Google

Google Calendar မှာ Invitations Event ကိုတန်းမပြအောင်လုပ်နည်း

တစ်နေ့က သူငယ်ချင်းတစ်ယောက်ကို အကူအညီပေးလိုက်မိပြီး Google Account မှာ အတော်လေးတိုင်ပတ်နေတယ်။ ရုရှားတွေကနေပြီး မဲပေါက်တယ်ဆိုပြီး စလာတာကနေ သူငယ်ချင်းက စမ်းချင်လို့ဆိုပြီး စမ်းကြည့်တာမှာ နေတိုင်းသုံးနေကျ Email ကိုပေးမိသွားတယ်(သတိလေး တစ်ချက်လစ်သွားတာနဲ့ ခံရတာပဲ ပိုက်ဆံပါသွားတာမဟုတ်ပေမယ့် အတော်လေးအာရုံနောက်ရတယ်)။ အဲ့ဒီမှာပဲ လှိမ်နေအောင်ခံရတော့တာပဲ Google Drive မှာ Share Files လာပို့တာ၊ Google Photo မှာ Share Photo လာလုပ်တာ၊ Mail တွေဇွတ်ပို့တာတွေလုပ်ရော အကုန်လုံးပိုက်ဆံတောင်းတာတွေ။ အဲ့အထိက ဘာမှမဖြစ်သေးဘူး နောက်ဆုံးမှာ Google ပြက္ခဒိန် မှာပါ Event လုပ်ပြီး Invite လုပ်တယ် Default အနေနဲ့က Invite Event တွေကို Google ပြက္ခဒိန်က တန်းပြတာ အဲ့ဒီတော့ပြက္ခဒိန်ကြီးတစ်ခုလုံးသူတို့ Event တွေနဲ့ပွထကုန်ရော အတော်လေးစိတ်ညစ်စရာကောင်းသွားတယ် 😅😅။ (ပုံ-၁ တွင်ကြည့်)

ပုံ-၁

အဲ့ဒါနဲ့ Google ကို အပူကပ်ပြီးလျှောက်ရှာကြည့်တော့ Invite Event တွေကို ကိုယ်လက်ခံမှ ပြက္ခဒိန်မှာပြအောင်ပြင်လို့ရတယ်ဆိုတာကို သွားတွေ့ရတယ်။ ပြင်နည်းက ဘာမှမခက်ပါဘူး ကွန်ပျူတာ Browser တစ်ခုခုကနေ Google ပြက္ခဒိန်ကိုဖွင့်ပါ (Mobile App တွေကနေတော့ပြင်လို့မရသေးပါဘူး) ပြီးရင် ပြက္ခဒိန်ရဲ့ Setting ထဲကိုဝင်ပါ။ ပြက္ခဒိန် Setting ထဲမှာ Event Settings ဆိုတဲ့ Tab လေးရှိပါတယ် အဲ့ဒီအထဲကိုသွားပြီး Automatically add invitations ဆိုတဲ့အကွက်မှာ Yes ဖြစ်နေတာကို No, Only Show invitations to which I have responded ကိုရွေးပေးလိုက်ပါ (ပုံ-၂ နှင့် ၃ တွင်နမူနာကြည့်ပါ) အဲ့ဒါဆိုရင် ကိုယ်လက်မခံတဲ့ Event က ပြက္ခဒိန်မှာပေါ်လာမှာမဟုတ်တော့ပါဘူး။

ပုံ-၂

ပုံ-၃

ကျနော်လိုတိုင်ပတ်နေတဲ့သူတွေဖြစ်ဖြစ် သူများက Invite Event လာလာပို့နေလို့ အာရုံနောက်နေလို့ပဲဖြစ်ဖြစ် ဒီနည်းလေးအတိုင်းသာပိတ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။  


No comments:

