Google

Google Photo Web Version မှာ Text From Image ရလာ

Google Photo Web Version မှာ Text From Image Feature ရလာပါပြီ။ မနေ့ကစပြီး ရတယ်လို့ထင်တာပါပဲ ဘာလို့လဲဆိုတော့ Screen Shoot Photo တွေအများကြီးကိုမှ မနေ့က Upload လုပ်ထားတဲ့ပုံကနေပဲ စပြီးရလိုပါ 😅။ ကျန်တာတွေတော့မရသေးပါဘူး ဘာပဲဖြစ်ဖြစ် ကွန်ပျူတာမှာပါ Text From Image သုံးလို့ရသလိုဖြစ်သွားတဲ့အတွက် အတော်လေး အဆင်ပြေတယ်လို့ပြောရမှာပါပဲ။


No comments:

Post a Comment

Windows မှာ StartUpCheckLibrary.dll missing! ဆိုတဲ့ Error Windows ဖြေရှင်းနည်း

Windows 11 တင်ပြီး နည်းနည်းကြလာတော့ ပြဿနာတစ်ခုတက်လာတယ် ဘာလဲဆိုတော့ စက်ဖွင့်လိုက်တာနဲ့ StartUpCheckLibrary.dll missing! ဆိုတဲ့ error windows လေးပွင့်နေတာပဲ ဘာလုပ်ရမှန်းမသိဘူး ပိတ်လိုက်ရင်လဲဘာမှမဖြစ်ဖူးရနေတယ်။ အင်တာနက်ချိတ်ထားချိန်ပဲ အဲ့လိုဖြစ်နေတာ အင်တာနက်မချိတ်ထားချိန်ဆို အဲ့ဒီ error ကမပြပြန်ဘူး။ အခု error က Windows 10 မှာလဲတစ်ခါဖြစ်ဖူးတယ် ဘာလုပ်ရမှန်းမသိလို့ Windows ပြန်တင်လိုက်တယ် 😅။ အများစုကတော့မဖြစ်ဖူးနဲ့တူတယ် ကိုယ့်မှာလာဖြစ်နေတာတော့ နည်းနည်းထူးတယ်ပြောရမလားပဲ။ လိုက်ရှာကြည့်တော့ Microsoft Community မှာဖြေပေးထားတာတွေ့လို့ (ဒီမှာ ဝင်ဖတ်ကြည့်ပါ)  လိုက်လုပ်ကြည့်လိုက်တာမှာ အဆင်ပြေသွားတယ်။ တကယ်ကဘာမှမခက်လှဘူး သူပေးထားတဲ့ software လေး run ပြီး ခိုင်းတာလေးလုပ်လိုက်ရင်ရပြီ။ 

ပထမဆုံး Software ကို ဒီကနေ ဒေါင်းပါ https://live.sysinternals.com/Autoruns.exe

  1. ဒေါင်းပြီးရင် Autoruns.exe ကို Administrator အနေနဲ့ ဖွင့်လိုက်ပါ ( Right Click > Run as administrator)
  2. Quick Filter ကနေပြီး startupcheck ဆိုတဲ့ စာလုံးကိုရိုက်ပြီးရှာလိုက်ပါ
  3. ပြီးရင် Scheduler Task အောက်ကိုသွားလိုက်ပြီး \Microsoft\Windows\Application Experience\StartupCheckLibrary ဆိုတဲ့ဟာကိုရှာပြီး ဖျက်လိုက်ရင်ရပါပြီ။ ကျနော်ဆီမှာတော့ အဲ့တစ်ခုပဲရှိတယ်။


No comments:

Post a Comment