လိုက်ပါ ရှိပြီးသားတွေကို Overwrite လုပ်မှာလားမေးပါလိမ့်မယ် Overwrite လုပ်လိုက်ပါ။ ပြီးရင် စက်ကို Restart လုပ်လိုက်တာနဲ့ အဆင်ပြေသွားပါလိမ့်မယ်။


No comments:

Post a Comment