Blog က post တွေကို ဇော်ဂျီကနေ ယူနီကုဒ်ပြောင်းနည်း
Blogspot က post တွေကို ဇော်ဂျီကနေယူနီကုဒ်ပြောင်းတာက မသိရင်သာခက်တာ တကယ်တော့ဘာမှသိပ်မခက်ပါဘူး Post တွေဘယ်လောက်ရှိရှိ အကုန်လုံးကိုတစ်ခါတည်းပြောင်းလို့ရပါတယ် ကြာလဲမကြာပါဘူး အလွန်ဆုံး ၁၀ မိနစ်ပါပဲ 😉😉 အရင်ဆုံး Blog Content တွေကို Backup လုပ်ပါ **Backup လုပ်ပြီးရင် Bolg က Post တွေအကုန်ဖျက်လိုက်ပါ မဖျက်ရင် Import ပြန်လုပ်တဲ့အခါ Post တွေ ၂ မျိုးဖြစ်နေပါလိမ့်မယ်** (blogspot.com ဆိုရင် Setting အောက်က Other ထဲမှာ Backup လုပ်ရမှာပါ Backup file က .xml file အနေနဲ့ရမှာပါ wordpress.com ဆိုရင်တော့ Tools အောက်က Export ပါ Backup file က .zip အနေနဲ့ရမှာပါ zip ထဲမှာ .xml file ပါပါတယ်) .xml file ရလာပါလိမ့်မယ် ရလာတဲ့ xml file ကို Notepad or Notepad++ နဲ့ဖွင့်ပြီး အထဲကစာတွေအကုန်ကူးယူပါ။ ကူးယူထားတဲ့စာတွေကို Converter တခုခုနဲ့ ဇော်ဂျီကနေယူနီကုဒ်ကိုပြောင်းပါ ကျနော်ကတော့ MCF ကကွန်ဗာတာကိုသုံးဖြစ်တယ် [Here] ယူနီကုဒ်ကိုပြောင်းပြီးတဲ့စာတွေကို xml file ထဲးထည့်ပြီး save လုပ်ပါပြီးရင်တော့ xml file ကို Import ပြန်လုပ်လိုက်တာနဲ့ Post တွေအကုန် ယူနီကုဒ်ဖြစ်သွားပါပြီ (wordpress.com အတွက်ကတော့ xml file ကို zip ထဲပြန်ထည့်ပြီးမှ Import လုပ်ရမှာပါ)
☕ Admin ကို မုန့်ဖိုးပေးရန်
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Admin ကို ကော်ဖီ တိုက်နိုင်ပါတယ်ခင်ဗျာ။
QR ဖတ်ရန်နှင် ဖုန်းနံပတ်ကူးယူရန်

No comments: