Google

Google Authenticator Update

Google Authenticator ကို Google ကနေ Update တစ်ခုထပ်ပေးလိုက်ပါပြီ။ ဘာကို Update ပေးလိုက်တာလဲဆိုတော့ Cloud Sync ပါ။ ကိုယ် Account ဝင်ထားတဲ့ Devices တွေအကုန်မှာ Sync ဖြစ်ပြီး အရင်လို Device တစ်ခုမှာပဲသုံးလို့ရတယ်ဆိုပြီး မဖြစ်တော့ပါဘူး အတော်လေးအဆင်ပြေသွားတယ်ပြောရမယ်။ တစ်ခုသတိထားဖို့ကတော့ ကိုယ့်အကောင့်ကိုလုံခြုံအောင်ပိုပြီးလုပ်ထားသင့်တော့တာပါပဲ။ မဟုတ်ရင်  Google Authenticator နဲ့ 2 Step ခံထားရင်တောင်  Google Authenticator ဖွင့်ထားတဲ့ အကောင့်ပါသွားရင် အကုန်ပါသွားနိုင်လို့ပါပဲ။



No comments:

Post a Comment

Apple

Apple Music, Apple TV, Apple Devices on Windows

Apple Music, Apple TV, Apple Devices အဲ့ဒီ App တွေကို Windows Store မှာရနေပါပြီ ဘယ်တုန်းကရနေတာလဲတော့ မသိပါဘူး။ ကျနော်လဲ ဒီနေ့မှ iTune update လုပ်ဖို့ Windows Store ထဲဝင်ရင်းနဲ့မှတွေ့လို့ သိတာပါ။ဘာထူးလဲဆိုတော့ Windows မှာလဲ Mac လိုဖြစ်သွားတယ်ပြောရမှာပါပဲ။ အခုလက်ရှိစမ်းသုံးကြည့်နေတာတော့ မဆိုးလှပါဘူး။ မကောင်းတာကတော့ iTune တစ်ခုတည်းနဲ့ပြီးတဲ့နေရမှာ Apple Music and Apple Devices ဆိုပြီး ၂ ခုဖြစ်သွားတယ်။ ကောင်းတာကတော့ Apple TV ဝယ်သုံးနေတဲ့သူတွေဆိုရင်တော့ Windows မှာပါ Apple TV ရသွားတော့ တန်တယ်ပြောရမလားပဲ။ တစ်ခုရှိတာက Device Data တွေ Backup လုပ်ချင်တယ်ဆိုရင် Apple Devices ကိုမဖြစ်မနေသွင်းမှရမှာပါ။ လောလောဆယ် သုံးကြည့်ရသလောက်ကတော့ ဒီလောက်ပဲကျနော်လဲသိပါသေးတယ်။ တစ်ခုခုထူးပြီး သိခဲ့ရင် Update လုပ်ပေးပါ့မယ်။
System Requirement အနေနဲ့ကတော့ Windows 11 Version 22621.0 or Higher (64bit) နဲ့ DirectX: Version 11 အနည်းဆုံးလိုအပ်ပါတယ်။

No comments:

Post a Comment