Skip to main content

wordpress အတွက် လတ်တလောမှာ အဆင်ပြေတဲ့ free web hosting တစ်ခု

wordpress မှာက wordpress.com နဲ့ wordpress.org ဆိုပြီး ၂ မျိုးရှိတာသိကြမယ်လို့ထင်ပါတယ် မသိတဲ့သူတွေကို အလွယ်ရှင်းပြရရင် wordpress.com က wordpress ကိုယ်တိုင် hosting လုပ်ပေးပြီး အခပေးရော အခမဲ့ရောရှိပါတယ် wordpress.org ကတော့ အခမဲ့ပါပဲ ဒါပေမယ် သူ့ကိုသုံးဖို့အတွက် ကိုယ်ပိုင် web hosting တစ်ခုခုရှိရပါမယ် အဲ့ဒီပေါ်ကို wordpress တင်ပြီး web page or blog လုပ်ရမှာပါ wordpress အတွက်ကတော့ အခမဲ့ပါပဲ ကိုယ်ပိုင် web hosting ပေါ်မှတင်လိုက်ပြီဆိုတာနဲ့ wordpress ကကိုယ့်စိတ်ကြိုက်အကုန်နီးပါလုပ်ပေးနိုင်ပါတယ် wordpress.com မှာအခမဲ့ဆိုရင် plug-in တွေသုံးလို့မရပေမယ့် ကိုယ့် hosting ပေါ်မှာတင်ပြီးတဲ့ wordpress ကတော့ plug-in တွေစိတ်ကြိုက်သုံးလို့ရသွားပါပြီ ဒီနေရာမှာအဓိကပြောပြချင်တာကတော့ free hosting တစ်ခုအကြောင်းပါ free hosting တွေကပေါးပါတယ် ဒါပေမယ် infinityfree ဆိုတဲ့ site ကပေးထားတဲ့ free hosting လေးက အတော်လေးအဆင်ပြေတယ်ပြောလို့ရတယ် (ကျနော်အမြင်ကတော့ အခမဲ့ web hosting မှာစမ်းသုံးစမ်းတင်ပြီးမှ ဝယ်သုံးချင်ရင်ဝယ်သုံးတာက ပိုအဆင်ပြေတယ်ထင်ပါတယ် မဟုတ်ရင် ဝယ်ပြီးမှ ဘာမှသိပ်မလုပ်တတ်တာမျိုးဆိုရင် အလကားပိုက်ဆံကုန်သွားတာမို့လို့ပါ)


infinityfree မှာသူတို့ပေးထားတဲ့ပုံကရှင်းပါတယ် account တစ်ခုမှာ သူ့ရဲ့ sub-domain နဲ့ အကောင့်အခွဲ ၃ ခုလုပ်လို့ရပါတယ် ကိုယ်မှာသာ domain ရှိရင် အဲ့ domain name နဲ့ sub-domain တွေထပ်ခွဲလို့ရပါသေးတယ် (domain မှာရော sub domain မှာရော wrodpress တင်လို့ရပါတယ်) freenom free domain တွေနဲ့လဲချိတ်လို့ရပါတယ် ( .tk တော့မရ ) uptime တော်တော်မြန်ပါတယ် unlimited disk space နဲ့ unlimited bandwidth ရပါတယ် သူ့ site က ads တွေကိုလဲဇွတ်ထည့်မထားပါဘူး

သုံးရတာလဲ အတော်လေးလွယ်ပါတယ် စမ်းသုံးကြည့်ချင်ရင် https://infinityfree.net/ မှာ account ဖွင့်ပြီးသုံးကြည့်လို့ရပါတယ်ဗျ

Comments

Popular posts from this blog

Vivo ဖုန်းအတွက် ယူနီကုဒ်

Vivo Funtouch OS 2.0 အထက်ရှိသောဖုန်းများ (Y15, Y22, Y28, Y15S, Y21, Y31, Y51, Y52, V1, V1Max) Unicode အသုံးပြုလိုပါက အောက်မှာပေးထားတဲ့ "Pyidaungsu.txj" သုံးပြီး File manager ထဲထည့် install လုပ်ပြီး ပြောင်းပေးရမှာပါ။ Download ရလာတဲ့ Pyidaungsu.txj ဖွင့်ပြီး Apply နှိပ်ပေးယုံပါပဲ မြန်မာယူနီကုဒ် ပြောင်းသွားပါလိမ့်မယ် ဒါမှမဟုတ် Download ရလာတဲ့ Pyidaungsu.txj ကို ကူးယူပြီး Download Folder ထဲကနေ  Theme Folder > Fonts Folder ထဲထည့်ပါ။ ပြီးရင် S etting > Wallpapers and fonts > Font > Pyidaungsu ကို Applying လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ (ကျနော်မသုံးဖူးတဲ့အတွက်သေချာရှင်းမပြနိုင်ပါဘူး vivo သုံးနေကျသူတွေတော့ သိမယ်လို့မျှော်လင့်ပါတယ်) Pyidaungsu txj Download Here