Post a Comment

Notes

Online Photo Editor Photopea

ဒီနေ့မနက်က Post တင်တော့ New Year 2021 ဆိုတဲ့ပုံလေးထည့်ဖို့ စိတ်ကူးရတယ်။ အဲ့ဒါနဲ့ ပထမက Google ကနေပဲရှာလိုက်မယ်ပေါ့ နောက်တော့မှမဟုတ်သေးပါဘူး ကိုယ့်ဖာသာရေးလဲရတာပဲ သူများလုပ်ထားတာ မယူတော့ပါဘူးလို့တွေးမိပြန်ရော။ ကိုယ့်ဖာသာလုပ်မယ်ဆိုတော့လဲ Photoshop ကိုသွားမဖွင့်ချင်ဘူး ဂိမ်းဆော့လက်စကြီးနဲ့ Photoshop ဖွင့်မိရင် ဟမ်းနေတာနဲ့တင် ကြာနေမှာဆိုတော့ အဆင်မပြေပြန်ဘူး။ အဲ့ဒီမှာပဲ သွားသတိရတာက Photopea ဆိုတဲ့ကောင်လေးကို သွားသတိရတယ် ကြားဖူးနေတာတော့ကြာပြီ တစ်ခါမှမသုံးဖူးဘူး စမ်းသုံးကြည့်မယ်ဆိုပြီး သုံးကြည့်တာ မဆိုးဘူးပြောရမယ်။ အင်တာနက်ကနေ တဆင်သုံးနေရာတာဆိုပေမယ့် အတော်လေးကိုပေါ့တယ် (ကျနော်လုပ်တဲ့ ပုံကဘာမှမပါတာကြောင့်လည်း ဖြစ်မယ်ထင်တယ်)၊ Raw File တွေလဲဖွင့်ပေးနိုင်တယ်၊ UI က Photoshop လိုပဲ ဆိုတော့ သုံးရတာ အဆင်ပြေတယ်။ သာမာန် ပုံပြင်တာလောက်ကတော့ ဒီကောင်လေးက အဆင်ပြေပြေဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ပြီးရင် သူ့မှာ Template တွေလဲပါသေးတဲ့အတွက် End User အတွေအတွက်ဆိုရင် ပိုလို့တောင်အဆင်ပြေပါတယ်။ စိတ်ဝင်စားရင် https://www.photopea.com/ မှာသွားပြီး စမ်းသုံးကြည့်လို့ရပါတယ် အဆင်ပြေကြပါစေဗျာ။




No comments:

Post a Comment

Notes

နှစ်သစ်အတွေးစတစ်ချို့


နှစ်တစ်နှစ်တော့ကုန်သွားပြီ ရောဂါတွေတော့ နည်းနည်းအဆင်ပြေလာသလိုပဲ သိပ်တော့မသေချာ။ အရင်နှစ်ကတော့ လုပ်မယ်တွေးထားတာအများစု လုပ်တော့လုပ်ဖြစ်တယ် ဒါပေမယ့် ကောင်းကောင်းမွန်မွန်နဲ့ မအောင်မြင်လိုက်ဖူး 😅။ ဒီနှစ်တော့ လုပ်မယ်လို့တွေးထားတာတစ်ချို့ထပ်ရှိတယ် 😂 Java ကိုအတော်အတန်ရအောင် လေ့လာမယ်လို့တွေးထားတယ် (အခုလဲ နည်းနည်းပါးပါတော့ သိသလိုလို မသိသလိုလိုတော့ရှိနေပြီ) နောက်တစ်ခုက ဓာတ်ပုံ၊ ဓာတ်ဖမ်းမယ်လို့ကြံထားတာက အရင်နှစ်ကတည်းကပဲ ဒါပေမယ့် ရောဂါတွေဖြစ်ပြီး အပြင်ထွက်မရချိန်မှာ အတော်တိုင်ပတ်သွားတယ် အခုနှစ်တော့  စိတ်ကူးပေါက်ရာလေးတွေ ဓာတ်ဖမ်းဖို့ကြိုးစားရအုံမယ်။ လောလောဆယ်တော့ ဒီလောက်ပဲ နှစ်သစ်မှာ Post အသစ်တင်ချင်လို့ လာရေးတာ 😜။


No comments:

Post a Comment