ကျနော်တို့ရေးနေသုံးနေကြတဲ့ blog တွေမှာ sub-domain link ပဲရပါတယ် ဥပမာ - blogspot ဆိုရင် https://blogname.blogspot.com နဲ့ပဲရတယ် .com နဲ့ရချင်ရင် .com domain ဝယ်ရတယ် ဈေးကလဲသိပ်တော့မနည်းလှဘူး  ပထမနှစ်မှာ 12$/year လောက်ရှိတယ် နောက်နှစ်တွေဆိုရင် 17$/year လောက်သွားကျတယ် blog ကနေပိုက်ဆံရှာလို့ရနေတယ်ဆိုရင် (ပိုက်ဆံလဲပေါးတယ်ဆိုရင်တော့) .com တို့ဘာတို့ကိုဝယ်သုံးတာပိုကောင်းတယ် မဝယ်နိုင်ရင်တော့ free domain သုံးကြပေါ့ https://blogname.blogspot.com ထက်နာမည်တိုတော့မှတ်လို့ပိုကောင်းတယ် (ဥပမာ - ကျနော် blog ဆိုရင် https://mknotes.tk ပဲဆိုတော့တိုပါတယ်မှတ်ရတာလဲလွယ်ပါတယ် အရင်နာမည်ဟောင်း https://ztnotes.blogspot.com ဆိုရင် မှတ်ရတာမလွယ်ပါဘူး နာမည်ရှည်လွန်းပါတယ်) free domain တွေ ပေးနေတဲ့ site တွေကတော့အများကြီးပဲ အဲ့ထဲကမှ freenom ကပေးတဲ့ free domain လေးတွေကသုံးလို့ကောင်းတယ် မဆိုဘူး (ကျနော်အမြင်ပေါ့လေ) သူ့မှာက TK / .ML / .GA / .CF / .GQ ဒါတွေနဲ့ဆုံးတဲ့ domain တွေကို ရောင်းတာလဲရှိတယ် အခမဲ့ပေးတာလဲရှိတယ် အခမဲ့ပေးတာကိုကအတော်အဆင်ပြေပါတယ် အခမဲ့မှာ အများဆုံး ၁ နှစ်ပဲမှတ်ပုံတင်လို့ရတယ် renew လုပ်တာကတော့ unlimited ပါ အများဆုံးတစ်နှစ်ချင်းစီပဲတိုးသွားလို့ရမှာပါ ဘာပဲဖြစ်ဖြစ်တန်ပါတယ် တစ်နှစ်တစ်ခါလောက်ပဲအလုပ်ရှုပ်တဲ့ဟာကို 😅
free domain ယူနည်းကတော့လွယ်ပါတယ်
freenom.com မှာ account ဖွင့်ပြီး ကိုယ်လိုချင်တဲ့ domain name စစ်ကြည့်ပါ ယူလို့ရမရပြပါလိမ့်မယ်

freenom web page view

ရတယ်ဆိုရင် Get it Now ကိုနှိပ်ပြီး ယူလိုက်ပြီး check out လုပ်လိုက်ပါ
freenom web page view for free domain

ပြီးရင် ဘယ်လောက်သက်တမ်းယူမလဲဆိုတဲ့ နေရာကိုရောက်ပါလိမ့်မယ် ၃ လက Default ဖြစ်နေပြီး အများဆုံး ၁၂ လပဲယူလို့ရပါတယ် ၁၂ လကိုရွေးပေးလိုက်ပါ
freenom web page view

 Continue ကိုနှိပ်ပြီးဆက်သွားပါ user info ဖြည့်တဲ့နေရာကိုရောက်ပါတယ် ကိုယ့်အချက်အလက်တွေဖြည့်ပြီး Complete Order ကိုနှိပ်လိုက်တာနဲ့ အဲ့ဒီ domain name ကိုကိုယ်ပိုင်သွားပါပြီ service အောက်က My Domain ဆိုတဲ့နေရာမှာရောက်နေပါပြီ
freenom web page view

 blog နဲ့ချိတ်ဖိုပဲကျန်တော့တယ် blog setting ထဲကိုသွားပြီး + Set up a third-party URL for your blog ကိုနှိပ်ပါ
blogspot control panel

ပေါ်လာတဲ့အကွက်ထဲမှာ ကိုယ်ယူထားတဲ့ domain name ကိုထည့်ပါ ဒီနေရာမှာ www. ကိုရှေ့ကနေထည့်ပေးရပါမယ် နမူနာကိုကြည့်ပါ
blogspot control panel

ထည့်ပြီးရင် save ကိုမနှိပ်ခင်မှာ ကိုယ်ယူထားတဲ့ domain နဲ့ DNS ချိတ်ပေးရပါမယ် my domain အောက်က ကိုယ်ယူထားတဲ့ domain မှာ manage domain ပါပါတယ် manage domain ကိုနှိပ်လိုက်ပါ
freenom web page views

အဲ့ထဲးကမှ Manage Freenom DNS ကိုထပ်ဝင်ပါ
freenom web page views

Manage Freenom DNS ထဲမှာ DNS ထည့်ဖို့နေရာတွေတွေ့ပါလိမ့်မယ်
freenom web page views

အဲ့ထဲးကိုမှ blogger ကနေရခဲ့တဲ့ DNS  ကိုကူးထည့်ရမှာပါ အဲ့ဒါအပြင် google ရဲ့ ips DNS တွေပါထည့်မှအဆင်ပြေမှာပါ
A-records which point to Google IPs.
  • 216.239.32.21
  • 216.239.34.21
  • 216.239.36.21
  • 216.239.38.21
blogspot control panel

ဖြည့်ထားတဲ့နမူနာကိုကြည့်ပါ Type နဲ့ TTL မှာပေးထားတာတွေကိုနမူနာအတိုင်းဖြစ်ဖို့လိုပါတယ်

အကုန်ဖြည့်ပြီးရင် Save လိုက်ပါ ပြီးရင် blog address မှာ မ save ရသေးတဲ့ဟာကိုလဲ save လိုက်ရင်ရပါပြီ ကိုယ့် blog ဟာ domain address အသစ်နဲ့အလုပ်လုပ်နေပါပြီ https:// အလုပ်မလုပ်ရင် ဒါမှမဟုတ်ပိတ်နေရင် ဖွင့်ဖို့ဖွင့်နည်းကို ဒီမှာ သွားဖတ်ပါ