ဖုန်းအသစ်လဲခြင်း

ခေတ်မကောင်းဖြစ်နေချိန်မှာ ကိုင်နေတဲ့ဖုန်းလေးကလဲ အခြေအနေမကောင်းတော့ဘူးဖြစ်နေတာ မလဲလို့မဖြစ်တော့လဲလိုက်ရတယ် 😅။ အသစ်လဲလိုက်တဲ့အချိန်မှာ ကိုယ်အရင်ကိုင်ခဲ့တာက iphone 6 အခုက 15 ဆိုတော့ အတော်လေးကို အသားမကျဖြစ်သွားသေးတယ်။ ကောင်းတာကတော့ အရင်ကထက်ဖုန်းအားပိုခံလာတယ် (Android တွေနဲ့တော့ ယှဉ်လို့မရသေးပါဘူး) UI ကအရမ်းကြီးမကွာပေမယ့် တစ်ချို့နေရာတွေကွာသွားတယ် အဓိကကတော့ Face ID နဲ့ Touch ID ကွာသွားတာကြောင့်လဲပါမယ်ထင်တယ်။ OS version ကွာတာလဲ အတော်လေးသိသာသွားတယ် တစ်ချို့ Feature တွေကို မသိတော့ဘူး ပြန်လိုက်ရှာနေရတယ် 😅။ အရင်က True Tone ကဘာမှမဟုတ်လောက်ပါဘူးထင်နေတာ သုံးကြည့်မိတော့မှ ကွာတော့ ကွာတယ်ဆိုတာသိလိုက်ရတယ် ညဖက်မှာဖုန်းသုံးရင် အတော်လေးအဆင်ပြေတယ်။ Screen ကြီးလာလို့ စာဖတ်ရတာ ပိုအဆင်ပြေသွားတယ် Plus ဆိုရင်ပိုကောင်းလောက်မှာဆိုပေမယ့် အဲ့လောက်ကြီးတာကြတော့လဲမကိုင်ချင်ပြန်ဘူး။  ဘာရယ်တော့ မဟုတ်ပါဘူး ဘာမှမတင်တာလဲကြာပြီဖြစ်လို့ တင်စရာလဲ မရှိဘူးလိုဖြစ်နေလို့ ရောက်တတ်ရာရာလေးတင်လိုက်တာ။

ဖုန်းတွေမှာပါတဲ့ OCR တွေ ဘယ်လောက်ကောင်းတာလဲ

OCR ဆိုတာက ပုံတွေမှာပါတဲ့ စာသားတွေ၊ PDF တွေမှာပါတဲ့စာသားတွေ၊ နောက်လက်ရေးတွေကို Readable Text တွေအနေနဲ့ ပြောင်းပေးတဲ့ဟာကိုပြောတာပါ။ ("Optical Character Recognition (OCR) is the process that converts an image of text into a machine-readable text format. For example, if you scan a form or a receipt, your computer saves the scan as an image file. You cannot use a text editor to edit, search, or count the words in the image file.") ဒီနေရာမှာ တစ်ခြားဘာသာစကားတွေအတွက် OCR တွေကရနေတာ ကြာပါပြီ အင်္ဂလိပ်စာအတွက် OCR ဆိုရင်ကွန်ပျူတာတွေပေါ်မှာသုံးလို့ရနေတာ အတော်လေးကိုကြာနေပါပြီ။ အသိသာဆုံးကတော့ PDF reader တွေမှာပါတဲ့ PDF to Docx က OCR သုံးပြီး ပြင်လို့မရတော့တဲ့ PDF file ကို Word file ပြောင်းပေးပြီး ပြင်လို့ရတဲ့ file ဖြစ်အောင်ပြောင်းပါတာပါပဲ။ ဖုန်းတွေပေါ်မှာရတာတော့ အရမ်းကြီးမကြာသေးပါဘူး အခုချိန်မှာတော့ Android ပေါ်မှာဖြစ်ဖြစ် iOS တွေပေါ်မှာဖြစ်ဖြစ် OCR ကိုသုံးလို့ရနေပါပြီ။ Apps တွေကတော့ အများကြီးရှိပေမယ့် အဆင်အပြေဆုံးကတော့ Google Lens & Google Photo ပါပဲ တစ်ချို့ဖုန်းတွေမှာ ၂ မျိုးလုံးရပေ...