Cloud

New Google Drive Software for Windows

Google ကနေ ကွန်ပျူတာတွေအတွက် Drive software အသစ်ထုတ်ပေးလိုက်ပါပြီ။ အရင်က Backup and Syncs for Windows ဆိုပြီးတော့ ထုတ်ပေးထားတာရှိပါတယ် ဒါပေမယ့် အဆင်တော့သိပ်ပြေလှတယ်မဟုတ်ပါဘူး။ အခုအသစ်ထုတ်ပေးလိုက်တာကတော့ အတော်လေးအဆင်ပြေတယ်ပြောရမှာပါ UI ပြောင်းသွားသလို ကိုယ့်ကွန်ပျူတာမှာပါ Drive တစ်ခုအနေနဲ့ မြင်ရလာတဲ့အတွက် အဆင်ပြေပါတယ် (Stream ကိုရွေးမှ Drive အနေနဲ့ပေါ်မှာပါ) အနီးစပ်ဆုံးပြောရရင် pCloud ကိုသွင်းလိုက်ရင် Drive တစ်ခုလိုမြင်ရသလိုဖြစ်သွားတာပါ။ သွင်းဖို့ကတော့ https://www.google.com/drive/download/ မှာသွားပြီး Download ဆွဲလိုက်ပါ ဒါမှမဟုတ် Backup and Syncs for Windows သွင်းထားရင်တော့ Update လုပ်ဖို့ Noti တက်လာမှာပါ။
Google Drive for Desktop သွင်းဖို့ တက်လာတဲ့ Noti Windows ပါ

ဘာတွေပြောင်းသွားလဲဆိုတာကိုသိချင်ရင် What Change? ကိုနှိပ်ပြီးကြည့်လို့ရပါတယ် 

Sing in ကိုနှိပ်လိုက်တာနဲ့ အရင်ဝင်ဖူးထားတဲ့ အကောင့်ကိုပြပေးပါတယ်

အကောင့်ဘေးက Sing in ကိုထပ်နှိပ်လိုက်ပါ

Sing in ဝင်ပြီးသွားရင် Setting up လုပ်ခိုင်းပါလိမ့်မယ်

Check Folders ကိုနှိပ်လိုက်ပါ

ကိုယ့်ရဲ့ Drive တစ်ခုလုံးကိုစစ်နေတဲ့အတွက် များရင်များသလောက်ကြာမှာပါ

စစ်ပြီးသွားရင် Review Setting ကိုနှိပ်လို့ရပါပြီ

Drive ကို ရွေးစရာ ၂ မျိုးပေးထားပါတယ် Stream နဲ့ Mirror ဆိုပြီး

တစ်မျိုးစီနဲ့ ရနိုင်တဲ့လုပ်ဆောင်ချက်တွေကိုရှင်းပြထားပါတယ် ကိုယ်နဲ့ ကိုက်မယ့်တစ်ခုကို ရွေးပေးလိုက်ပါ
  • Stream File က Cloud မှာပဲသိမ်းတယ်။ ဒါပေမယ့် ရွေးထားတဲ့ Folder နဲ့ File တွေကတော့ Offline မှာသုံးလို့ရမယ်။ ကွန်ပျူတာမှာ Drive တစ်ခုအနေနဲ့ပြပေးတယ်။ အားနည်းချက်ကတော့ အင်တာနက်လိုင်းလိုပါတယ်။ အားသာချက်ကတော့ ကွန်ပျူတာမှာ Local Storage နေရာယူမှူ့မရှိသလောက်နည်းသွားပါလိမ့်မယ်။
  • Mirror File က ၂ နေရာလုံးမှာ သိမ်းပေးတယ်။ ကွန်ပျူတာမှာ Folder or File တွေအနေနဲ့ပဲပေါ်နေမှာ (ကိုယ့်ရဲ့ Local Drive မှာနေရာယူနေမှာပါ)။ သူကတော့ File တွေအကုန် Offline ရပါတယ်။ အားနည်းချက်ကတော့ Local Storage ပေါ်မှာလဲ နေရာယူတဲ့အတွက် Storage နည်းတဲ့သူတွေအတွက်အဆင်ပြေမှာမဟုတ်ပါဘူး။ အားသာချက်ကတော့ အင်တာနက်လိုင်းအမြဲမိနေဖို့မလိုပါဘူး။
ဒါကတော့ အရင် အဟောင်းကိုဖျက်ပစ်မယ်ပြောနေတာပါ  Ok သာနှိပ်လိုက်ပါ

ဒါကတော့ Google Drive for Desktop သွင်းပြီးလို့ပေါ်လာတာပါ Open Drive For Desktop ကိုနှိပ်လိုက်ပါ

ဒီမှာကတော့ ကိုယ်အဆင်ပြေသလိုသာကြည့်ပြီးရွေးပါ

ဒါကတော့ နောက်ဆုံးပြီးသွားတဲ့အချိန်မှာ Drive တစ်ခုအနေနဲ့ ကွန်ပျူတာမှာပေါ်လာတာပါ





No comments:

Post a Comment