Notes

Windows 10 Version 20H2 မှာ Classic System Information ကြည့်နည်း

 Windows 10 Version 20H2 မှာ Control Panel ကနေပြီးတော့ System Information ကြည့်လို့မရတော့ဘူး (ပုံ-၁)။ အရင်ကဆိုရင် Control Panel ထဲက System ပေါ်ကိုနှိပလိုက်တာနဲ့ System Information ပွင့်လာတယ် အခုတော့ အဲ့လိုပွင့်မလာပဲနဲ့ Windows Setting ထဲက About ပွင့်လာတယ် (ပုံ-၂)။

ပုံ-၁
ပုံ-၂
အရင်လို Classic System Information View မျိုးပြန်ကြည့်ချင်ရင် Control Panel ထဲက System and Security ထဲက System ပေါ်ကို Right Click နှိပ်ပြီး Open နဲ့ဖွင့်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်။ (ပုံ-၃၊ ပုံ-၄)

ပုံ-၃

ပုံ-၄





No comments:

Post a Comment

Google

Google Services တွေပြတ်တောက်မှု့ဖြစ်

Google Services တွေဟာ ဒီနေ့ညနေပိုင်း ( မြန်မာအချိန် ၆ နာရီ ၃၀ မိနစ်ခန့်) ကပြတ်တောက်မှု့ဖြစ်ခဲ့ပါတယ်။ တစ်ခုချင်းစီပြတ်တောက်တောမဟုတ်ပဲ Google နဲ့ဆိုင်တာတွေအကုန် သုံးမရဖြစ်ခဲ့တာပါ။ ည ၇ နာရီခန့်မှာတော့ အများစုပြန်ရခဲ့ပါတယ်။ 


No comments:

Post a Comment

Google

Google Account ပေါ်လစီတွေပြောင်း

Google ကတော့ ဒီနှစ်ထဲမှာ ပေါ်လစီအပြောင်းအလဲ အသစ်တွေ တစ်ခုပြီးတစ်ခု လုပ်နေတော့တာပါပဲ ကြည့်ရတာ Google One Storage ကသိပ်ရောင်းမကောင်းလို့လားပဲ။ ပထမဆုံး Google Photo ကို Unlimited မပေးတော့ဘူး အခုတစ်ခါကတော့ Account တွေကို Active မဖြစ်ရင် ဖျက်ဖို့အထိ လုပ်နေပါပြီ။

  •  ၂ နှစ်အထိ Active မဖြစ်တော့တဲ့ အကောင့်တွေမှာရှိတဲ့ Data တွေကိုဖျက်ပြစ်မယ် ဒါမှမဟုတ် အကောင့်ကိုပါ ဖျက်ပြစ်တဲ့အထိ လုပ်တော့မှာပါ။ ဒါပေမယ့် အဲ့လိုဖျက်တဲ့နေရာမှာ Google One ဝယ်ထားတဲ့ အကောင့်တွေတော့မပါပါဘူး သဘောကတော့ ဝယ်သုံးနေရင် Active ဖြစ်ဖြစ်မဖြစ်ဖြစ် မဖျက်ဖူးပဲ 😅😅။ 
  • ပြီးရင် Storage Limit ကျော်နေတဲ့ အကောင့်တွေ ရဲ့ Data တွေကိုလဲ ၂ နှစ်ကျော်သွားရင် ဖျက်ပြစ်နိုင်တယ်ဆိုပြီးပြောထားပါတယ်။ ကြည့်ရတာတော့ ရိုးရိုးသုံးနေတဲ့သူကတော့ 15Gb အထိပဲ အဲ့ထက်ပိုသုံးလိုလဲမရဘူး Google Photo နဲ့တွဲသုံးနေတဲ့သူတွေဆိုရင်တော့ 15Gb ထက်ကျော်ပြီးသုံးနေနိုင်တဲ့ အဲလိုလူတွေရဲ့ Data တွေကတော့ Jun 1, 2023 ကစပြီးအဖျက်ခံရနိုင်ပါတယ်။ 
အခုလိုပေါ်လစီအပြောင်းအလဲတွေကတော့ Google Photo နဲ့အတူတူပါပဲ Jun 1, 2021 မှာစပြီး အသက်ဝင်လာမှာဖြစ်ပါတယ်။ အချိန် ၂ နှစ်ပေးထားပြီး Jun1, 2023 နောက်ပိုင်းရောက်သွားရင်တော့ Active မဖြစ်တော့တဲ့ အကောင့်တွေဖျက်တာ ဒေတာတွေဖျက်တာတွေရှိလာနိုင်ပါတယ်။ 


No comments:

Post a Comment

Notes

နှစ်ကုန်ခါနီး အတွေးစတစ်ချို့

Blog အတွက် Domain ဝယ်လိုက်တဲ့နေကစပြီး စာများများရေးမယ်လို့တွေးထားတာ တကယ်က မရေးဖြစ်ဖူးပဲ Domain ဝယ်ထားတာ ၁ နှစ်ပြည့်တော့မယ် အခုအချိန်အထိ Post ၂၂ ခုပဲရေးပြီးတယ်။ ၂၀၂၀ အစမှာ ၂၀၂၀ မှာလုပ်ချင်တဲ့ဟာတွေဆိုပြီး စာရင်းလုပ်ထားခဲ့ဖူးတာလဲ အတူတူပဲ 😅😅 ၂၀၂၁ ကိုရောက်တော့မယ် ဘာမှသေသေချာချာ မလုပ်ရသေးဘူး။ ကိုဗစ်ကြောင့်လဲပါမှပေါ့လေ (အကြောင်းပြတာ)။ နောက်ကိုပိုပြီးရေးဖြစ်အောင်တော့ လုပ်မှဖြစ်တော့မယ် ပထမ ၁ နှစ်သာ ၁ နှစ်ကို ၅၀၀၀ ပဲကျတာ အခုနောက်နှစ်ကနေစပြီး ၁ နှစ်ကို ၂၅၀၀၀ ဖြစ်သွားပြီ ဝယ်ထားတာတန်အောင် များများရေးမှဖြစ်မယ်။ ရေးမယ်ဆိုပြီးပျင်းသွားလိုက် ဟိုရောက်ဒီရောက်ဖြစ်သွားလိုက်တွေ လျှော့မှဖြစ်မယ်ထင်တာပဲ။ Blog က တိုးတက်လာတာတစ်ချို့တော့ ရှိတယ် SEO ကောင်းလာတယ်ပြောရမယ် Impression တွေတော့ တစ်ဖြည်းဖြည်းတက်လာတယ်။ အခုချိန်အထိ ကျနော် Blog မှာ လူဝင်ကြည့်တာအများဆုံးက Unicode နဲ့ပက်သက်တဲ့ Post တွေပဲဖြစ်နေသေးတာလဲ အတော်စိတ်ဝင်စားစရာကောင်းတယ် (တစ်ခြားဟာက စိတ်ဝင်စားစရာမကောင်းတာလဲပါမယ်ထင်တယ်)။ အခုလဲ Java တော့ စပြီး လေ့လာဖြစ်နေတယ် အရမ်းကြီးတော့ မရသေးပေမယ့် ကိုယ့်ကိုကိုယ်တော့မဆိုးဘူးထင်တာပဲ။ လူလည်း ဟိုတစ်စဒီတစ်စလျှောက်လုပ်နေတဲ့ အကျင့်တော့ပြင်ရမယ်ထင်တယ် 😅😅 ဟိုဟာစိတ်ဝင်စားလိုက် ဒီဟာစိတ်ဝင်စားလိုက်နဲ့ ဘာမှရှေ့မရောက်တော့သလိုပဲ။


No comments:

Post a Comment

Apple

Apple ရဲ့ iPhone User Guide မြန်မာဘာသာအထောက်အပံ့ပေးလာ

 Apple ရဲ့ iPhone, iOS User Guide မှာ မြန်မာဘာသာကိုပါထောက်ပံ့ပေးနေပါပြီ ထောက်ပံတာ ကြာတော့ကြာသေးပုံမပေါ်ပါဘူး (ကျနော်မသိတာလဲဖြစ်နိုင်ပါတယ်)။ ထူးဆန်းတယ်ပြောရမလား မထူးဆန်းဘူးပဲပြောရမလားပဲ User Guide တွေအားလုံးထဲကမှ iPhone အတွက်ပဲ မြန်မာလိုထောက်ပံ့တာပါ ကျန်တဲ့ Mac, iPad, Watchတွေအတွက် မြန်မာလိုမရှိသေးပါဘူး နောက်တော့ရလာမယ်ထင်ပါတယ်။ 


User Guide တစ်ခုကိုမြန်မာလိုရလာတာအတော်လေး အဆင်ပြေသွားတာပါ။ ပုံမှန်ဆို မဖတ်ဖြစ်တာကနေ မြန်မာလိုရေးထားတော့ အများစုအနေနဲ့ ဖတ်ဖြစ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ https://support.apple.com/my-mm/guide/iphone/welcome/ios မှာသွားပြီးဖတ်ရှုနိုင်ပါတယ်။ 
ကျန်တဲ့ Product တွေအတွက်လဲ မကြာခင်ရတော့မယ်ထင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ https://support.apple.com/choose-country-region/manuals အောက်မှာ မြန်မာ စပြီးပါလာနေပါပြီ။

No comments:

Post a Comment